ကျမရဲ့ဆိုက်ကလေး မလုပ်တတ်လုပ်တတ်အချိန်လေးမှာ ကျမကြည့်လေ့ရှိတဲ့ နည်းပညာ ဆိုက်တွေထဲမှာ အကြည့်အများဆုံးဆိုက်တခုဖြစ်တဲ့ အာကာဖြိုးနည်းပညာဆိုက်လေးထဲ ၀င်လေ့လာရင်းနဲ့ ကျမရဲ့ဆိုက် အပြင်အဆင်လေးကို ကိုအာကာဖြိုးမှာ ကူညီပြုပြင်ပေးပါတယ်။ ဒီခလေးကိုကျေးဇူးအများကြီးတင်ပါတယ်။ ငယ်သာငယ်ပေမဲ့ နည်းပညာမငယ်ဘူးပေါ့နော်။
ကျမတို့တုံးက Hard disk မရှိတဲ့ Portable computer , screen 6 inches, Floppy disk တချပ်ကို ဆော့ဝဲထည့် တဖက်ကdata disk floppy ထည့်နဲ့ Zenith computer လေးတစ်လုံးနဲ့ မြို့လည်းမဟုတ်တော့ အစစ အရာရာ ကိုယ့်ဟာကိုယ်လေ့လာရပါတယ်။ ကိုယ်ဆရာကိုယ်တပည့်ဘဲပေါ့ရှင်။
အခုခေတ်ခလေးတွေကို ကျမတို့က လိုက်လို့ကိုမမှီတော့ဘူး အထူးသဖြင့် Net game ဆိုပြီးဆော့လိုက်ကြတာ။ ကျမတို့ဖြင့် မြင်တာနဲ့ ဘာစလုပ်ရမှန်းကိုမသိတော့ပါဘူး။
တော်ကြတယ်လို့ ချီးကျူးသလို နည်းပညာတွေဟာလည်း မြင့်သထက်မြင့်လာပါတယ်။ ကျမကို ကူညီတဲ့ သားလေး အာကာဖြိုးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
နောက်တဦးကတော့ ဆရာတော်ကြီးရဲ့တရားများကို တောကြီးထဲ ဒုက္ခခံပြီး အေ၇ာက်သွားရိုက်ကူးတဲ့ အောင်နီဦး ဗွီဒီယို ဦးသန်းရှိန်+ဒေါ်ခင်မာနှင်း၊ တန့်ဆည်တို့ကို အထူးကျေးဇူးတင်ပါတယ်ရှင်။
သူတို့သာ ဒုက္ခခံ မရိုက်ကူးထားရင် အခုလိုဆရာတော်ကြီးတရားမဟောတော့တဲ့ အချိန်မှာမှတ်တမ်းကျန်ရစ်မှာမဟုတ်ပါဘူးနော်။ ဆရာတော်ကြီးနှင့်တကွ သူတော်ကောင်းအစားစားတို့ဟာ မိမိရဲ့ဝေနေယျများ သာဝကများအပေါ် မဟာဂရုဏာထားရှိပါတယ်။ ဒါကိုကျမတို့ဘက်ကလည်း ခံယူတတ်ဖို့လိုအပ်တာပါဘဲရှင်။
ကိုအာကာဖြိုးနှင့် ကျမဘလော့ရဲ့ခေါင်းစဉ်မှ ရှုခင်းနောက်ခံ ပုံများအား သုံးခွင့်ပြုသော
Bhikshu Vimalo (နီပေါ၊ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ) နှင့် ကူညီကျသူများအားလုံးအား သာဓု-သာဓု-သာဓုခေါ်လိုက်ရပါတယ်ဆိုတာလေး ပြောကြားပါရစေ။
ှ
Wednesday, June 20, 2012
အာကာဖြိုးနည်းပညာသို့ကျေးဇူးတင်လွှာ
12:10 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး