ဓမ္မဒါနလုပ်ငန်းလေး အားခေတ္တရပ်ဆိုင်းထားခြင်း
စိတ်မကောင်းကြီးစွာဖြင့် ကျမရဲ့ DVD အခွေကူးစက်ကလေးဟာ ပျက်ဆီးသွားပါတယ်။ သူကလည်း သူလုပ်နိုင်တဲ့ ၀န်ထက်များစွာတာဝန်ထမ်းဆောင်ရတာကိုးရှင်။ တနေ့တနေ့ သူကို အသုံးချပြီးထွက်လာတဲ့ အခွေကလည်း ၅ ချပ်-၇ ချပ်ကြားမှာရှိပါတယ်။ အမြန်နှုန်းက (၈)သာရှိတဲ့အတွက် အခွေတခွေကူးပြီဆိုရင် စောင့်ရတဲ့အချိန်တွေကလည်း နာရီနဲ့ချီကြာတယ်လေ။ သံဃာတော်တွေအတွက် အဓိကရည်ရွယ်ပြီးလုပ်တဲ့လုပ်ငန်းလေးတစ်ခုပါ။ ကျမကိုယ်တိုင် ပြည်နယ် ချောင်ကလောင် ဆိုပါတော့ နေလာရတော့ ကျမက ကိုယ်ချင်းစာမိတာပါဘဲ။ အခုအချိန်မှာအင်တာနက်ကို လူတိုင်း ကျောင်းတိုင်း သုံးနိုင်ပေမဲ့ ပြသနာကတော့ ဒေါင်းလုပ်ချတဲ့ အခါ ကျိုးတဲ့ပြသနာပါဘဲ။ ဖိုင်ဆိုက်ကြီးလေ မနိုင်လေ။ ဆိုင်တွေကလည်း ဆာဖာကနေပိတ်ထားလေ။ ဒေါ့င်းလုပ်ဆော့ဝဲတွေ အသုံးမခံတော့ပိုဆိုးတာပေါ့ ဒါတောင် ကျမက နေပြည်တော်ဧရိယာထဲမှာ နေရလို့ တပန်းသာတာနော်။ ညောင်ဦးသွားလိုက်ပါရဲ့ ကျမမြတ်နိုးတဲ့ gtalk account လေးပြသနာခဏခဏတက်လို့ စိတ်ညစ်ရ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။
အခု လက်ထဲမှာရှိတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့တရားခွေတွေ ကျမ အင်တာနက်ပေါ်တင်ခြင်တယ်။ ကျမအကူအညီလိုနေတယ်လေ။ ဒီဆိုက်ကလေးဟာလည်း တကယ်တော့ ကျမဆရာတော်ကြီးကို ကြည်ညိုလွန်းလို့ ဆရာတော်ကြီးရဲ့အကြောင်းများကို သိရသမျှလေးတွေ ဝေမျှခြင်လို့ တင်လိုက်တာပါ။ ဘလော့ကို မလုပ်တတ်တော့ မညီမညာစာသားတွေကို သီးခံပြီးဖတ်ပေးကြတာ ကို ကျေးဇူးအထူးတင်ပါတယ်လို့
မေတ္တာဖြင့်
Wednesday, June 13, 2012
ဓမ္မဒါနလုပ်ငန်းလေး အားခေတ္တရပ်ဆိုင်းထားခြင်း
1:05 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...








0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး