ယခုစာများသည် နားခိုရာပါရမီရိပ်သာစာအုပ်မှ စာစုများဖြစ်ပါသည်။ ကမ္မဌာန်းထိုင်သူအချို့ကို သိုက်မှ လိုက်နှောင့်ယှက်ခြင်းများကို တရားရိပ်သာတွင် ကြုံကြိုက်သည့်အတွက်လည်းကောင်း၊ မိမိကိုယ်တွေ့ ကြုံရခြင်းကြောင့်လည်းကောင်း၊ ကမ္မဌာန်းနှင့် သိုက်ဆက်များ ဘာကြောင့်သဟဇာတမဖြစ်ကြရခြင်းကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ စာအုပ်မှ ဗဟုသုတအဖြစ် ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
သိုက်ဆက်နှင့်
ကမ္မဌာန်း မျက်မှန်းမတန်းမိကြ
ကမ္မဌာန်းအလုပ်၌
သိုက်ဆက်အလွန်နီးစပ်သူတိုက ၀င်ခွင့်ပင် အလျဉ်းမရတတ်။ အဘယ်ကြောင့်ဆိုသော အကယ်တိ ရုပ်၊
နာမ်ဖြစ်ပျက်ကို မြင်သိသွားသော ပါရမီဥာဏ်မျိုး ရင့်သန်သွားက သေခါနီး အာရုံညွှန်၍ ၄င်းတို့
လိုရာသို့ ခေါ်ငင်၍မရေသောကြောင့်လည်းကောင်း၊ မသေမီကာလမျိုးများ၌လည်း ကာယဂတာသတိ အာရုံ၌ မိနေစဉ် ၄င်းတို့ကပ်ချဉ်းခွင့်မသာလေသောကြောင့်လည်းကောင်း၊
ကမ္မဌာန်းအလုပ်ဝင်မည်ကြံလျင် အဖျက်ပေးကာ ၀င်ခွင့်မရတတ်။ သို့ကြောင့် သိုက်ဆက်ဝေးသူသာလုပ်ခွင့်ရ၏။
အဆက်ဝေးသူသည် အလုပ်ခွင်၌ ထိုရန်မျိုးမရှိချေ။ နောက်တချက်မှာ စရိုက်သွေးထခြင်းများပင်။
ကမ္မဌာန်းအလုပ်၌ ဟုတ္တိပတ္တိအားသွန်ခွန်စိုက်လာသဖြင့်
သမာဓိဥာဏ်ရင့်သန်ချိန်တစ်ချက်၊ လက္ခဏာဥာဏ် ပွင့်အံချိန်တစ်ချက်၊ ထိုနှစ်ကွက်တို့၌ မိမိတို့စရိုက်လိုက်၍လည်း
အာရုံလိမ် အာရုံဆန်းများပေါ်တတ်၏။ ထိုသို့ပေါ်လျှင်-
(က) တကယ်ကားမဟုတ်
သဘောမျှသာဟူ၍ ဥာဏ်သက်ဝင်လျက်က သော်လည်းကောင်း
(ခ) ကိုယ်တွေ့မဟုတ်၊
စိတ်တွေ့မျှသာဟူ၍ ဥာဏ်ဆင်ခြင်သုံးသပ်ချက်ကလည်းကောင်း၊
(ဂ) အတွေ့မဖက်
အငွေ့အသက်မျှဟူ၍ ဥာဏ်ဝင်စားလျက်က သော်လည်းကောင်း။
ထိုအာရုံလိမ်၌ ၀င်ဆန့်နေသောစိတ်ဖြင့် ဖြတ်တောက်လွှတ်ချစေသောအားဖြင့်
ဆင်ခြင်ဥာဏ်ဝင်ပြီး ဥပေက္ခာပြုရ၏။ အကောင်းထင်ကိုလည်းမမှု၊ အဆိုးမြင်ကိုလည်း မမှု၊ ဖြစ်ပျက်ကိုသာ
ရှခြင်းအားဖြင့် ပါရမီ ဥပေက္ခာအဆင့် ဖြည့်ကျင့်ပြီးစီးပြီးပင် ဖြစ်ချေတော့၏။
ထိုသို့ အာရုံလိမ်ကို ကျော်လွန်ပြီးက စိတ်အထိုင်ကျခြင်း
စိတ်စိုက်ထားခြင်း၊ ရှုကွက်တွင်း၏ အရှိကွဲသိ သိခြင်းများဖြင့် အဓိဌာန်၊ ၀ီရိယ၊ ပညာ
အတွဲများလည်းပါရှိပြီးပင်ဖြစ်ချေရကား မည်သည့်ပါရမီတော့ဖြင့်လိုသေး၊ သင် မတွေးသင့်တော့ပြီ။
ထိုသို့ ပညာပါရမီရှာမှီးရာမှ ပါရမီဆယ်ချက် တွဲလျှက်ပါပြီးဖြစ်သွားလျှင် ဒါနပြုရင်းဆဲဆဲ
စသည်များမှလည်း ပါရမီဥာဏ်ဝင်ဆန့်ခွင့် လမ်းပွင့်သွားချေပြီ။ သင့်ဘက်က အာရုံအထားမှန်ဖို့သာလိုတော့သည်။
စရိုက်ကိုလည်း
အကဲခတ်ကြည့်ဖြည့်ပါ
ဓမ္မေသက-
ပုဂ္ဂိုလ်ကဲ့သို့ပင်
စရိုက်သည်လည်း အရေးပါသေး၏။ ပါရမီသည် ၀ါသနာနှင့် ယှဉ်တွဲ၍ တက်လာတတ်ရာ စရိုက်သည် ၀ါသနာဖြစ်ထွန်းရာ
ပင်မပင်ဖြစ်သဖြင့် စရိုက်ကို အကဲခတ်၍ ဖြည့်ကျင့်ကလည်းပါရမီစုံ အငုံအရင့် ပွင့်ခွင့်သာစေတတ်၏။
စရိုက်သည်
အဆိုးသုံးမျိုး အကောင်းသုံးမျိုး ဆတူရှိချေရာ-
(၁) အဆိုး၏
တဏှာသည် အကောင်း၏သဒ္ဓါနှင့် အကြမ်းအနုမျှသာကွာ၏။
(၂) အဆိုး၏
ဒေါသသည်လည်း အကောင်း၏ပညာနှင့် အကြမ်းအနုမျှသာခြားနား၏။
(၃) အဆိုး၏
မောဟသည်လည်း အကောင်း၏သမ္မာဝိတက်နှင့် အကြမ်းအနုမျှသာခြားနား၏။
(၁) ထိုတွင်
ပြိတ္တာဘ၀ရောက်တိုင်း ရောက်တိုင်းလည်းကောင်း၊ အခြားကာမအားကြီးရာ တိရစ္ဆာန်၊ လူ၊ နတ်ဖြစ်တိုင်းဖြစ်တိုင်းလည်းကောင်း၊
အစွဲကြီးကာမြင်ရာ ကြားရာတိုင်း အကြိုက်လိုက်ပါခဲ့မိသဖြင့် အကျင့်လွန်သော် ဥာဏ်၊ အစွဲအားကြီးသော်
ဝါသနာအဖြစ် ဘ၀ဆက်၍ ဆက်၍ ပါလေ့ရှိသောတဏှာကို သတိဖြင့် သူကြိုက်အာရုံပေါ်တင်ပေး၍ ရှုဆင်ခြင်ပေးက
သဒ္ဓါသို့တက်လာ၏။ ထိုနှစ်မျိုးသည် ခင်မင်မှုကား ကိုယ့်အတွက်ငဲ့လေ့ရှိပြီး သဒ္ဓါကား သူ့ဘက်ကိုငဲ့စေသည်သာ
ကွာ၏။
(၂) သည့်အတူ
ငရဲပြည်အရောက်မျာသဖြင့် ဖြစ်သော ဒေါသ၊ အခြားမခံချင်စိတ်အားကြီးပြီး ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံလေ့ရှိသော ဘီလူး၊ တိရစ္ဆာန်၊ လူ၊ နတ်တို့ဖြစ်တိုင်းဖြစ်တိုင်း အလိုမကျ အားမရသဖြင့်
လည်းကောင်း၊ အဆိုးမြင် မခံချင်စိတ်ဝင်မိသဖြင့် လည်းကောင်း၊ အာဌာတရန်ငြိုးဖွဲ့အားကြီးကာ
မြင်တိုင်း ကြားတိုင်း မဆိုင်းမတွ ရန်ပွဲဖြစ်ခဲ့သော ဒေါသကို ယခုသော ထိုဒေါသစိတ်ဖြင့်
အမှန်သိသို့ အသိပြောင်းလဲစေပြီး ပညာဖော်ရ၏။ စိတ်ပူကို သတိဖြင့် ပြုပြင်ကာ စိတ်အေးသိုက
ပြောင်းလဲခြင်းဖြင့် အမှားသိမှ အမှန်သိသို့ သက်စေခြင်းတည်း။
(၃) တိရစ္ဆာန်ပြည်အရောက်များရမှာ
အိပ်ခြင်း၊ စားခြင်း၊ မေထုတ် အကျင့်ပြုကျင့်ခြင်း ထိုသုံးခင်းကို မပြတ်လည်ပတ်စေရန်
ဝမ်းစာရှာဖွေခြင်းအလုပ်မျှကိုသာ ပြုလုပ်ခဲ့ပြီး။
(က) ကိုယ်ကြိုက်လျှင်
အကောင်းထင်၊ အကောင်းမြင်ဝါဒဖြင့် ကိုယ်ကြိုက်သလို လိုက်လံစော်ကားခြင်း။
(ခ) ကိုယ်မကြိုက်က
အဆိုးထင်၊ အဆိုးမြင်ဝါဒဖြင့် ကိုယ်မတည့်သလို လိုက်လံပြစ်မှားလေ့ရှိခြင်း။
(ဂ) ကိုယ်မသိတိုင်းအမှန်မမြင်၊
အမှန်မမြင်ဝါဒဖြင့် ထင်သလို စော်ကားပြစ်မှားလေ့ရှိခြင်း။
အထက်ပါသုံးချက်တို့ဖြင့် အမှားကြံစည်မိသော
မောဟတကို ထိုသူ့အကြံသိပေါ်သတိထင် ဖြစ်ပျက်မြင် အသိနိုးများဖြင့် သမ္မာဝိတက်သို့ ပြန်လှည့်ပေးသော်
မောဟမှ ၀ိတက်သို့သတ်စေ၏။ မောဟကား အမှားသိကို ကြံစည်သရုပ်ဖော်ပြီး ၀ိတက်ကား အမှန်သိကို
သုံးသပ်ကာ အကောင်အထည်ဖော်ကြည့်ခြင်းတည်း။
ထိုသုံးတွဲတို့တွင်-
(၁) တဏှာမကင်းသော
သဒ္ဓါအရင်းခံသမားကား အာနာပါန တစ်ခုတည်း၌ပင် ၀ီရိယဗိုလ်အကူညီဖြင့် ပြီးစီးတတ်၏။
(၂) ဒေါသမကင်းသော
ပညာအရင်းခံသမားကား အာနာပါန တစ်ခုတည်း၌ပင် ပညာဗိုလ် အကူဖြင့် ပြီးစီးတတ်၏
(၃) မောဟမကင်းသော
ဝိတက်အရင်းခံသမားကား အနုပသနာလေးချက်စုံကို သတိဗိုလ်အားပေးဖြင့် ပြီးစီးရတတ်၏။
အဆိုးမကင်းမှ အဆိုးကင်းအဖြစ်သို့ကား ခန္တာတွင်း၏
ရှိရင်းစွဲသဘောထဲသို့ ဥာဏ်ဝင်ဆန့်သွားချိန်မျိုး များ၌ သူ့အလိုလို လဲလှယ်ပြီးသားဖြစ်နေချေတတ်၏။ တမင်လဲစရာမလို၊ အနုပသနာတို့တွင်လည်း ဓမ္မခေါ်ခန္တာအရှိ
သိသိနေခြင်းကိုပင် ဓမ္မာနုပသနာဆိုရကား ထိုခန္တာရှိရင်းစွဲကို အထဲသိဖြင့် သိပိုင်လာသော
ဓမ္မာနုပသာနာဟူ၍ တစ်မျိုးရှုစရာမလိုပြီ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး