ဆွမ်းဆန်စိမ်းလောင်းပွဲမကျင်းပမည် သြ၀ါဒချီးမြှင့်နေသော ဗောဓိရိပ်ငြိမ်ဆရာတော် |
၂၄-၂-၂၀၁၃
နေ့ညနေ(၇း၀၀) တရားစခန်းသိမ်းပွဲတွင် ဗုဒ္ဓောရသ အရှင် က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်တောရ)
ဟောကြားသော ရှေ့တန်းမှာတိုက်ပွဲမကျဘဲ အိမ်နားရောက်ခါနီးမှသေရတော့မယ် တရားတော်။
ဖော်ပြပါတရားခေါင်းစဉ်မှာ
ကျမတတ်ထားသောတရားခေါင်းစဉ်ဖြစ်ပါတယ်ရှင်။ ကျမတို့က နောက်ဆုံးရောက်နေပြီး ၀ိဇ္ဇောဒယ ဓမ္မရုံတခုလုံးဟာ
ပရိတ်သတ်များ အပြည့်ဖြစ်ပါတယ်ရှင်။ ယောဂီတို့က အလယ်ကျောမှာထိုင်ကြပြီး၊ ညာဘက်တောင်ပံမှာတော့
ယဉ်ကျေးလိမ်မာကျောင်းသူကျောင်းသားလေးတွေ အနီးအနားကရွာတွေကတရားနာသူတွေ၊ မယ်သီလရင်တွေနဲ့အပြည့်။
သွားရလာရခက်တဲ့နေရာလေးတခု ဖြစ်တဲ့ ဒီနေရာကို ရွာတွေကနေ တုတ်တုတ်တွေနဲ့အပြည့်၊ ကားတွေနဲ့အပြည့်လာကြတယ်။
ကားကောင်းစီးနိုင်တဲ့သူတွေလည်းပါရဲ့။ မထင်ရလောက်အောင် စည်ကားမှုဟာတော့ ကျမကို အံ့သြစေခဲ့
ပါတယ်။
ဒီနေရာမှာ
စကားညှပ်တခုပြောခြင်ပါတယ်။ လူတွေများများလာတော့ ကောက်ညှင်းပေါင်းကျွေးမယ်လို့ စထဲက
ကြေငြာထားတယ်ပေါ့။ ကောင်းခြင်းတွေပေါင်းမဲ့ နမိတ်ကိုယူပြီး ကောက်ညှင်းပေါင်းကျွေးတာဖြစ်ပါတယ်။
အစီအစဉ်ကြေငြာသူက ဦးသိန်းဆိုတဲ့သူပါ။ သူ့ကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက ချစ်စနိုးနဲ့မှည့်ထားတဲ့
နာမည်လေးကို ပြောပြပါဦးမယ်။ ဒါက ငှက်ဆိုးပါတဲ့။ ငှက်ဆိုးလို့မှည့်ရတဲ့ ရာဇ၀င်ကိုနောက်မှသိရပါတယ်။
ဦးသိန်းက အရင်က ဆရာတော်ကြီးပတ်လည်နားကရွာတစ်ရွာမှ လူကြီးလုပ်ခဲ့ဘူးတယ်တဲ့။ အဲသူကအရေးကိစ္စ
ရှိရင် လော်လို့ဒီဘက်အရပ်တွေကခေါ်တဲ့ စပီတာကြီးနဲ့ သူ့ရွာကလူတွေသိအောင် ကြေငြာလေ့ရှိတယ်တဲ့။
ဟော သူ့အသံက လော်ကြီးနဲ့ဆိုတော့ ဆရာတော်ဘုရားကြီး ကျောင်းတွင်းကိုထိုးဖေါက်ဝင်လာတာပေါ့နော်။
ဆရာတော်ဘုရားကြီးအတွက်တော့ မသာယာ မနာပျော်တဲ့ သူ့အသံဟာ တရားကျင့်ကြံနေတဲ့သူတော်ကောင်း
များအတွက် ငှက်ဆိုးထိုးသလိုဖြစ်မှာပေါ့နော်။ ဒါကြောင့် သူ့နာမည်က ငှက်ဆိုးလို့ တွင်သွားပါတော့တယ်ရှင်။
အဲ ဦးငှက်ဆိုးကြီးကလည်း မိုက်ကလက်ထဲရောက်လာတော့ ပြောခြင်ဆိုခြင်တာတွေများများ၊ ဆရာတော်
ဦးဗောဓိကလည်း ဟာသဥာဏ်ကလက်ကနဲလက်ကနဲ တရားထဲထည့်ဟောတော့ တရားနာပရိတ်သတ်က တ၀ါးဝါးနဲ့
ရီကျတာပေါ့။ တရားထောက်ကလည်း ခေသူမဟုတ်တဲ့ အဖွင့်အတိုင်ညီမျှတဲ့ ဘိုးသိန်း(အဘိုးမြသိန်း)ပါဘဲ။
ဒီတော့ သူက ဒီညမှာ ကောက်ညှင်းပေါင်းကျွေးတာကို ဘယ်လိုများကြေငြာ လိုက်သလဲဆိုတော့ တရားနာပရိတ်သတ်များကို
ဒီနေ့ညမှာ အယုတ်အလတ်အမြတ်မရွေး ကောက်ညှင်းပေါင်းတွေဝေငှမှာဖြစ်ပါတယ်။ အဲဒီကောက်ညှင်းပေါင်းတွေကို
စားလည်းစားကြ၊ စားပြီးရင် ဆရာတော်တရားဟောတာကို နာပြီး ရီကျ၊ ရီပြီးရင် ပါးစပ်တွေကလည်း
ကောက်ညှင်းပေါင်းတွေ ထွက်ကျ ကုန် ဦးမယ်လို့ဖြစ်ပါတယ်။ သူဂုဏ်ကတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီးပေးတဲ့
ငှက်ဆိုးဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တာဘဲလားလို့ သူကြေငြာတာနားထောင်ပြီး စိတ်ထဲကမှတ်ချက်ပြုမိပါတယ်ရှင်။
လေးနက်တဲ့တရားအကြောင်းလေးတွေ
ရီတာနဲ့ပေါ့သွားတော့မှာဘဲနော်။ ဆရာတော်က တရားပိတ်ပွဲမှာ ကိလေသာတွေကိုတိုက်ဖို့လက်နက်လေးတွေပေးလိုက်တာဖြစ်တယ်လို့
တင်စားဟောကြားပါတယ်။ ဒါလေးက သာမာန်တခြားသူတွေလည်းဟောနေကြမို့ သိပ်မထူးခြားပေမဲ့ ဆရာတော်ပေးတဲ့
ဥပမာလေးက တော့မှတ်သားလောက်ပါပေတယ်ရှင်။ ဆက်ဖတ်ကြည့်ကြပါဦးနော်။
တခါက စစ်တပ်တစ်တပ်ဟာ
ရှေ့တန်းမှာစစ်ပွဲမှာအောင်ခဲ့ပြီး နောက်တန်းကို ပြန်ခဲ့တယ်။ သူတို့တပ်ကိုရောက်ခါနီးမှာ
တောင်ကုန်းတကုန်းရှိတယ်တဲ့။ အဲဒီတောင်ကုန်းကိုကျော်ပြီးမှ တပ်ကိုရောက်တယ်။ သူတို့မိခင်တပ်ရင်းအနားလည်း
ရောက်လာရော၊ တောင်ကုန်းပေါ်က ကားကြီးတစီးဟာ ထိုးဆင်းလာပြီး သူတို့ကားကိုတိုက်လိုက်တယ်တဲ့။
မထင်မှတ်ဘဲ တိုက်လိုက်တဲ့အတွက် ကားပေါ်က အောင်ပွဲရ စစ်သည်တွေဟာလည်း ကားတိုက်တဲ့ဒဏ်ရာအပြင်းအထန်နဲ့
သေမင်းနဲ့ရင်ဆိုင်ရပါတယ်တဲ့။ အဲဒီအဖွဲ့ စစ်ဗိုလ်လုပ်တဲ့သူက ငါတို့ရှေ့တန်းမှာတုံးက
ရန်သူနဲ့စစ်တိုက်တော့ မသေ နောက်တန်းရောက်မှ ဘာမှမဟုတ်တဲ့ဒီကားကြီးတိုက်လို့ ငါသေရတော့မယ်ကွာလို့
သေခါနီးမှာ ညည်းညူသွားတယ်တဲ့။
ကဲယောဂီတွေလည်း
လက်လုပ်တောင်မှာလာပြီး(၁၄)ရက်တိတိ ကိလေသာစစ်ပွဲကို ရှေ့တန်းမှာ လာတိုက်ကြမှာမဟုတ်လား။
ဟုတ်ပြီးရင် ပြန်ကြမှာမဟုတ်လား။ အဲပြန်ကြတော့ အတက်မှာ လော်ရီကားကြီးကအထက်ကလာရင် ကော၊
ကိုယ့်လက်နက်လေးကိုယ်ကိုင်ပြီး ဆုတ်ကိုင်ထားမှာလား။ ရှေ့တန်းမှစစ်တိုက်နေရင်အကောင်းသား
အိမ်ရောက်ခါနီးမှာ ကားတိုက်ပြီးသေရတယ်လို့။ ယောဂီတွေလည်း နေ့စဉ်(၁၄)ရက်တာ တရားအားထုတ်လိုက်လို့
ယောဂီတွေလက်နက်ကောင်းလေးမရသွားဘူးလား။ တရားထိုင်တဲ့အတွက် ကိလေသာကို ပစ်သတ်ဖို့ လက်နက်ကောင်းတွေမရသွားဘူးလား။
ယောဂီလက်ထဲကလက်နက်ကောင်းတွေနဲ့ ဘယ်သူ့ကိုအရင်ပစ်မလဲ။ အရင်ဆုံး ယောဂီထိမ်းတွေကို အရင်ပစ်မှာ။
ကျောင်းသားတွေက သူတို့အမေတွေ သူတို့အဖွားတွေကို ထိလို့ ယောဂီထိမ်းလုပ်ရမလားဆိုပြီးဆူနေကြပြီ။
အခုက တည့်တည့်ပစ်မှ။ အိမ်ရောက်မှ ချော်ပစ်မှာ။
ဒကာကြီးကပြန်သွားပါပြီတဲ့။
ဒကာမကြီးကလာပြီး ဟောဒကာကြီးပြန်လာပြီဆိုတော့ လက်လာဆွဲပြီးကြိုရင်ကော။ လက်နက်နဲ့ပစ်မှာလား။
လက်နက်တခြား လူတခြားဖြစ်မှာလား။ လာမှာက ဘာကားလာမှာလဲ။ ကုန်ကားကြီးမဟုတ်လား။ လာမှာကလည်း
တောင်ကုန်းပေါ်ကမဟုတ်လား။ လွယ်ပါ့မလား။ ငါ့ကွာ ရိပ်သာနေတုန်းက အကောင်းသားကွာ။ အိမ်ပြန်လာမှဆိုတာ-မဖြစ်ဘူးလား။
ဆရာတော်က အိမ်မပြန်နဲ့လို့ပြောတာ။ ငါကပြန်လာလို့နဲ့ နောင်တရတော့မှာမဟုတ်လား။ (ယခုနေရာတွင်
အရှိန်ပြင်းစွာတိုက်မည့် ကိလေသာတို့ကို မတွန်းလှန်နိုင်သည့်အတွက် ကိလေသာတိုက်ရန် တရားစခန်းမှ
သင်ယူလာသော ရရှိခဲ့သော လက်နက်ကိုပင် မနိုင်တော့ပဲ၊ လက်နက်တခြားလူတခြားဖြစ်ကာ ကိလေသာ
နောက်ကောက်ကောက်ပြန်ပါသွားသည်ကို ပုံပေါ်အောင်ပြောတတ်သည်ကို အလွန်ပင်နှစ်သက်မိပါသည်)
မေ့လျော့ပေါ့ဆတဲ့သူရဲ့
အကြောင်းကအပါယ်လေးပါးဘဲ။ ဒါနလုပ်လုပ်၊ သီလလုပ်လုပ် သတိလေးကပ်ပြီးလုပ်ရမှာ ဒါမှ အပါယ်လေးပါးရှိတဲ့အိမ်
မပြန်ကြနဲ့။ အပါယ်လေးပါးလွတ်အောင်လုပ်တာ။ အကယ်လို့ တရားအားထုတ်လိုက်လို့ မနက်ဖန် တစ်ရက်ဆက်ထိုင်လို့
မဂ်ချမ်းသာ ဖိုလ်ချမ်းသာရမယ်ဆိုရင် ဆက်ထိုင်မှာလား။ အိမ်ပြန်မှာလား။ ဆက်ထိုင်တော့ ဘယ်သူကကျွေးမှာလဲလို့မေးတော့
ဆရာတော်က ဆွမ်းခံကျွေးမှာပေါ့။ (သတိမရှိက သတိလွတ်က အပါယ်လေးပါးသွားရမယ်ကိုဆိုလိုသည်ဖြစ်ပြီး
အပါယ်လေးပါးရှိတဲ့ နေရာဒေသကို မပြန်ကြပါနဲ့ဟုဆိုလိုသည်ကို တင်ပြထားပါသည်)။
တရားအတိုချုပ်ပြီးသာတင်ပြလိုက်ခြင်းဖြစ်ပါသည်။
နောက်ဆုံးတွင်ထိုင်ရသည့်အတွက် တရားသွင်းရ သည်မှာ အဆင်မပြေပါ။ လော်စပီကာမှ ကြား၇သော
တရားကို မှီသလောက် အချုပ်ကိုသာတင်ပြလိုက်ခြင်းဖြစ်ပါသည်။ သို့သော် ခေတ်မှီသော ဥပမာတခု၏
နက်နဲမှုကို ဟောပြောထားခြင်းကို မှတ်တမ်းတခုအနေဖြင့် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်အား
ပရိတ်သတ်များမှ မေတ္တာပို့သပြီး တရားပွဲကို ရုပ်သိမ်းလိုက်ပါသည်။
(မဟာဗောဓိမြိုင်ဆရာတော်၊
ရာကျော်သက်တမ်း သာသနာတော်ရွက်ထမ်း ကျန်းမာတော်မူပါစေ ချမ်းသာတော်မူပါစေ ဆုတောင်းမေတ္တာဝေ)။
ညတရားပွဲတွင် မြင်တွေ့ရသော ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသူ။ကျောင်းသားလေးများ |
(၂၅-၂-၂၀၁၃)နေ့
ဆွမ်းဆန်စိမ်းလောင်းပွဲမကျင်းပမှီ် ဗုဒ္ဓောရသ အရှင် က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်တောရ)
၏ ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို အာရုံမပြုဘဲ ကျင့်တဲ့ ဂုဏ်ကိုအာရုံပြုပြီးလောင်းလှူကြပါ သြ၀ါဒပေးခဲ့သော
ဗုဒ္ဓဘာသာဝင်များ
ဝေနေယျသတ္တ၀ါများ (၆၄)ပါးအားလုံးသောကပ်တွေကိုကျော်လွန်စေရန်အလို့ငှာ ဆရာတော်ကြီးက ဆွမ်းဆန်စိမ်းများလောင်းလှူစေတာဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ဂေါစဂါမ် ဆွမ်းခံရွာများမှ ဒကာဒကာမ နေပြည်တော်တိုင်းမှာရှိသည့်သူများအားလုံးသောသူများ
ကပ်(၆၄)ပါးမှ လွတ်ပါစေခြင်း အကျိုးငှာ ဆွမ်းဆန်စိမ်းလောင်းတာ (၁၈)ကြိမ်မြောက်ရှိပါပြီ်။
ဒါကြောင့် သံဃာဂုဏ်ကို အာရုံပြုလို့လှူကြစို့။ သံဃာဆိုတာ ၂၂၀ သော သိက္ခာပုဒ်တွေကို ကျင့်ကြံနေတဲ့
ကျင့်နေတဲ့ပုဂ္ဂိုလ်ကို ပြောပါတယ်။ သို့သော် ပုဂ္ဂိုလ်ကို အာရုံမပြုဘဲ ကျင့်တဲ့ ဂုဏ်ကိုအာရုံပြုပါ။
နောင်တနေ့မှာ လက်မှာ သင်္ကန်းလေးများ သာပတ်ပြီးနေရင်တောင် သံဃာ့ဂုဏ်ကို အာရုံပြုပြီးလှူရမယ်တဲ့။
ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်း မိမိတို့အပေါ်ကျရောက်မဲ့ ကပ်တွေကိုကျော်လွှားလွတ်မြောက်ပြီး
သံဃာ့ဂုဏ်ကိုအာရုံပြု၍ လှူဒါန်းကြပါ။
ကောင်းပါတယ်များများတျင်ပေးကြရင်းဖြစ်ကောင်းတာလေးတွေကိုအတုယူနိုင်
ReplyDeleteကြတာပေါ့၊
Thanks so much for your comment. It is real life.
ReplyDelete