Friday, January 18, 2013

(၁၂.၁.၂၀၁၂)က စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ (၁၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲ

ကန်တော့ခံဆရာကြီးများ၊ အလယ်မှတိုက်ပုံအနက်နှင့်ဆရာမှာ နာမည်ကြီး ဦးသိန်းနိုင်(မြန်မာစာ) ဖြစ်ပါသည်။




၁၉၇၉ နှစ်ကျောင်းဆင်း ကျမတို့အဖွဲ့ ရေဆင်းဆည်ပေါ်တွင် အခန်းအနားအပြီး
(၁၂.၁.၂၀၁၂)က စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ (၁၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပါတယ်။ ညနေတော့ ဒင်နာတက်ကြပါတယ်။ နှစ်တော်တော်များများမှာ ကျမတို့ ၁၉၇၉ ကျောင်းဆင်းအဖွဲ့ဆိုရင် ရေဆင်းက အုပ်စု ချည်းဘဲတက်ကြရတာများပါတယ်။ တယောက်စ နှစ်ယောက်စလောက်သာ တခြားမြို့များက သူငယ်ချင်းတွေတက်ရောက်ကြပါတယ်။ ဒီနှစ်မှာခါတိုင်းနှစ်လို မဟုတ်ဖဲ ဒေါ်ချိုချိုခိုင်စည်းရုံးရေးကောင်းတာကြောင့် သူငယ်ချင်းတော်တော်များများလာတက်ရောက် ပါတယ်။ ကျမရဲ့အိမ်မှာအများစုကညအိပ်ကျတော့ အတော်ကို ၀မ်းသာအားရ ကျေနပ်မိပါတယ်။ ညညဆိုရင် မနက်(၂)နာရီလောက်အထိ ၁၁.၁.၂၀၁၂ ညက စကားပြောကြပါတယ်။ ဟော (၁၂.၁.၂၀၁၂)မနက်လည်း ရောက်ရော အစောကြီးထကြပြီး ၀ိုင်းဖွဲ့စကားပြော စားသောက်ကြပြီး အခမ်းအနားကိုချီတက်ကြပါတယ်။ ဒီနှစ်မှာ အားလုံး ၁၉၇၉ ခုနှစ်ကျောင်းဆင်း (၂၅)ဦးဟာ ကိုယ်ပေါ်တင်ထားတဲ့ ရာထူးအာဏာတွေခွာချပြီး အခမ်းအနားပြီးတော့ ဦးမောင်မောင်သိန်း၊ ဒေါ်မြင့်မြင့်စန်းတို့ဇနီးမောင်နှံကျွေးတဲ့ ထမင်းဟင်းကိုစားသောက်ရင်း တရင်းတနှီးစကားတွေဖွဲ့ကြပါတယ်။ အချိုပွဲကိုတော့ ဦးမြသောင်း ဒေါ်ချိုချိုခိုင်တို့က ထိုးမှုန့် စတော်ဘယ်ရီ တွေနဲ့ဖြည့်ထားပေးထားပါတယ်။
အခုအခါမှာ အာစရိယပူဇော်ပွဲဟာ တနှစ်ထက်တနှစ် နှစ်အလိုက် gathering ပုံစံမျိုးကူးပြောင်း လာပါတယ်။ နှစ်အလိုက်ဆုံပြီး ရံပုံငွေအခြေအနေပေါ်လိုက်ပြီး ဆရာတွေကို သီးသန့်အဆောင်တခုမှာ ကန်တော့တာမျိုး တွေလုပ်လာကြပါတယ်။ ပင်စင်ယူတဲ့သူတွေယူ၊ သေတဲ့သူတွေက သေကြတဲ့အတွက် အတန်းကြီးလေ gathering လုပ်လေဖြစ်ကြပါတယ်။
ညတော့ ဆရာဦးသိန်းဆုက အောင်ပင်လယ် သီချင်း၊ ဆရာဒေါက်တာစိန်လှဗိုလ်က လက်ေ၇တပင်တည်း သီချင်း၊ ဆရာဦးထပ်ပိုက ပွဲကြိုက်ခင်သီချင်းနဲ့ စင်ပေါ်တက်ပြီး သီဆိုကြတော့ ဆုချတဲ့သူတွေလည်း အများကြီးပါဘဲ။ သိန်းကျော်အထိ ဆုတွေရတာကို ရတဲ့ဆုတွေကို ဆရာတွေက ပြန်ပြီး သူတို့ဆရာဘ၀က ဓါတ်ခွဲခန်းမှာအလုပ်လုပ်ခဲ့တဲ့ ၀န်ထမ်းတွေကို ပြန်လည်ထောက်ပံ့ဘို့ လှူဒါန်းသွားတဲ့အတွက် သာဓုခေါ်မိ ပါတယ်။ ကျမတို့(၁၉၇၉)က သူငယ်ချင်းတွေဟာလည်း ပင်စင်တွေစယူကုန်ကျပါပြီ။
 ရှေ့တနှစ် ၂နှစ်အတွင်းမှာ ပင်စင်ယူမဲ့သူတွေဟာ တော်တော်များပါတယ်။ ဒါကြောင့် ကျမတို့သူငယ်ချင်းအုပ်စုတွေက ၁၉၁၄ ခုနှစ်မှာ gathering နဲ့အတူ ဆရာကန်တော့ပွဲကိုလုပ်ကြမယ်လို့ အဲဒီနေ့က အစည်းအဝေးထိုင်ဆုံးဖြတ်ခဲ့ကြ ပါတယ်။
ဒီနှစ်မှာ ကျမတို့ရဲ့မျိုးဆက်တွေကို သင်ကြားပေးခဲ့တဲ့ဆရာတွေအတော်များများတက်ရောက်ခဲ့ပါတယ်။ ဆရာ ဦးသိန်းဆု၊ ဦးထပ်ပို၊ ဦးအောင်ဝင်း၊ ဦးစိန်ဝင်း၊ ဒေါ်စိုးမြင့်၊ ဦးကျော်စိန်(ကားကလပ်)၊ ဦးတင်နိုင်၊ ဒေါက်တာကျော်သန်း၊ ဦးတင်လှိုင်(သချာင်္)၊ ဦးခင်မောင်တင့်(အင်ဂျင်နီယာ)၊ ဦးစိန်လှဲဗိုလ်၊ ဦးသိန်းဆု၊ ဒေါ်နွဲ့နွဲ့ထွန်း၊ ဒေါက်တာစိန်ထွန်း(ပသို) ဒေါက်တာတိုးလှိုင်၊ ဒေါ်ကြည်ကြည်အေး (ဘော့တနီ)၊ ၊ ဦးတင်ညွန့်၊ ဦးသန်းအောင်၊ ဒေါ်ကျော့တင်၊ ဆရာဂျိုးဆက်အုံးညွန့် (ဆရာဆိုရင်လူတွဲနေရပါပြီ)၊ ဦးနေ၀င်းပေါ်၊ ဒေါက်တာဒေါ်ခင်ဌေး၊ ဦးတင်လှိုင်(သချာင်္)၊ မြန်မာစာဆရာမတဦး ၊ ဒေါ်ညိုညိုမြိုင်၊ ဒေါ်သန်းသန်းနု၊ဦးစိုးမြင့်(ပသို)၊ ဒေါက်တာဒေါ်မြမြ(ပသို)၊ ဒေါက်တာဒေါ်ရီရီမြင့်(ပသို)၊ဦးမောင်မောင်၊ ဆရာဦးအောင်သန်း (အီကို) ၊ ဦးအေးဘော်၊ ဦးစောကွာစေး၊ ၊ ဦးဖေနောင်သာ၊ဦးစောလယ်ထူးချစ်၊ ဦးမောင်မောင်ထွေး စသည်တို့ပါဘဲ။
ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ဆရာကန်တော့ပွဲကို  ယခုကန်တော့ခံဆရာကြီးဖြစ်သွားတဲ့ ဒေါက်တာကျော်သန်းဟာ စတင်ပြီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာကျော်သန်း စိုက်ပျိုးေ၇းတက္ကသိုလ်ရဲ့ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ်က ကောင်းသောအစဉ်အလာတခုကို ထားခဲ့တာဖြစ်ပါတယ်ရှင်။ ယခုအခါမှာ ဆရာကန်တော့ပွဲကြီးအပြင် ထပ်ပွားလာတဲ့ နှစ်အလိုက်တွေ့ တွေ့ဆုံပွဲတွေဖြစ်လာတဲ့အပြင် ဆရာကြီးတွေဟာ သူတို့ တက္ကသိုလ်မှာဆရာအဖြစ်တာဝန်ထမ်းဆောင်စဉ်က အတူတကွလုပ်ဖော်ကိုင်ဖက် ၀န်ထမ်းလေးများကို ပြန်လည်ပြီး သူတို့ကန်တော့ခံရတဲ့အထဲက ပြန်လည်လှူဒါန်းသွားတာဟာဖြင့် အကောင်းပေါ်အကောင်းဆင့်တဲ့ အစဉ်အလာလေးဖြစ်တာမို့ ထပ်မံခိုင်မြဲပါစေလို့ ဆုတောင်းရင်းနဲ့ ကောင်းမှုများအားလုံးအား သာဓုခေါ်လိုက်ရပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts