ဝိဇ္ဇာဖြစ်ချင်
လွယ်ပါတယ်ကွာ့ဟု ခေါင်းတချက်ပုတ် မရှိပါဘူးဟု ဆရာတော်ဘုရားကြီး၏ ဆရာတော် ဘ၀ိမလမှခေါင်းပုတ်ပြီး
မိန့်သည်ဟု မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကရေးသားထားလေသည်။ ထိုစကားကြားရသောအခါ အားမကျမိ၊
အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ငါ၏စွမ်းအားစိုက်ထုတ် ငါ့ကိုယ်ပိုင်မဟုတ်သောကြောင့်တည်း။
ငါ့၌အမြင်အကြားတို့သည်
နှစ်မျိုးနှစ်စားရရှိခဲ့ဖူး၏။
အစပထမသော်
ဝိဇ္ဇာကိစ္စ မယုံကြည်လေသော ငါတို့ကို ၀ိဇ္ဇာဆိုတာဘယ်လိုအစွမ်းရှိတယ်ကွဟု ပြောသည့်ပမာ ဆယ်တောင်ပြည့်စခန်း၌
ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့၏ အံ့မခန်းပြချက်များမှ တဆင့် ငါမြင်လိုတွေ့လိုရာ
မြင်တွေ့လာခြင်းတည်း။
ထိုအမြင်အကြားများသည်
ငါတို့တကယ်ယုံ၍ အဟုတ်လုပ်သောကာလမျိုးတို့၌ စုန်းစုန်းမြုပ်ပျောက်ကွယ် သွားတော့သည်။
သို့ကြောင့်
အင်း- သည်အမြင် သည်အကြားသည်
သူတပါးမျက်မှန် ခေတ္တ အငှားတပ်ရခြင်းပေပဲ။
သို့ဆိုလျင်
အငှားဟူသည် အချိန်ကျလျင် ပိုင်ရှင့်ထံ ပြန်လည်ပေးအပ်ရသည်လည်းရှိသည်။
ပိုင်ရှင်နှင့် သဘောထားမသင့်က ပြန်လည်အတောင်းခံရသည်လည်း ရှိသေး၏။
နောက်တခုကား
ငါ၏ သီလဖြူစင်သောကာလမျိုး၌ ငါ့အား ငါနှင့်ပတ်သက်စပ်ဆက်လျက်ရှိကြပေသော အတွင်းသားများတို့က
လိုက်လံစောင့်ရှောက်ကြလေ၏။ တစ်နေရာ ကိစ္စအထူး တစ်ခု ကြုံတွေ့လိုက်ရသော် စိတ်ကိုဟန့်လျက်က
ငါ၏မနောသွေးကိုလှန့်စေရကား ငါ့ကျော၌ကြက်သီးတို့သည်လည်းကောင်း၊ ငါ့တစ်ကိုယ်လုံးရှိ မွေးညင်းတို့ကို
တဖြန်းဖြန်းထစေ၏။ ထိုအခါ ဘာလဲလို့အာရုံယူကြည့်လိုက်ချေသော်
ထိုနေရာ မြင်ကွင်းမှန်၊
ထိုကိစ္စ၏သဘောမှန်ကိုလည်းကောင်း ဧကန်ပင်မြင်ရကြားရလေတော့သည်။ ထိုကိစ္စ၌ငါမှသာမဟုတ် တစ်ပါးသူ၏အဖြစ်သည်
လာရောက်၍ လှစ်ဟပြသော် ထိုသူဘာဖြစ်နေသည် ဘာကိစ္စ၊ ဘာကြောင့် ငါ့ထံရှိအမြင်အကြားများဖြင့်
အတပ်သိ၊ သိခွင့်ရခဲ့ချေ၏။
ထိုအမြင်အကြားကား
ဘူမိယလောကသားများထံမှ တဆင့်ထိတွေ့ခွင့်ရသော အာရုံများသာဖြစ်ပေသည်။ သူတပါးမျက်မှန် ခေတ္တမျှလက်ဝေခံခြင်းဟုကောက်ချက်ချမိသည်။
ထိုနတ်ကူ၊
ဓါတ်ကူ ခေါ် သူပေးလူပေး အမြင်အကြားများကို ထောက်ဆ၍ ယခုဝိဇ္ဇာဖြစ်ရန်မှာ ခေါင်းတပုတ်မျှသာဟု
မိန့်လိုက်သောအခါ ငါကားအားမကျမိပြီ။ မာနနှင့် ကိုယ့်ကိုကိုယ် အားကိုးခြင်းဟု လည်း တပ်နိုင်ပါ၏။
စင်စစ်ငါ့အင်အား ငါ့သတ္တိများဖြင့် ကြိုးစားရယူလေမှရသော ပစ္စည်းများသည် သာအမှန်ဟူ-ယုံကြည်လိုက်ပါ၏။
င့ါထံ၌တဏှာ၊ မာန၊ ဒိဌိ အ၀ိဇ္ဇာတို့ရှိနေသေးသမျှ
ငါကားဝိဇ္ဇာစစ်မဖြစ်နိုင်။ ထိုအရာများသည် ငါ့စိတ်နှင့်တစ်သားတည်း တွားသွားနေကြလေသော
အရာများချည်ပင်ဖြစ်ချေရာ ရေကြောင့်ဖြစ်သော ရွှံ့ညွှန်တို့ပေကျန်ပါက ရေဖြင့်ပင်လျှင်ဆေးကြောမှသာ
ပြောင်စင်ရ၏။ သို့စွဲစိတ်ကြောင့်ဖြစ်သော ထိုအ၀ိဇ္ဇာအညစ်အကြေးများကိုလည်း ငါပိုင်သတိ
ခေါ် မှတ်စိတ်ဖြင့်ဆေးကြော သုတ်သင်မှသာ ပြောင်စင် မည်ကို အတပ်သိနေချေရကား အခြား၌ အားကိုးစိတ်မ၀င်ပြီ။
ဝိဇ္ဇာတို့ကိုယုံသဖြင့်
ဝိဇ္ဇာတို့ထံပုံထားသော ငါ့စိတ်ကို ယခုတစ်ဖန် ၀ိဇ္ဇာများထံမှ ပြန်လည်တောင်းခံပြီး ငါ့နည်းငါ့ဟန်ဖြင့်
အပိုင်စီးရန် အယုံပြောင်းလဲလာချေတော့၏။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
ဘ၀ကန္တာရ သင်္ကေတ ကထာမှ ကောက်နှုတ်ဖော်ပြပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး