Thursday, November 1, 2012

ဘလော့တခုပြုဘို့ ခက်ခက်ခဲခဲ အင်တာနက်သုံးခဲ့ရသော ပုဂံခရီးစဉ်

www.jetawunbagan.blogspot.com (Myanmar)
http://www.jetawunbagan.blogspot.com/2012/10/welcometo-our-monastry-wethe-monks.html (English version)
ကျမရဲ့ ပုဂံခရီးစဉ်ကတော့ ၄ ကြိမ်တိတိ အရွေ့အပြောင်းဖြစ်ပြီးမှ အောင်မြင်သွားပါတယ်ရှင်။ ဘာသာရေးကိစ္စနဲ့သွားတာဆိုတော့ ကြီးကြီးကျယ်ကျယ်လို့တော့မမှတ်ပါနဲ့၊ ပုဂံကို ၇-၈ ကြိမ်ထက်မနည်း ရောက်နေတဲ့ကျမဟာ ပုဂံမှာ ကျမသူငယ်ချင်းကြောင့် ဓါးမကူးဘုရား (ကျောက်ကူးဘုရား)၊ ဂုဏ်တော်တစ်ထောင်ဘုရားစတဲ့ ကြိုကြိုကြားကြားတွေက အစရောက်ခဲ့ပါတယ်။ ကျမရဲ့အဓိကချက်က ပထမပိုင်း ၃-၄နှစ်များဟာ ငှက်ပစ်တောင်ဖြစ်ပြီး နောက်ပိုင်းနှစ်တွေဟာတော့ ဓမ္မရံကြီးနဲ့ စူဠမဏိဟာအဓိက ဖြစ်သွားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ပုဂံဟာ ကျမအတွက် ဘယ်တော့သွားသွား ရိုးတယ်လို့မရှိပါဘူး။
သို့ပေမဲ့ဒီနှစ် ဧပြီလမှာ ရှင်အဇ]္ဇဂေါဏဘုရားကိုရောက်တော့ ဘုရားကို ဒီအတိုင်းမြင်ရဖူးရပေမဲ့ ဂူကတော့ အပိတ်ခံလိုက်ရတဲ့ အဖြစ်မျိုးကို ကြုံသွားပါတော့တယ်။ အရင် လူတိုင်း ၀င်ထွက်ဆုတောင်းနေကြတာကို ၀ိဇ]္ဇာတွေဆိုပြီး ၀င်မရအောင် ပိတ်ပစ်လိုက်ပုံရပါတယ်။ အင်း ဒီလောကကလည်း အစစ်နဲ့အတုတွေက ရောနှောနေကြလေတော့ အတုတွေကြောင့် အစစ်တွေအပေါ်လာရိုက်ခတ်လာတော့ တာပေါ့။
တခါတလေမှာ မယုံကြည်နိုင်လောက်အောင် ထူးဆန်းတဲ့အဖြစ်မျိုးတွေကြုံတတ်ပါတယ် အထူးသဖြင့် ကျမနောက်ပိုင်း သွားသွားနေတဲ့ ဓမ္မရံကြီးဘုရားနဲ့ပတ်သက်ပြီးတော့ ကြုံလာရတဲ့ ထူးဆန်းမှုလေးတွေကိုပါ။ ကျမ ဒီတပတ်ကတော့ ဘုရားတွေမှာ စရဏမလုပ်တော့ဘဲ အလှည့်အပြောင်းလေးနဲ့ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းရဲ့ ဘလော့ကိုသွားလုပ်ပေးလိုက်ပါတယ်။ ညောင်ဦးရဲ့ အင်တာနက် ကော်နက်ရှင်ဟာ 0.00, 0.04, 2.44 etc တဲ့ဆိုးဝါးလှတဲ့အခြေအနေမှာ 100 -200 အမြန်နှုန်းရဘို့ ညနက်တဲ့အထိစောင့်ရပါတယ်။ ည ၇ နာရီလောက်မှ အဲဒီအခြေအနေကို ရောက်တယ် တနေ့လုံး ဆိုးဆိုးဝါးဝါးလုံးခြာလည်နေတော့ နေပြည်တော်ကလာတဲ့ ကျမက နည်းနည်းလေးတော့ ကုသိုလ်စိတ်ထဲ အကုသိုလ်စိတ်ကလေးက ပါပါလာတာပေါ့နော်။ စာဖတ်တဲ့သူတွေဘဲ စဉ်းစားကြည့်ကြပါ ကဲ ဒါဆိုရင် ဘလော့တင်တဲ့ ကျမကို နားလည်မယ်လို့မျော်လင့်ပါတယ်။ နိုင်ငံခြားသားတွေက လှူကြတန်းကြ မြန်မာအနည်းစုကလည်း လှူကြတန်းကြနဲ့ ဇေတ၀န်အခမဲ့ဘုန်းတော်ကြီးကျောင်းဟာ ရှင်သန်လျက်ရှိပါတယ်ရှင်။ စိတ်ဝင်စားစရာ လူသားချင်းစာနာတဲ့စိတ်နဲ့ ပင်စင်ယူသွားတဲ့ ဆရာ ဆရာမကြီးများက ပြန်လည်စာသင်ပေးလျက်လည်းရှိကြပါတယ်ရှင်။ အခုခေတ်မှာ သံဃာတော်တွေဟာ သာသနာ့အကျိုး လူသားတွေအကျိုးသယ်ပိုးကြတာဟာလည်း အင်မတန်မွန်မြတ်လှပါတယ်။
အဲဒီကျောင်းရဲ့ဘလော့ကို ကျမဟာ (၃)ရက်တိတိလုပ်အားထုတ်ပြီးလုပ်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်ကျော်တရက်နေ့ကတော့ ကျမဟာ ဆရာတော် ဦးအာဒိစ္စရဲ့ကောင်းမှုကြောင့် နိုင်ငံခြားကနေ ဗမာပြည်မှာ (၄)နှစ်တိတိ မိမိတစ်ဦးတည်း မိမိစရိတ်ဖြင့်လာပြီး ခလေးတွေကို ပညာသင်နေတဲ့ အမေရိကန်နိုင်ငံသူ မေရိယန်မက်ကားနား(Mirian Mc Kenna)၊ ဆရာမဒေါ်အုန်းကြည်နဲ့အတူ ပခုက္ကူ မီးထွန်းပွဲကို ပို့ပေးတဲ့အတွက် ကျမဟာ ပခုက္ကူက တန်ခိုးကြီးဘုရား သရက္ခန်ဘုရားနဲ့ ရွှေဂူဘုရားကို ဖူးခဲ့ရပါတယ်ရှင်။
ကျမ အကျိုးဆောင်ပြီး ပြုလုပ်ပေးခဲ့တဲ့ မတတ်တတတ်ဇေတ၀န်ဘုန်းတော်ကြီး ပညာသင်ကျောင်းရဲ့ ဘလော့လေးကိုလည်း ၀င်ကြည့်ကြပါဦးလို့
မေတ္တာများဖြင့်
ဓမ္မသာလာ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts