Sunday, September 30, 2012

သံဃာ့ဘက်က သိက္ခာ(၃)ပါး၊မေတ္တာနဲ့အသံလွင့်တာ၊ ရေဒီယိုကို လွင့်တဲ့အချိန်နဲ့ကိုက်အောင်ဖွင့်မှရတာ။ အပူကြုံသော်လည်းဘုရားကိုအာရုံမလွတ်နဲ့ဟဲ့။ (င-နိဂုံး))



၅၀-၆၀ ဆိုရင် အားကုန်ပြီးနော်။ ၅၀ လောက်ဆိုရင် သားအားကိုးသမီးအားကိုးနဲ့နေရမှာနော်။ ကိုယ်ကျွမ်းကျင်တာလေးနဲ့ သားသမီးတွေကိုလုပ်ခိုင်းရတာ။
၅၀ လောက်ဆိုရင် ဥာဏ်ဘဲ အားကိုးရမယ်။ ၄၀ ထိကို ဗလဦးဆောင်တယ်လေ။ ၅ နှစ် ၆ နှစ်က အသက် ၂၅ ထိ ပညာရှာချိန်။ ၀မ်းစသွတ်ချိန် ။ ချမ်းချမ်းသာသာနေရမယ်လေ။ အိမ်ထောင်ကျပြီးရင်တော့ စုနိုင်တာ စုတော့ မစုနိုင်ရင်တော့ ဒီအတိုင်းနဲ့ဘဲပြိးသွားမယ်။ဒါနဲ့သွားပြီနော်။ တနှစ်လာတိုင်း မြင့်မြင့်ကြီးဘာလဲဆိုရင်။ သခင်လား ကျွန်လား။ နင်သခင်မ ခေါ်ခံနိုင်အောင်လုပ်။ နင်ပိုင်တာ ဦးခိုင်လင်းတယောက်ရှိမှာပေါ့။ ဘာပိုင်မှာလဲ။ လှူပုံလှူနည်း ပြောပြီးပြီမဟုတ်လား။ အဲဒါဘုရားလက်ထက်က လှူပုံလှူနည်း အဲဒီအတိုင်း ဒါနထုပ်ယူသွားကြတာ။ အနာတပိဏ်၊ ၀ိသာခါတို့သာ သံဃာ ၅၀၀ ဘာညာာလှူတာ။ အဲဒီစေတနာလေးဟာ စေတနာထက်ရင် ထက်သလောက်အကျိုးပေးတာ။ ဆွမ်းကောင်းမကောင်းနဲ့မဆိုင်ဘူး။ စေတနာထက်မထက်နဲ့ဆိုင်တယ်။ ဘုရားလက်ထက်က ပေါက်ပေါက်လှူရင်း နတ်သမီးဖြစ်တာလည်း ကြားဖူးမှာပါ.
ရှင်မဟာ ကသဖကြီးကို တောသွားရင်းနဲ့စားဘို့လုပ်ထားတဲ့ ပြောင်းဖူးလှူထားတာ ပေါက်ပေါက်ဆုတ်လှူတာ ရှင်မဟာကသဖကြီးကို သူစားမဲ့ပေါက်ပေါက်ကို သပိတ်ထဲထည့်လှူလိုက်တာလေ။ သူသေခါနီး အဲဒါလေးအာရုံပြုလိုက်တာနဲ့ နတ်သမီးသွားဖြစ်တာ။ ဆွမ်းတစ်ဆွမ်းလောက်တောင် တန်ဘိုးမရှိဘူး။ လမ်းတွေ့တော့ ဘယ်သူဘယ်ဝါလို့သိလား မသိဘူးနော် နင်က ပုဂိုလ်ကိုလာလှူတာ။ လမ်းတွေ့တာ သံဃာဟဲ့ဆိုပြီးလာလှူတာ။ နင့်လို ပုဂျိလ်ကိုလှူတာမဟုတ်ဖူး။ လမ်းတွေ့တဲ့သံဃာကိုကော လှူတာလား။ မလှူပါဘူး။ နင်ငါ့ကိုသက်သက်မဲ့ပြောတာပါ. လမ်းတွေ့တဲ့သံဃာ နင်ကားနဲ့တိုက်မလိုတောင်လုပ်တာ မဟုတ်လား။ လမ်းတွေ့တဲ့သံဃာဆင်းလှူလို့လား မလှူပါဘူးဟာ။ ဘုရားလက်ထက်ကလို (၄)ပုံပုံ ပြီး၊ တပုံက အမြဲသက်စောင့်ရှိရမယ်။ အရင်းအနှီးတပုံပြန်ထဲ့။ ဆွေမျိုးတွေတပုံ ။ စားတာတပုံ။ ဘုရားခွဲပေးတဲ့ဟာ အဲဒီအတိုင်းကြိုးစား။
နောက်င့ါဆီမလာနဲ့။ အလာရလွတ်အောင်ပြောတာ။မြန်မာ့အသံနဲ့ပြောပြီးပြီ။ သိက္ခာဆိုတာသီလပြောတာ။  သိက္ခာနဲ့ မေတ္တာဓါတ် လွင့်မယ်။ နင်တို့ဘက်က သဒ္ဓ့ါစိတ်ရှိရတယ်။ သဒ္ဓါသန့်ရှင်းရင် သန့်ရှင်းသလို အကျိုးပေးတာဟဲ့ဘဲ။ သာသနာတော်ကို ထောက်ပံ့လိုသောစိတ်ကို စေတနာ။အဲဒါနင်တို့ဘက်က။  နင့်မှာ ရေဒီယိုကြီးရှိတယ်။ နင်မဖွင့်ရင် မြန်မာ့အသံနဲ့ သွားချိတ်တော့လည်း နင်မဖွင့်ရင် ၀င်မလား။ နင်ဖွင့်ရင် ၀င်မှာဘဲ။နင့်တိုင်းပြည်ကနေ ဖွင့်တော့ကော သူ့အချိန်မှန်ရင် မ၀င်ဘူးလား။ ဖွင့်ချိန်နဲ့လွင့်ချိန်ကိုက်ရင် ၀င်မှာဘဲ။ နင်မဖွင့်ရင် ၀င်မလား။ နင့်ရေဒီယိုကော ဖွင့်လို့လား။ နင် ဝေါင်းကြီး ကမ္မဌာန်းထိုင်နေရမှာ။ ဒီကောင်က ဘယ်လောက်မွှေနေမှန်းမသိဘူး ၊ ဒီကောင့်စိတ်နဲ့နေရမှာကြီး (ဒေါ်မြင့်မြင့်၏ သားအငယ်ကို ဆိုလိုပါသည်)။ (အပူကြုံသော်လည်း ဘုရားဂုဏ် အာရုံမဖျက်နဲ့၊ လူယုံသော်လည်း စကားစုံ အကုန်မထွက်နဲ့)။ အမြဲတမ်း ရေဒီယိုဖွင့်ထား သတိအမြဲရှိနေရင် တရားကိန်းနေရင် ဘုရားနဲ့သံဃာကိန်းနေတာဘဲကွဲ့ အဲဒါဆိုဘုရားအမြဲရှိနေတာဘဲ။ ဘာမှ မလုပ်နိုင်ရင် ကျန်းမာပါစေ အဲဒါတရားဘဲကွဲ့ အရဟံ အရဟံစိတ်ကပွားနေ။ အဲဒါတရားဘဲကွဲ့။ နင်မီးဖိုချောင်ထဲ အရဟံ ဘယ်နှစ်ခါအာရုံယူဘူးလဲ။ နင့် ရေဒီယိုကြီး မြန်မာ့အသံလာချိတ်နေလဲ မဖွင့်ဘဲနဲ့မ၀င်ဗျာ၊ ဖွင့်မှဝင်မှာဟဲ့။ အဲဒါနားထဲထည့်ထား။ ကဲမောပြီ။
ပို့စ်တင်သူ၏မှတ်ချက်။
ကျမဒီကနေ့တနေ့လုံး ဆရာတော့်တရားတွေကို အကြိမ်ကြိမ်နာပြီး အကြိမ်ကြိမ်ပြန်စစ်ရပါတယ်။ တချို့နေရာလေးတွေမှာ အနည်းငယ် မပီပြင်တာလေးတွေ ရှေ့နောက်လေးတွေနည်းနည်း လွဲချော်ကောင်းလွဲချော်နိုင်ပေမဲ့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် နာရီများစွာအကုန်ခံထားတာလည်း ဖြစ်ပါတယ်။ ကျမကို ထိုင်းနိုင်ငံမှာ မဟာဘွဲ့သွားယူနေတဲ့ ဦးဇင်းဦးဝိသုဒ]္ဓိက ဒီလိုတင်တာတွေကို အားပေးပါတယ်။ တနေ့မှာမှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့မှာလို့ဆိုပါတယ်။ ဒီအတွက် ကျမအင်မတန်မှ အားရှိပါတယ်။ ကျမကိုယ်တိုင်ကလည်း ရံဖာရံခါမှာ အိမ်မက်အရ တခါတရံအသံအားဖြင့် ကြားရတာတွေရှိခဲ့တဲ့အတွက် ကျမကတော့ ကျမရေးတာမှန်သမျှလုံးဝဟာ အမှန်အတိုင်းရေးသားတာဖြစ်ပါတယ်။ 
တကြိမ်တုံးက ဆရာတော်ကြီးရှိရာ မဟာမြိုင်တောထဲမှ ပြန်လာပြီးမှ ရုံးမှာပြသနာဖြစ်ပါတယ်။ လူတို့၏ ထုံးစံအတိုင်း စိတ်ဆိုးဒေါသဖြစ်မိပါတယ်။ ဘုရားခန်းဝင်ပြီး ဆရာတော်ကြီးခြေရာတော်ပုံကို ဦးချလိုက်ရော ဗလာနတွဆိုတဲ့စကားလုံး သုံးလုံးကို နားထဲမှာဆရာတော်ကြီးအသံနဲ့ပြတ်ပြတ်သားသားကို ကြားခဲ့ရပါတယ်။ ကျမလည်းသဘောပေါက်သွားပါတယ် ဗလနံတွေ လူမိုက်တွေကို ပြိုင်မဖြစ်ပါနဲ့။ မိမိကိုယ်တိုင်လည်း ပြိုင်ဖြစ်လျင် လူမိုက်ဖြစ်သွားမှာပါဘဲရှင်။
မနေ့က ခုံပေါ်ကပြုတ်ကျထားတဲ့အတွက် ခြေထောက်ထိခိုက်သွားပါတယ်။ ဒါကြောင့် ဒီအကြွေးတွေ ဆပ်တဲ့အနေနဲ့ နာရီပေါင်းများစွာအကုန်ခံပြီး ဆရာတော်ဘုရားကြီးအား လည်း တော်သလင်းလပြည့်နေ့တွင် ပူဇော်သောအားဖြင့် ယခုတရား အစအဆုံး (၅)ပုဒ်ကို တင်လိုက်ခြင်းဖြစ်ပါတယ်။
အားလုံးသော ဆရာတော်ဘုရားကြီး၏ ဝေနေယျများ၊ ၃၁ ဘုံသားများ၊ မမြင်ရသော နာမ်လောကသားများ၊ မဟာမြိုင်တောကြီးထဲတွင် ကျန်ရစ်ခဲ့သော မယ်တော်ကြီးပန်ထွာဘုရင်မနှင့်နောက်လိုက်နောက်ပါများ သာဓု သာဓု သာဓုခေါ်နိုင်ကြပါစေသတည်း။
ဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာပြီး သာသနာ့ဝန် ခန္တာဝန်အားထမ်းဆောင်နိုင်ပါစေသတည်း။
မေတ္တာဖြင့်
 

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts