Friday, July 13, 2012

မမြင်ကွယ်ရာရောက်တော့ သင်္ကန်းကတောင်းကြိုက်ပြီးပြေးတာပေါ့ဗျ


မည်သူမည်ဝါရယ်လို့တော့ မမှတ်မိတော့ပါ။ သာစည် ရွှေကျောင်းကုန်းတောင်တွင် သီတင်းသုံးစဉ်က ဆရာတော်ဘုရားကြီးသည် နေ့စဉ်တောင်ပေါ်မတောင်အောက် ရေပြာရွာသို့ ဆွမ်းခံကြွပါသည်။ ထိုစဉ်က ဆရာတော်ကြီးဆွမ်းခံရာနောက်သို့ ဆွမ်းတောင်းကိုင် လိုက်ပါသောအဖွဲ့လည်းရှိပါသည်။ ရွှေကျောင်းကုန်းတောင်ကား မတ်စောက်ပါသည်။ မြေလမ်း လေးကလည်းကျဉ်းသည်။ ကျမတို့အဖွဲ့တောင်ပေါ်တက်စဉ် ဘေးမှ သစ်ပင်များကို ကိုင်ဆွဲတက်ခဲ့ရသည်။ သို့သော် တောင်ပေါ်တွင် ဓမ္မရုံ၊ တပါးနေကျောင်း၊ ဆွမ်းချက်ဆောင် စသည်ဖြင့် အသီးသီးရှိပါသည်။ တောင်ကမူလေးပေါ်တွင် ဆရာတော်တည်ထားသော ဘုရားကိုလည်းဖူးမြင်နိုင်ပါသည်။

ဆွမ်းခံသောအခါတွင် ဆရာတော်ဘုရားကြီးသည် လမ်းလျောက်တာ အင်မတန်မြန်သည်ဟု သိရပါသည်။ နောက်ကအဖွဲ့က အမြဲတမ်းပြတ်ကျန်နေသည်။ ဘယ်လိုလိုက်လိုက် နောက်ကျမြဲဖြစ်သည်ဟုပြောပြပါသည်၊ ရွာကအဖွဲ့တွေက ဆွမ်းတွေထွက်လောင်းပြီး သူတို့က နောက်ဆုံးကချည်းဖြစ်နေသည်တဲ့။

တောင်ပေါ်က အဆင်းတွင် တောင်ကွေ့ချိုးလေးများရှိရာ ထိုနေရာရောက်လျင် ပျောက်ပျောက် သွားသည်ကိုတော့ သတိထားမိသည်ဟုပြောပါသည်။ သို့ကြောင့် သူတို့အဖွဲ့သည် သို့လော သို့လော ဖြစ်နေကြသည်မှာအမှန်။

ကြာလာသော် ဆရာတော်ဘုရားကြီးကို လျှောက်မည်ဟု သူရဲကောင်းရှာကြပါသည်။ တဦးက လျှောက်မည်ဟုပြောလာသဖြင့် (ဆရာတော်ဘုရား လမ်းလျှောက်လျင် အင်မတန်မြန်လွန်းပါ သည်။ ဖြေးဖြေးကြွတော်မူပါဘုရား။ တပည့်တော်တို့လိုက်ရတာမမှီလို့ပါ) ဟုလျောက်လိုက်ကြ သည်။ ထိုအခါဆရာတော်ဘုရားကြီးမှ (ဒို့က မင်းတို့မမြင်တဲ့တောင်ကွယ်ရောက်တော့ ပုဆိုးကတောင်းကြိုက်ပြီး ပြေးတော့တာဘဲ) ဟု အားရပါးရ ရီပြီးပြောပါသည်တဲ့။

ကဲ ဆရာတော်ဘုရားကြီး လမ်းလျောက်ရင် အင်မတန်မြန်တာတော့အမှန်ပါ။ သို့သော် သူတို့လည်း သို့လော သို့လောနဲ့ဘဲဖြစ်နေပါသည်ဟု။

မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts