တကဲ့အနှစ်သာရဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘူး
လူအများစုဟာ တကယ်ရိုးသားမှုမရှိဘဲ ရိုးသားယောင်ဆောင်နေတတ်ကြတယ်။ အမျိုးမျိုးဟန်ဆောင် ကြတယ်။ ဒါကိုပဲ အများစုက ကြံကြံဖန်ဖန်အထင်ကြီးကြပြန်ပါတယ်။ တကယ်ရိုးဖြောင့်မတ်တဲ့သူကို တော့ အများစုက အထင်မကြီးကြပါဘူး။ တကယ်ရိုးသားတဲ့သူတွေကလည်း အများအထင်ကြီးအောင်မနေကြပါဘူး။ အရေအတွက်လည်းအလွန်နည်းကြပါတယ်။ ရိုးရိုးသားသားနဲ့နေထိုင်သူကို သိဖို့လည်း အလွန်ခက်ပါတယ်။ အများစုလူတွေက နာမည်ကြီးမှုကိုပဲ ကြည်ညိုတတ်ကြပါတယ်။ တကယ့် အနှစ်သာရဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာတွေကို မကြည်ညိုတတ်ကြပါဘူး။
မှန်ကန်တဲ့ ရိုးသားခြင်းဟာ ဘယ်တော့မှ ရိုးသွားလေ့မရှိဘူး။ ထူးထွေဆန်းပြားလှည့်စားတတ်တဲ့ မရိုးသားမှု တွေဟာလည်း သူ့သဘာဝအတိုင်း ပေါ်လွင် ထင်ရှားပြီး ရိုးသားမှန်ကန်တဲ့ တရားကို ဘယ်တော့မှ မကျော်လွန် နိုင်ပါဘူး။ မှန်ကန်တဲ့ရိုးသားမှုကို ရရှိစေရန် ရိုးရိုးသားသားနဲ့ကြိုးစားပါ။ မိမိဖြစ်ချင်သည့်အတိုင်းဖြစ်ရ၍ စိတ်ချမ်းသာမှုရှိရုံနဲ့ မလုံလောက်သေးပါ။ အခြေအနေအားလျော်စွာ ဖြစ်ပေါ်လာသမျှ အကောင်းအဆိုး အကြောင်းအကျိုးတွေကို တွေ့လာလျှင် တုန်လှုပ်မှုမရှိစေဘဲ အေးဆေးတည်ငြိမ်စွာခံနိုင်ရည်ရှိအောင် ကြိုးစားထားဖို့်လည်း အထူးလိုအပ်ပါသည်။
အကြောင်းတရားတွေကို ရေသာခိုပြီး အကျိုးတရားတွေကို ဆထက်ထမ်းပိုးလိုခြင်တာဟာ…
လူတွေသိလောက်တဲ့ အပြစ်ကင်းယုံမျှနဲ့ မလုံလောက်သေးပါဘူး။ လူတွေမသိနိုင်တဲ့ အပြစ်တွေကင်းစင် အောင်နေတတ်ဖို့က ဘ၀အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ သူတပါးတွေရဲ့ အပြစ်တွေကိုမြင်ပြီး အမှန်အတိုင်း အပြစ်ရှာတတ်တာထက် ဒီလို အပြစ်မျိုး မိမိမှာမဖြစ်အောင် သတိထားပြီးရှောင်ကြဉ်တတ် ဖို့က အရေးကြီးပါတယ်။
လူအများမကောင်းတာထက် မိမိ မကောင်းတာမဖြစ်ဖို့ အရေးကြီးကပါတယ်။ မိမိကိုယ်ကို အတော်ဆုံး ၊ အတတ်ဆုံး၊ အသိဆုံးလို့ထင်နေပေမယ့် ပြောဆို၊ ဆက်ဆံ၊ ပြုမှုဆောင်ရွက်ခဲ့တဲ့အခါ လိုလျှင်လိုသလို လုပ်နေသေးတယ်ဆိုရင် မိမိရဲ့ ထင်မြင်ယူဆပုံအားလုံးဟာ မဟုတ်သေးဘူး။ လွဲမှားနေသေးတယ်လို့ သဘောပေါက်နားလည်ရပါမယ်။
လူအများစုဟာ အကြောင်းတရားတွေကို ရေသာခိုပြီး အကျိုးတရားတွေကို ဆထက်ထမ်းပိုးလိုချင်ကြတယ်။ အဲဒါဟာ မိမိနှင့်တကွ လောကကြီးတစ်ခုလုံးရဲ့ ပျက်စီးကြောင်းပါဘဲ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး