Friday, July 13, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ အရှင်ဆန္ဒဓိကအား ဟောကြားသောတရားများ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ အရှင်ဆန္ဒဓိကအား ဟောကြားသောတရားများထဲမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

(လူတွေနဲ့ မကင်းနိုင်ပေမဲ့ကွာအောင်ကြိုးစား။

လူ့အလိုလိုက်နေရင် မဆုံးဘူးဘုရား

လူက ရဟန်းလိုသိတာမဟုတ်ဖူးလေ

လိုတာထက် မပိုနဲ့။ အားနာလို့က အားပါတယ်ဘုရား။

မတတ်နိုင်လို့ ဆိုင်းဘုတ်တွေတပ်ထားရတာဘုရား။

မငဲ့နဲ့ ငဲ့ရင်စောင်းမယ်။ စောင်းရင် မှောက်မယ်။

ငဲ့တော့ မငဲ့နဲ့, ခရီးသွားဟန်လွဲလေးတော့ရှိမယ်ပေါ့။

ကင်းလို့တော့မရဘူး ကွာတော့ကွာပါစေဘုရား။ )

လောကဓံအကြွေး

(လိုလားသူနဲ့မလိုလားသူလို့ ဇတ်ကောင် ၂ ကောင်ရှိတယ်။

ဒါက ကိုယ်မွေးခဲ့တဲ့ဇတ်ကောင်။ တရားခံကကိုယ်။

မလိုလားသူနဲ့တွေ့ရင် အကြွေးသာဆပ်လိုက် တခုကျေပြီလို့မှတ်ရမယ်။

ကိုယ့်အကြွေးကိုယ်ဆပ်လိုက်။ အဲဒါကိုလုပ်ရပါ့မလားဆိုပြီးဖြစ်ရင် ထပ်တိုးမယ်နော်။

ကိုယ့်အပစ်ကိုယ်ရှု့ရင် တောက်နေတဲ့မီးငြိမ်းမယ်။

လောကဓံကတွေ့မှာနော်။ ရှောင်ခြင်သေးလား။ )

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts