စလင်းမြို့နယ် ကုသိနာရာမရှင်ပင်ရွြှေုပည်အေးဘုရားဝန်းနဲ့ အဲဒီအထဲက ရှေးဟောင်းဒုတိယကမ္ဘာစစ်အတွင် ပျက်စီးသွားတဲ့ ကျောင်းအိုကျောင်းပျက်ပုံ |
ကျောင်းကြီးရဲ့အရှည်ကို ဒီပုံကိုကြည့်ပြီးခန့်မှန်းနိုင်ပါလိမ့်မယ်။ ဘေးအနားက အကိုင်းတွေဖြာနေတာကတော့ ရှားပါတဲ့ အင်ကြင်းပန်းတွေပွင့်ဖို့တာစူနေတဲ့ အင်ကြင်းကိုင်းပါ။ |
ဒါကတော့ ခရစ်စမတ်နေ့ 2012 ခုနှစ် 25 ရက်နေ့မှာ ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်က သူ့ကားနဲ့ ပွင့်ဖြူမြို့နယ်က ကျောင်းတော်ရာကိုလိုက်ပို့တဲ့အခါမှာ လမ်းမှာရှိတဲ့ ဘုရားတွေကို ၀င်ဖူးသွားရင်း ခရီးသွားဟန်လွဲမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းကြီးကို ပြန်လည်ပြုပြင်မဲ့ အလှူရှင်တွေများ ပေါ်လာလိုပေါ်လာငြား၊ ကိုယ့်မြို့နယ်က ဒကာဒကာမတွေ အဟောင်းပြင်တာတွေက အသစ်ဆောက်တာတွေထက် တန်ဘိုးရှိပါတယ်ဆိုတာ သိစေလိုတဲ့ စိတ်၊ သာသနာအဆောက်အဦ တခုကို တန်ဘိုးထားတဲ့စိတ်ကြောင့် ဒီပုံတွေရိုက်ဖြစ်ပြီး ပို့စ်တင်လိုက်တာဖြစ်ပါတယ်ရှင်။
မေတ္တာဖြင့်
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး