Monday, July 9, 2012

ဟုတ် ဟုတ် ဟုတ် မဟုတ် ဟုတ် (ရှေးကျောက်မီးသွေးရထားကြိး)







မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ လာရောက်ဖူးမျှော်ကြသော ဘူးကုန်းပရိသတ်အား ဖူးတွေ့ရစဉ်။ ပုံတွင် caption ထည့်မရသည့်အတွက်ခွင့်လွတ်ကြည့်ရှုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဆရာတော်ဘုရားကြီးဟာ သူ့ဆီလာရောက်ဖူးမျှော်ကြ လှူကြတန်းကြတဲ့သူတွေကို ခင်ဗျားတို့ ဘူးသီးတို့ ရန်ကုန်တို့ ရွှေဘိုတို့ သာစည်တို့ စသည့် ဒကာဒကာမများကို တရားဟောပြီးရင် ခင်ဗျားတို့ဘယ်တော့စလုပ်ကြမှာလဲ လို့မေးလေ့ရှိပါတယ်။ တ၇ားဟောတဲ့အခါမှာလည်း ၀ိပသနာတရားရှုမှတ်မူ၊ အထူးသဖြင့် သတိနဲ့နေရန် အတွေးမပါရန် ထပ်ခါထပ်ခါဟောပြောလေ့ရှိပါတယ်။ တခါတော့ ဆရာတော်ဘုရားကြီးဟာ ရန်ကုန်က အုပ်စုကို ကဲခင်ဗျားတို့ကော ဘယ်တော့လုပ်ကြမလဲလို့မေးပါတယ်။ ဆိုလိုတာက တရားအားထုတ်တာ တရားရှုမှတ်တာ ဘယ်တော့စလုပ်မလဲလို့ ဆိုလိုတာပါ။ ပရိသတ်ကလည်း လုပ်ပါမယ်ဘုရားလို့ ပြန်ဖြေပါမယ်။ ဝေဘူဆရာတော်ကြီးတရားဟောရင်လည်း ဒီအတိုင်းဘဲ မေးတိုင်း ဘယ်တော့စလုပ်မလဲဆိုရင် ပရိတ်သတ်က လုပ်ပါမယ်ဘုရားဘဲ ပြန်ဖြေကြပါတယ်တဲ့။ ဝေဘူဆရာတော်ကြီးကတော ၀ိရိယလေး လိုနေတာဗျာ။ ၀ိရိယလေး လိုနေတာဗျာ။ ၀ိရိယလေးတိုးပြီးအားထုတ်လိုက်ကြလို့ ပြောသဗျ။

အေး ခင်ဗျားတို့ကိုတော့ ဝေဘူဆရာတော်ကြီးလိုတော့ ၀ိရိယလေးထားကြ ၀ိရိယလေးတိုးလုပ်ကြလို့မပြောဘူး။ ခင်ဗျားတို့က ပျင်းတယ်လို့ဘဲပြောလိုက်မယ်။ တနှစ်နဲ့တနှစ် အကူးအပြောင်းက မြန်တယ်။ မနှစ်က ဒီနေ့ ဒီရက် ဒီအချိန် အခုရသေးလို့လား။ မရတော့ဘူး။ အချိန်တိုင်း အချိန်တိုင်းဟာ ပြောင်းလဲနေတယ်။ ရွေ့လျားနေတယ်။ ဟိုရှေးခေတ်တုန်းက မီးရထားတွေရှိတယ်။ ကျောက်မီးသွေးတွေနဲ့ သွားတဲ့ ရထားလေ။ အဲဘူတာက စထွက်တော့ ရထားကြီးက ဟုတ်.ဟုတ်. ဟုတ်နဲ့ မြည်ပြီးထွက်တယ်။ အဲတော်နေ အလံလည်းချိုးသွားရော ဟုတ် ဟုတ် ဟုတ် မဟုတ် မဟုတ်နဲ့ဖြစ်သွားရောဗျာ။ ခင်ဗျားတို့လည်း အဲဒီလိုဖြစ်နေပြီ ဒို့ရှေ့တော့ ဟုတ် ဟုတ်နဲ့။ ဒို့ကျောင်းကလည်း ပြန်ထွက်သွားရော မဟုတ် မဟုတ်ဖြစ်သွားရော။

ပြောတာတွေကော မှတ်မိကြရဲ့လား။ တလုံးမှတ်မိမိ ဒီလောက်အဝေးကြီးလာရတာ မှတ်မိမှဖြစ်မှာပေါ့။ မမှတ်မိလည်း ကက်ဆက်ကြီးနဲ့သွင်းသွားတာဘဲ မဟုတ်လား။

ကျမလည်း ဆရာတော်ဘုရားကြီးဟောပြောသလို ဟုတ်ဟုတ် မဟုတ်ဟုတ် ဖြစ်နေပါတယ်။ အလုပ်တဖက်နဲ့ခပ်ငယ်ငယ်က သတိကပ်တဲ့လေ့ကျင့်မှုကိုလုပ်ခဲ့ပေမဲ့ နောက်ပိုင်း အလုပ်ကလည်း များ၊အသက်ကလည်းရလာ။ စိတ်ရဲ့ပျော်ရွှင်မှု အတွက် ကိုရိးယားကားတွေနဲ့ စိတ်ကိုအစာကျွေးလိုက်။ ကျမလို လူတွေလည်းအများ။ ဟိုဟာလေးလုပ်လိုက်ု ဒါလေးလုပ်လိုက်နဲ့ တနေ့တနေ့အချိန်ကုန်မှန်း မသိကုန်ရင်းကနေ ဒီအသက်ကိုလည်းေ၇ာက်မှန်းမသိရောက်လာတာပါဘဲ။ ကျမတို့သူငယ်ချင်းတွေထဲက သေတဲ့သူတွေလည်း သေကုန်ကြပါပြီ။ သူတို့သေဆုံးသခိုက်တော့ နောင်တရမိပါရဲ့။ နောက်တော့လည်း ဒုံးရင်းအတိုင်းဘဲ ပြန်ဖြစ်ဖြစ်သွားတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြီး ပြောလည်း ပြောစရာပါဘဲ။ ခုတလောဆိုရင် ကရိတ်ဦးဖိုးစိန်ရဲ့ နှစ်(၁၃၀)ပြည့်က တီဗွိမှာလာတော့ တန်လိုက်တာ ဒီတသက်ဒီလို ဒီတခါဘဲကြည့်ဖူးသေးတယ်ဆိုပြီးကြည့်လိုက်တာ… မနက်(၃)နာရီအထိလည်းမအိပ်ဖြစ်ဖူး။ တရားသာထိုင်ကြည့်ပါလား တနာရီမပြည့်သေးဘူး လှုပ်ရွ လှုပ်ရွကဖြစ်နေပြီ။ ခန္တာက မဖြစ်ရင်လည်းစိတ်က ထွက်နေပြီ။ ဟိုဟာလုပ်ရဦးမယ် ဒါလုပ်ရဦးမယ်ဆိုပြီး။

ဆရာတော်ဘုရားကြီးဟောပြောခဲ့သလို ဆင်ကန်းတောတိုးနဲ့ လူ့ဘ၀ကို ရောက်လာတယ်။ သာသနာရှိတုန်းလုပ်ထားမှလို့ သတိခဏခဏပေးတယ်။ ကိုယ့်စိတ်ကိုယ်မနိုင် လာရာလမ်းကနေ အောက်ဘက်ကိုလည်းမသွားခြင်တော့ တန်ခူးလမှာ ရိပ်သာပြေးရတာပါဘဲ။ ဟိုကျရင် မလုပ်လို့မရတော့ လုပ်နိုင်သလောက်တော့လုပ်ရပါတယ်။ မဟာမြိုင်တောကြီးထဲရောက်တုံးက ကျမကို ဆရာတော်ကြီးကပ`္ပိယလုပ်နေတဲ့ ဒေါက်တာ သန်းထွေးအောင်က မေးတယ်။ ဆရာမရော စိတ်ချရပြီလားတဲ့။ အင်းဆရာကို စိတ်ချရတဲ့အဆင့်ရောက်ဖို့ လိုတော့လိုနေသေးတယ်လို့ ပြန်ဖြေခဲ့မိပါတယ်။ လိုနေတယ် ဆိုတာ စိတ်မချရသေးလို့ပါဘဲ။ ကဲ ကျမလည်း ဆရာတော်ဘုရားကြီးရဲ့ အွန်လိုင်းပရိတ်သတ်ကို ဒေါက်တာ သန်းထွေးအောင်က ကျမကို မေးသလို ပြန်မေးလိုက်ပါဦးမယ်ရှင်။

စိတ်ချရပါပြီလား။ ဆရာတော်ဘုရားကြီးဟောတဲ့အထဲကလို ဟုတ်ဟုတ်ဟုတ် မဟုတ်မဟုတ်တော့ မဖြစ်ကြဘူးထင်ပါတယ်နော်။ ဆရာတော်ဘုရားကြီးဟာ မဟာမြိုင်တောကြီးမှာတုံးက မြန်မာစံတော်ချိန် ည(၇)နာရီဆိုရင် အဓိဌာန်ဖြင့် မေတ္တာပို့လေ့ရှိပါတယ်လို့ ဒေါက်တာသန်းထွေးအောင်မှ ကျမကိုပြောပြပါတယ်။ အဲဒီအချိန်မှာမေတ္တာခံယူနိုင်ပါတယ်။ မေတ္တာခံယူနိုင်ဘို့ဆို ကိုယ့်ဘက်က ခံစရာလည်းလိုတယ်နော်။ လထွက်ကြည့်မှ လရောင်မြင်ရတာပါတဲ့ရှင်။ လကိုဘယ်လိုထွက်ကြည့်ရမလဲ ဆိုတာကို ဆရာတော်ဘုရားကြီးက ဟောထားပါသေးတယ်။

ချစ်ခင်လေးစားမေတ္တာထားလျက်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts