ချမ်းမြေ့ရိပ်သာ အနီးစခမ်းမှ အရှင်ကရုညသည် ယခင်နေ့ည(၁၀)နာရီတွင် မန္တလေးမြို့ ဆေးရုံတွင် ဘ၀နတ်ထံပျံလွန်တော်မူသည်ဟုသိရပါသည်။ အရှင်ကရုညသည် ဓမ္မကထိကတစ်ဦးဖြစ်ပြီး တရားဟောကောင်းသကဲ့သို့တရားပြလည်းကောင်းသောဆရာတော်တပါးဖြစ်ပါသည်။ ဆရာတော်သည် ရွှေဘိုမြို့၊ ဆိတ်ခွန်ရွာသားဖြစ်ပါသည်။ ဆရာတော်သည် ရွှေဘိုကျောင်းမှ တဆင့် ရန်ကုန်ကျောင်းသို့ ဗိုလ်မှူးညီစန်း မိသားစု (တေးရေး-အောင်နိုင်စန်း၏ အစ်ကို)မှ ပင့်ဆောင်လာသဖြင့် ရန်ကုန်နိက္ကာယ်စာသင်တိုက်တွင် စာတက်ခဲ့သည်ဟု ဆရာတော်သက်ရှိ ထင်ရှားရှိစဉ်က ပြောပြခဲ့ဘူးပါသည်။
ဆရာတော်သည် မဟာစည်ဆရာတော်ဘုရားကြီး၏ ဇာတိရပ်မှဖြစ်သဖြင့် မဟာစည်ဆရာတော် ဘုရားကြီး၏ အရိပ်ကိုခိုလှုံကာ တရားများအားထုတ်ခြင်း၊ တရားများပြသခြင်းများကို ပြုလုပ်ခဲ့ပါသည်။
မဟာစည်ဆရာတော်ဘုရားကြီးထံမှ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ချမ်းမြေ့ရိပ်သာတည်ထောင်သော အခါ ဆရာတော် ဦးကရုညသည် ဟင်္သာတချမ်းမြေ့တွင်လည်း ကမ္မဌာနစရိယတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ခဲ့ပါသည်။ နောင်တွင် အနီးစခမ်းချမ်းမြေ့ရိပ်သာတွင် ကမ္မဌာန စရိယတာဝန်များထမ်းဆောင်ခဲ့ပါသည်။
ကျမအနေဖြင့် ချမ်းမြေ့ရိပ်သာမှ ကမ္မဌာနစရိယ ဦးကရုည အရှင်သည် ဘ၀နတ်ထံပျံလွန်သွားသည်ကို ယနေ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမွေးနေ့ ကျောင်းမှ အပြန် (မနက် ၈)နာရီခန့်တွင် ညောင်ဦး မြို့၊ ဇေတ၀န်ကျောင်းမှ အရှင်ဦးဇောတိသမှလည်းကောင်း၊ နေ့ခင်းတွင် အနီးစခမ်းချမ်းမြေ့ရိပ်သာတွင် ၀ါတွင်းတရားဝင်နေသော ဒေါ်ချိုချိုခိုင်ထံမှလည်းကောင်း၊ ညနေပိုင်းတွင် ဆရာတော်နှင့်ရင်းနှီးသော ဦးသာသနာ့(လောကနန္ဒာ)၊ ပုဂံမြို့သစ်မှလည်းကောင်း ဖုန်းသတင်းများ ပေးသဖြင့်ကြားသိရာ မိမိချမ်းမြေ့ရိပ်သာတွင်တရားထိုင်စဉ် တရားပြဆရာလည်းဖြစ်ခဲ့သော ဆရာတော်ဦးကရုညအတွက် စိတ်မချမ်းမြေ့ဖြစ်မိပါသည်။
အားလုံးသော တရားချစ်ခင် သူတော်စင်အပေါင်းတို့ ကျန်းမာချမ်းသာကြပါစေ။
Tuesday, July 23, 2013
အရှင်ကရုည ဘ၀နတ်ထံပျံလွန်တော်မူခြင်း (ချမ်းမြေ့ရိပ်သာ၊ အနီးစခမ်း)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး