Sunday, July 7, 2013

ဝိဇာတ မင်္ဂလာ ဓမ္မပူဇာ (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရ၂ နှစ်မြောက်မွေးနေ့ပူဇာ


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၂)နှစ်မြောက် မွေးနေ့အား ပူဇော်သောအားဖြင့် နေပြည်တော် ပုဗ်ဗသီရိမြို့နယ် လက်လုပ်တောင် သာသနာ့ ဟိတကာရီဂေါပကအဖွဲ့ အားလုံးနှင့် ဂေါစဂါမ်ရှိ ဒကာများ ဆရာတော်ဘုရားကြီးကို ကြည်ညိုကြသော ရပ်နီးရပ်ဝေး ဒကာများက ဗောဓိရိပ်ငြိမ်ဆရာတော်၏ သြ၀ါဒနှင့် အညီ (၁၀)ရက်တရားစခန်းပွဲကို ဒုလ္လဘရဟန်းခံ သံဃာတော်သီးသန့်ဖြင့် ပူဇော်ကြပြီး (ဗုဒေါဓရသ) အရှင်က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်ဆရာတော်-မှော်ဘီ)က တရာဟောပြသပေးမည်ဖြစ်ပါသည်၊

ကျင်းပမည့်နေ့ရက် - ၀ါဆိုလဆန်း(၅)ရက်နေ့မှ ၀ါဆိုလပြည့်နေ့အထိ။
                                (၁၂-၇-၂၀၁၃ မှ ၂၂-၇-၂၀၁၃) နေ့အထိ။
နေရာ                    - နေပြည်တော်၊  ဇဗ္ဗူသီရိမြို့နယ် လက်လုပ်တောင် သာသနာကုန်းမြေ
ဆက်သွယ်ရန်        - ဆရာတော် ဦးခေမာ 09-49203373 သို့ ရဟန်းဝတ်ရန် စာရင်းပေးနိုင်သလို လှူဒါန်းလိုက လှူဒါန်းနိုင်ကြ ပါသည်။
ဗုဒ`်ဓဟူးနေ့ညနေတွင် သင်္ကန်းဆီးကြမည်ဟုသိရပါသည်။ ယခုအချိန်အထိ စာရင်းပေးထားသူ (၁၂၀)ဦး ရှိထားသည်ဟု ဦးခေမာထံမှ သိရှိရပါသည်။ အကယ်လို့များ ရဟန်းခံကြသေးရင်တော့ နောက်ထပ် (၁၀)ဦးေ လာက်အထိတော့ ခွင့်ပြုနိုင်ဘွယ်တော့ရှိပါသည်ဟုလည်း သိရပါသည်။ ယခင်အစီအစဉ်အရ (၇၂)နှစ်ပြည့်မွေးနေ့ ရဟန်း(၇၂)ဦးသာ ရဟန်းခံရန်ရှိပါသော်လည်း ယခုအခါတွင် ဆရာတော်ဘုရားအား ကြည်ညိုသူ ဒကာများကို ငဲ့ညှာသောအားဖြင့် စာရင်းအရ ဦးရေ (၁၂၀)လက်ခံထားသည်ဟုသိရပါသည်။


ဒီနေမှာ ပိတ်ရက်မို့ ဆွမ်းကပ်ပြီးတာနဲ့ ပုတီးစိပ်တရားထိုင် ပုံမှန်အလုပ်ကိုလုပ်ဖြစ်ပါတယ်။ ပို့စ်လည်း တင်မယ်ကြံတိုင်း အင်တာနက်ရဲ့ အမြန်နှုန်းတွေဟာ အခုတလောသိသိသာသာကျသွားတဲ့အတွက် အချိန်ဟာ လိုအပ်တာထက်ပိုကုန်နေလို့ဖြစ်ပါတယ်။ ဒေါင်းလုပ်အချကောင်းလို့ သုံးနေတဲ့ ကွန်ပြူတာက လည်းပျက်သွား (ဗိုင်းရပ်)ကိုက်သွားတာလေ။ ကိုယ့်ဖာသာကိုယ်ပြန်လုပ်တော့လည်း ဗိုင်းရပ်ဆော့ဝဲကောင်း ကောင်းကမရှိ ဆိုင်ပို့ထားရပါတယ်။
တရားထိုင် ပုတီးစိပ်ရင်းနဲ့ ဥပ်ပါတသန္တိဘုရားရယ် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားတဲ့ ရွှေနန်းသွင်းလက်လုပ်တောင်စေတီဟာ မကြာခဏ အာရုံထဲမြင်မြင်နေလို့ ၊ စိတ်ထဲမှာ တမျိုးဖြစ်မိပါတယ်။ ကျမက ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူခိုးအိမ်ပေါ်တက်တာလည်း ခံလိုက်ရ သောကြာ်နေ့မှာလည်း ဆိုင်ကယ်က ၀ယ်ဖြစ်လိုက်ပါတယ်။ မူလကတည်းက လက်လုပ်တောင်က ဆ၇ာတော် ဦးခေမာက ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့ ဆရာတော်ဘုရားကြီးမွေးနေ့မှာ လက်လုပ်တောင် ဂေါပက အပါအ၀င် အားလုံး ရဟန်းခံကြမယ်ဆိုတာကြောင့် သွားလိုတဲ့အချိန်သွားပြီး ပြန်လိုတဲ့အချိန် ပြန်လို့ ရအောင် စီးတော်မြင်းလေး ၀ယ်လိုက်လို့ စိတ်ထဲက သွားခြင်နေတာလားလို့ တွေးလိုက်မိပါတယ်။ သို့သော် မဟုတ်ဘဲ ထပ်ခါထပ်ခါ မြင်နေတဲ့အတွက် တခုခုဘဲ ဆိုပြီး ကျောင်းက ဂေါပက ဦးထွေးမောင်ကို ဖုန်းနဲ့ဆက်မေးလိုက်တော့ ထင်ထားသလို မဟုတ်၊ ၁၀-၇-၂၀၁၃ ညနေရဟန်းဝတ်ကြပြီး နောက်နေ့မနက်တွင် အခန်းအနားပြုလုပ်မယ်လို့ သိရပါတယ်ရှင်။ ကျမလည်း ဒါလည်း ကြားရော ဆိုင်ကယ်နဲ့ပြေးရပါလေရော။
ကျမထင်ထားတာက ၀ါဆိုလပြည့်ကျော်(၁)ရက်မွေးနေ့မှာ စမည်ပေါ့။ ဆရာတော်ဦးခေမာက မှော်ဘီ ဗောဓိရိပ်ငြိမ်ကျောင်းကို မျက်လုံးဆေးကုဖို့ရောက်နေချိန် ကျမဖုန်းဆက်လိုက်တော့ စကားကောင်းကောင်း မပြောဖြစ်လိုက်တာလဲ ပါမယ်။ ဖုန်းနှစ်လုံးရဲ့ အဆင်မပြေမှုလည်းပါမယ်။ ဆရာတော် ဦးခေမာဖုန်းနဲ့ ကျမကိုင်တဲ့ ဖုန်းနဲ့က အခန့်မသင့်ဘူး ပြောရင်းမကြာခဏပြုတ်ကျတတ်တယ်။ တခါတလေလည်း ဖုန်းမချပါဘဲ ဖုန်းအလိုလိုကျသွားတတ်တယ်။ ကမ်းရိုးတန်းနဲ့ ဒဗလျူနဲ့ သိပ်အလျင်းမသင့်တဲ့သဘော နေမှာပေါ့လေ။ ဒီတော့ ကျမနားလည်ထားတာနဲ့ အခုက တလွဲဖြစ်နေပါတယ်။
 ကျောင်းရောက်သွားတော့ ကျမကို ဆရာတော်ဦးခေမာက ဗောဓိရိပ်ငြိမ်ဆရာတော်က တင်ထားတာလွဲနေတယ်လို့ ပြောတယ်လို့ပြောပါတယ်။ ကျမကလည်း လွဲနေလည်း ဆရာတော်ရယ် ဖုန်းဆက်ပြောရောပေါ့။ ဖုန်းကဒ် နှမျောလို့လားလို့ ပြန်လျှောက်မိပါတယ်။ တပည့်တော်တောင် ကံကောင်းလို့ ဦးထွေးမောင်ဆီဖုန်းဆက်မိလို့ပေါ့ဘုရားလို့။
ဆရာတော်နဲ့စကားပြောနေတုန်းမှာ ဆရာတော်ဦးခေမာဆီ ဗောဓိရိပ်ငြိမ်ဆရာတော်ဖုန်းခေါ်တော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်က နှုတ်နဲ့ စာစီပေးခဲ့ပါတယ်။ အဲဒါအပေါ်က ရေးထားတဲ့စာဖြစ်ပါတယ်။ သက်သေလည်းဖြစ်အောင် ကျောင်းက ပြန်အထွက်မှာ ကျမ ကျောင်းအ၀မှာ တပ်ထားတဲ့ ဆိုင်းပုတ်ကို ဓာတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်ရှင်။
ဆရာတော်ဘုရားကြီးမွေးနေ့ရက်တွေမတိုင်ခင် ကျမတို့ရဲ့ ရုံးပိတ်ရက်(၄)ရက်နဲ့လည်း တိုက်နေတဲ့အတွက် ကျမက ညောင်ဦးသွားမယ်လို့ စိတ်ကူးရှိခဲ့ပါတယ်။ အခုလို (၁၀-၇-၂၀၁၃)ကစပြီး ရဟန်းခံမည့်အစီအစဉ်တွေလည်း မသိခဲ့ပါဘူး။ ဒါကြောင့်ကျမက ညောင်ဦးသွားရမလား ဒီနေရမလားမသိဘူးလို့ ဒီမှာကလည်း ရဟန်းယောဂီဘဲလက်ခံတာ ကျမကတရားထိုင်ခြင်တာပြောမိတော့၊ ဒီမှာဘဲနေလို့ ကျမဆရာမကပြောပါတယ်။ အလိုလိုဖြစ်သွားမယ်လို့ ဆရာတော်ဘုရားကြီးကမိန့်တယ်လို့ ပြောပါတယ်။
ကျမက နောက်တပတ်တခါ ရဟန်းခံပွဲနဲ့လွတ်တယ် ညောင်ဦးသွားမယ် ဖြစ်ပြန်တယ်။ ဆရာမက ဆရာတော်ဘုရားကြီး အမိန့်အတိုင်းနာခံပါမယ်လို့ လျောက်လိုက်လို့ပြန်ပြောပါတယ်။ လုံးဝကို မထင်မှတ်ဖဲ ဒီနေ့ အဖြစ်အပျက်လေးဟာလည်း ထူးဆန်းသော တိုက်ဆိုင်မှုလို့ပြောရမှာပါဘဲ။
ရဟန်းနှစ်ပါးစာ သင်္ကန်းလှူဘို့ ကျောင်းကို ပြေးရတာပါ။ စီးတော်မြင်းလေးက အသစ်ဆိုတော့ တော်တော် ပြေးသား။ ဆိုင်ကယ်တွေရှားပါးတဲ့ကာလတုံးက စီးခဲ့တဲ့ ဆိုင်ကယ်စီးနည်းကလည်း ခပ်မေ့မေ့ ၊
လမ်းတွေမှားပြီး ကျောင်းကအပြန် ရေပြာဂေါ့ကွင်းထဲ ရောက်သွားတယ်။ ပြန်မထွက်တတ်တော့လို့ လာလမ်းအတိုင်းပြန်လှည့်လာပြီး စစ်သားလေးကိုမေးမှ လမ်းပေါ်ပြန်ရောက်လာတော့တယ်။
ဆရာတော်ဦးခေမာလည်း မနားရ ဖုန်းတွေက တဂွမ်ဂွမ် ၊ ဒီကြားထဲ ကျမကလည်း ကျမကျောင်းမှာ ရဟန်းခံမဲ့နေ့ တညအိပ်နိုင်ဘို့ အားမနာ လျောက်လိုက်သေးတယ်။ ဆရာတော်က ကျမကို အခန်းတွေမရှိလို့ အားနာပုံရပါတယ်။ နောက်တော့ ကျမက အလျော့ပေးမဲ့ပုံလည်းမရတော့ ထမင်းချက်တဲ့ အဆောင်မှာအိပ်လို့ အမိန့်ကျလာပါတယ်။
ကျမဆိုတဲ့ ကျမက ဆရာတော် ဦးဇောတိက မဟာမြိုင်မှာ သီတင်းသုံးစဉ် ဆရာ့တော် မယ်တော်လိုဖြစ်နေတဲ့ ဒကာမကြီး ဒေါ်လှမူ ၊ ဦးလှတင် (သမီး ဒေါ်ထွေးထွေးမာ)တို့နဲ့ အကာအရံမရှိတဲ့ ဇရပ်ကြီးမှာ အိပ်ပြီး ဆွမ်းထမင်းဟင်းတွေချက်ခဲ့ ကြရတဲ့ဘ၀ကလာတာပါ။ ကုသိုလ်ရေးရမယ်ဆိုရင် ပုဂံဘဲ ဆေးပေးရရ သူများမလုပ်ခြင်တာတွေကိုလုပ်လိုက်တာဘဲ။
ပျဉ်းမနား ဆင်ဖြူတောင်နားက အရိယာတောင်မှာလည်း တောကြီးထဲ (၃)မိုင်ခရီး ဖုန်အထပ်ထပ်နဲ့ ခြေလျင်လျောက်သွားကြတယ်။ တောတောင်ကြီးထဲက ဆွမ်းဆောင်မှာအိပ်ရတယ်။ ညဆို ငှက်သံ အကောင်အော်သံဘဲကြားရလေရဲ့။ အာလာဒင်မီးခွက်နဲ့ မမြင်မကမ်း ဆွမ်းချက်ခဲ့ရတဲ့ ဘ၀လည်း ကြုံခဲ့ လေရဲ့။ အခုလိုအကာအရံလေးနဲ့ဆွမ်းစားဆောင်ဆိုတာ သုတိသာဘုံတမျှပါ ဆရာတော်လို့ လျှောက်လိုက် ခြင်ပါရဲ့ရှင်။
စိတ်ဝင်စားသူ ဒကာများ ဆရာတော် ဦးခေမာ 09-49203373 ကိုဆက်သွယ်နိုင်ကြပါတယ်ရှင်။ အချိန်မှီ မြန်မြန်လေးဆက်သွယ်မှအဆင်ပြေမယ်လို့ တိုက်တွန်းပါရစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts