၁၂.၁.၂၀၁၃ နေ့မှာ ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်ကျမတို့အား ပညာတတ်အဖြစ်မွေးဖွားပေးရာ ကျောင်းကြီးမဟာမှာ (၁၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပတဲ့အတွက် ၊ မကျင်းပမှီ ကျမ၏ ၁၉၇၉ ကျောင်းဆင်းသူငယ်ချင်းများ လာရောက်တည်းခိုနိုင်ဘို့ ပြင်ဆင်ရတာကတကြောင်း၊ ပူဇော်ပွဲရက်တွေမှာ လည်း ပျော်ကြရွှင်ကြ ရှေးဖြစ်ဟောင်းအောင်းမေ့ဘွယ်များကို ပြောကြဆိုကြနဲ့၊ ဟော ပြီးသွားပြီး အကုန်ပြန်သွားကြတော့ မနေတတ် မထိုင်တတ်လေးဖြစ်နေရက နေတတ်ထိုင်တတ်အောင် အာရုံလေး ပြောင်းပြီး စရဏလုပ်ရဆိုတော့ တော်တော်လေးပို့စ်ရေးဘို့အခက်အခဲဖြစ်သွားပါတယ်ရှင်။
သို့သော် ကျမက ဆရာတော်ဘုရားကြီးရဲ့ ဘ၀ကန္တရ ခရီးကြမ်းကို ဖတ်ဖြစ်အောင်ဖတ်ရပါတယ်ရှင်။ အဲဒီအခါမှာ ကျမဟာ ကျမဖြစ်ခဲ့ကြုံတွေခဲ့တာတွေနဲ့တော်တော်ကို တိုက်တိုက်ဆိုင်ဆိုင် ရှိလှတာမို့
မပြုံးဘဲ ရီချမိလိုက်ပါတယ်။
အထူးသဖြင့် ဘိုးတော်အောင်မင်းခေါင်ကြီးနဲ့ပတ်သက်ဆက်နွယ်နေလို့ပါဘဲ။ လူအများစုက ဘုမသိ ဘမသိ ကဲ့ရဲ့နေတဲ့ သမထလမ်းမှာ အစစ်အမှန် အရိယာဝိဇ္ဇာတွေ အမှန်တကယ်ရှိနေပါတယ်လို့ ဆရာတော်ကြီးက ဟစ်ဟပြနေနေတာတွေ မလွဲမသွေ ကျမဘ၀အတွေ့အကြုံတွေနဲ့ တူနေတာကို ရေးတင်သွားပါမည်ရှင်။
အားလုံးကျန်းမာချမ်းသာကြပါစေ
Thursday, January 17, 2013
အာစရိယပူဇော်ပွဲကြောင့် မအားလို့ပိုစ်မတင်နိုင်ခဲ့တာပါရှင်
1:15 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး