၂၀-၁၁-၂၀၁၂ နေ့ မနက်(၁၀း၃၀)တွင် ကျမ လက်လုပ်တောင်ကျောင်းကိုရောက်ခဲ့ပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သာသနာပြုမဟာခရီးသည်စာအုပ်ကိုရေးသားသောဆရာတော် အရှင် က္ကုန္ဒာစရိယ (ဗောဓိရပ်ငြိမ်ဆရာတော်-မှော်ဘီ) ကြွေ၇ာက်လာသည်ဟု ဆရာတော်ဦးခေမာမှ သိရသဖြင့် ကျမသွားရောက်ကန်တော့ခြင်းဖြစ်ပါသည်။ ကျမလည်း ရုံးအလုပ်တဖက်နှင့်ဆိုတော့ အနည်းငယ် ပြာယာခတ်လျက်ရှိသည့်အလျောက် ဟိုမေ့ ဒီမေ့မေ့လျက် လမ်းတ၀က်မှ ဒါကျန်ခဲ့ပါသကော ဟုသတိရတော့သည်။
ဆရာတော် ဆွမ်းခံချိန်နှင့် ကျမကျောင်းရောက်ချိန်အကိုက်ဖြစ်လေရာ၊ ကျမသည် ပွပေါက်တိုးပြီဟု မိမိကိုယ်ကို မှတ်ထင်လျက် ပါလာသော မုန့်ကိုလောင်းရန်ပြင်ဆင်တော့သည်၊ ကျမလည်း ဆွမ်းမပါလာ မုန့်တော့ပါလာသဖြင့် ပါလာသော မုန့်အား ဦးညီ၏ အကူအညီဖြင့်လောင်းဖြစ်သွားတော့၏။
ဆရာတော်ကား အေးဆေးတည်ငြိမ်ပြီးအပြုံးမျက်နှာပိုင်ရှင်ဖြစ်ပါသည်။ အရပ်လည်းရှည်ရာ ဆွမ်းခံသည့်အခါ ကြည်ညိုဘွယ်အတိဖြစ်တော့သည်။ ကျမသည် ပြာယာခတ်သောစိတ်ကို ဆရာတော်ကြွလာသည်နှင့် သတိကပ်လိုက်မိပါသည်။ ဂုဏ်တော်တို့ကို စတင်ပြီးစိတ်ထဲမှရွတ်ဖတ်တော့ သည်။ မိမိရှေ့မရောက်မှီ မြတ်စွာဘုရားလက်ထက်တော်မှ သံဃာများကဲ့သို့အာရုံပြုလိုက်သည်။
ပြီးလျင်ရှေ့ရောက်သည်နှင့် နိဗာန်ဆုတခုတည်းကိုသာာ တောင်းလိုက်မိပါသည်၊
အစွဲတို့သည် ကျွတ်ရန်ခက်လှပါသည်။ သို့ကြောင့် နိဗ]္ဗာန်သည်လည်း ခက်ပါသည်။ အစွဲတို့ကို ပြုတ်ရန်ကားလည်း တသက်လုံးစွဲလာသော အစွဲ မွေးရာပါအစွဲ။ ဒီအစွဲတွေ ပြုတ်ခြင်လှပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး က ဦးဗောဓိ(ဗောဓိမြိုင်ဆရာတော်)အား အိပ်မက်ဖြင့်ဟောကြားခဲ့သော တရားထဲကလိုဖြင့် ဆွမ်းလေး တပုဂံလောင်းပြီးောတင်းလိုက်တဲ့ဆုတွေ (၁၀)မိနစ်လောက်ရပ်စောင့်နေရတယ် မဖြစ်လိုပါ။
ဆရာတော်နှင့်လည်း ကျမမှ အင်တာနက်တွင် ဆရာတော်စာစုများတင်ထားပါသည် တင်ခွင့်ပြုပါရန် ခွင့်တောင်းဖြစ်ပါသည်။
ဆရာတော်ကား ၂၃ -၁၁-၂၀၁၂ နေ့တွင် ညောင်ဦး ရွှေစည်းခုံတွင် တရားဟောကြားမည်ဖြစ်ပါသည်။ ကျမတို့လည်း မဟာဗောဓြိုမိုင်ဆရာတော်ဘုရားကြီး တောဝါထွက်လျင် (တန်ဆောင်မုန်း) အဖူးခံမည်လောဟု မျှော်တလင့်လင့်ဖြင့် မေးမြန်းစုံစမ်းကြသော်လည်း ယခုထိကားဘာမှ မကြားရသေး။ မျှော်လင့်နိုင်ပါသည် ဟုလည်း တချို့က ပြောကြသည်။ တကယ်လက်တွေ့ဘယ်သို့ရှိမည်မသိ။ မျှော်တလင့်လင့်ဖြင့်သာ.....
Wednesday, November 21, 2012
မျှော်တလင့်လင့်လင့်
5:54 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး