ကျမဘလော့ကို အားပေးဖတ်ရှုကြတဲ့ စာဖတ်ပရိတ်သတ်များကို လေးစားစွာ ခွန်းဆက်ပါရစေ။ ကျမဟာ ဒီနေ့ည ဘာသာရေးကိစ္စအသေးလေးနဲ့ခရီးသွားဘို့ဖြစ်ပါတယ်။ သွားမဲ့နေရာက ပုဂံညောင်ဦးကိုပါ။ နှစ်စဉ်လို သင်္ကြန်ကာလမှာသွားခဲ့တာ ၅ နှစ်တိုင်တိုင်ပါ။ ထူးဆန်းတဲ့ အဖြစ်အပျက်လေးတွေလည်း တင်ဘို့ စဉ်ထားပြီးသားပါရှင်။ ကံဆိုးခြင်တော့ ကျမကို ညောင်ဦးက သူငယ်ချင်းက သီတင်းကျွတ်ကြောင့် အခက်အခဲဖြစ်မယ်လို့ဆိုပြီး ဟိုကနေ ဒကာခံပြီးကားလက်မှတ်ဖြတ်ပေးလိုက်တာမှာ-
ရက်က ကျမတို့ဘက်က အပြစ်မဟုတ်ဖဲ ညောင်ဦး-မန်း(ညောင်ဦး)က မှားယွင်းမှုကြောင့် ကျမက ဒီနေ့ည ၇ နာရီကားနဲ့လိုက်မဲ့အစား မနက်ဖန်မနက်ဖြစ်သွားရပါတယ်ရှင်။
ကျမမှာ တကဲ့အဖြစ်အပျက်တွေ အိမ်မက်တွေက ပြောတာတွေ အများကြီး ကြုံခဲ့ဘူးပါတယ်။ အထူးသဖြင့် သမထနယ်ပယ်က အကြောင်းတွေပေါ့။ ကျမကတော့ ဘယ်နည်းဖြစ်ဖြစ်သေသည်အထိ ကျမတရားအားထုတ်နိုင်သလောက် အားထုတ်သွားမှာပါ။ သမထနယ်ပယ်ကို ဆွဲခေါ်ပေမဲ့ တင်းခံနေတဲ့ ကျမနဲ့ နယ်လုပွဲတွေခဏခဏဖြစ်သလို ကျမလည်း မကြာခဏ အခက်အခဲ ကြုံခဲ့ရပါတယ်။
ဒါကြောင့် ဆရာတော်ဘုရားတော်တော်များများတွေက သမထနယ်ပယ်ဆိုရင် တမျိုးတမည်လေးပြောကြ အားမပေးကြတာပေါ့ရှင်။
ကျမသူငယ်ချင်းတယောက်ရဲ့ အဖြစ်အပျက်လေးတခုကိုလည်းတင်ပေးမယ်လို့စိတ်ကူးထားပါတယ်ရှင်။
ဒါကတော့ ပညာပါရမီကို အတိတ်ကနေ ဘယ်လိုသယ်လာတယ်ဆိုတာလေးပါဘဲ။ အခု ခရီးမသွားဖြစ်လို့ ကျမကွန်ပြူတာပေါ်စာရေးနိုင်ခြင်းဖြစ်ပါတယ်ရှင်။
ကျမရဲ့ဘလော့လေးကို ဖတ်ကြတဲ့ စာရင်းလေးတွေကြည့်မိတိုင်း အရမ်းဝမ်းသာမိပါတယ်။ ကျမပေးနိုင်တာလေးတွေ အထူးသဖြင့် ဆရာတော်ဘုရားကြီးရဲ့တရားတွေကို မျှဝေပေးနိုင်တဲ့အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်ရှင်။
သီတင်းကျွတ်အခါသမယမှာ အားလုံးကျန်းမာချမ်းသာ ပျော်ရွှင်ကြပ်ါစေ။
မနက်ဖန်မနက် ခရီးထွက်မှာမို့လို့ နှုတ်ဆက်ခဲ့ပါတယ်ရှင်။ ကျမညောင်ဦးမှာ (၃)ရက်လောက်တော့ရှိနေပါမယ်ရှင်။
Saturday, October 27, 2012
သီတင်းကျွတ်အခါသမယမှာ အားလုံးမင်္ဂလာပါရှင်
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး