
ကျမဘ၀တွင် လူကြီးများစွာကြုံဘူးတွေ့ဘူးပါသည်။ တချို့သော လူကြီးများသည် ဆရာသမားကောင်းများဖြစ်ကြပါသည်။ မိမိတပည့်သားမြေးအပေါ် ညှာတာစိတ်ရှိသကဲ့သို့ မေတ္တာဖြင့်ဆက်ဆံခြင်း၊ သွန်သင်ဆုံးမသင့်သည်ကိုဆုံးမခြင်း၊ ကူညီခြင်းများပြုခဲ့တတ်သည်လည်းရှိသလို॥
တပည့်များအပေါ်တွင် လိုတာရမှ သင့်အတွက်ကောင်းသောတုန့်ပြန်မှုမျိုးကိုပေးမည်ဆိုသည်ကို ထုတ်ဖော်မပြောသော်လည်း ပညာတတ်သညာတတ် ဥာဉ်မျိုးစုံသုံးကာ ညစ်ကျ ထေးကျ ပေကြံကျအောင်လုပ် တတ်၊ အာဏာရှိခိုက် သူတပါးဘ၀တိုင်ထိခိုက်အောင် လုပ်တတ်ကြသော လူကြီးမျိုးလည်း ရှိကြပေသည်။
မိမိ မကြေနပ်လျင် မကြေနပ်သလို မရလျင်မရသလို ရဘက်သို့ စိုက်စိုက်လိုက်သော လူကြီးများအားလည်း တွေ့ရပါသည်။ ရပိုင်ခွင့်များ အား ညစ်ပြီးပိတ်ပင်သော လူကြီးများကို လည်း တွေ့ကြုံခဲ့ရပါသည်။ ထိုကြားထဲတွင် အင်မတန်မှစိတ်ထား ချစ်စရာေ ကာင်းသော၊ မေတ္တာစိတ်ကြီးမားသော ဆရာကောင်းသမားကောင်းများကိုလည်း ကြုံခဲ့ရပါသည်။ ထိုဆရာကောင်းသမားကောင်းများထဲတွင် သာသနာတော်ကိစ္စများကို ပါဝင်စေပြီး၊ ကုသိုလ်ရရှိအောင် နည်းပေါင်းစုံ ဒေါင့်စုံမှ ကူညီပံ့ပိုးပေးသော ဆရာနှင့်ဇနီးမိသားစု တစုရှိပါသည်။ ထိုမိသားစုကား မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရဟန်းတကာခြောက်ဦးထဲမှ တစ်ဦးဖြစ်သော ဒေါက်တာမြသွင်နှင့်ဇနီးဒေါ်ခင်ခင်ဆွေမိသားစုဖြစ်ပါသည်။ ဆရာတော်ကြီးသည် ဆရာ့အား သွင်ကြီးဟု လည်းကောင်း၊ ဒေါ်ခင်ခင်ဆွေအား ဆွေကြီးဟုလည်ကောင်းခေါ်လေ့ရှိသလို ဆရာ့သားဖြစ်သူအား ကျော်ထင်ဦး(ဆယ်ပြားကြီး)ဟု နှစ်လိုဘွယ် ပြုံးကာရွှင်ကာ ခေါ်ခဲ့သူ၊ မိသားစုဖြစ်ပါသည်။ ဆရာ့မိသားစုကောင်းမှုကြောင့် ကျမသည် ဆရာတော်ကြီး သီတင်းသုံးရာ နေရပ်တော်တော်များများအား ရောက်ရှိခြင်း၊ အခြားသော ဘုရားကျောင်းကန်များစွာသို့ ရောက်ရှိခြင်းနှင့် ကုသိုလ်ပြုလုပ်ခွင့်ရခြင်းများကို များစွာရရှိခဲ့ရသူဖြစ်ပါသည်။
တခါက လူကြီးတစ်ဦးမိသားစုနှင့် ကျမသည် မဟာစည်ရိပ်သာတွင် တရားထိုင်ရင်းဆုံဖြစ်ကြပါသည်။ တရားရိပ်သာမှ ရက်စေ့ပြီးထွက်သော် ထိုလူကြီးကို ရုံးကားမှလာကြို၏။ ကားမှလည်း အချောင်ကြီးဖြစ်ပါသည်။ သို့သော် မသိသလိုလုပ်ပြီး ရှေ့တင်ပင် မျက်နှာကို ပြောင်လိုက်တိုက်ခါ ထွက်သွားလေတော့သည်။
ရိပ်သာမှ ဘုန်းကြီးက ခင်ဗျားတို့ဌာနကမဟုတ်လား။ အေးဗျ ရိပ်သာလာပြီးဗျာ ကားလည်းအချောင်ကြီး။ ခေါ်တောင်မခေါ်ဘူးဟု ဆိုပါတော့သည်။
ဆရာကားထိုသို့မဟုတ် ဆရာတင်မက ဆရာ့ဇနီးသည်လည်း သိမ်မွေ့နုးညံ့သည်။ ဘာသာရေးလေးစားသည်။ သူတပါးကုသိုလ်ရအောင် တမင်လုပ်ပေးသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးလက်လုပ်တောင်ရှိစဉ် ဆရာသည်မကြာခဏ ဆရာတော့်ထံသွားလေ့ရှိသည်။ သွားတိုင်းလည်း လိုက်ခြင်သူများကို ခေါ်သွားလေ့ ရှိသည်။ ငါထမ်းခေါ်ရတာမှ မဟုတ်တာ ကားကအချောင်ကြီး သူတို့တွေလည်း ကုသိုလ်ရပါစေဟာဟုအမြဲပြော လေ့ရှိသည်။ ဆရာကားဆရာတော်ကြီးအားချစ်ကြည်ညိုသည်မှာလည်း ပြောဘွယ်မရှိ ဘယ်အရပ်သို့ရွေ့သွားသည်ဆိုသည်နှင့်လိုက်သွားတော့သည်။ တွေ့တွေ့မတွေ့တွေ့ ၊ ဖူးရရ မဖူးရရ ဂရုမထား။ ဆရာတော်ရှိရာအရပ်သို့အရောက်သွားတော့သည်။ ယခုလည်း ရွှေဘို ကျီကျင်းမှ (၈)မိုင်ဝေးသော နေရာတွင် သီတင်းသုံးနေသော ဆရာတော်ကြီးအား ကမူလေးပေါ်မှ မှုန်ပြပြမြင်ရသော ကျောင်းလေးအား ဖူးခဲ့ရသည်ဟုဆိုပါသည်။
ကျမသည် ယခုစာစုဖြင့် ကျမ၏ကျေးဇူးရှင်များဖြစ်သော ဘာသာရေးတွင် ကုသိုလ်များစွာရအောင်ပံ့ပိုးပေးသွားသော ယခုထက်တိုင်သွန်သင်ဆုံးမပေးနေသော ဆရာနှင့်ဆရာဇနီးအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ မေတ္တာတရားကြီးမားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သာဝက ပီသပါပေစွဟု။ ဆရာတို့မိသားစု ပြုပြုသမျှကုသိုလ်ကောင်းမှုတို့အား သာဓု သာဓု သာဓုခေါ်ဆိုလျက်
Thursday, August 9, 2012
ဆရာနှင့်လူကြီးထဲမှ ကျမတန်ဘိုးထားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဒကာ၊ ကျမ၏ဆရာနှင့်ဇနီး
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
(၂၉-၅-၂၀၁၂) မှ တလုံးထိ တလုံးသိ ဆုံးမစကား (ဆရာတော်ဘုရားကြီး မပဒါန်ဂူ၊ မိုးမိတ်တွင် ဆွမ်းခံသွားရာ ကားပေါ်တွင် နောက်လိုက်ပါ ဒကာများထဲမှ ပုတ...
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးကို မြန်မာလူမျိုးတို့မသိသူရှားပါသည်။ မစင်တွင်းသို့ စိတ်တိုတိုနှင့် ဓါတ်လုံးကိုပေါက်ပစ်မှ ဓါတ်လုံးအောင်ပြီး မျ...
-
လွန်ခဲ့တဲ့ (၄)လလောက်ခန့်က ကျမ ဆရာတော်ဘုရားကြီးရေးသားထားတဲ့ ဥလ္လမ္ပတု ဘိက္ခုဘာဝ ကထာကို ဖတ်ပြီးကတည်းက ဒီတရားကို အတော်ကို ကြိုက်နှစ်သက်...
-
ချုံနွယ်များဖြင့် ဖုန်းအုပ်နေသော ဘုရားအမှတ် ၂၀၁၆ အား တူးဖော်အပြီး မြင်ကွင်း နဂါးသုံးကောင်ခေါင်းအား အောက်မှ ထောက်ပံ့ထားသော သူငယ်တော်ရုပ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနောက်က ဦးသောမ(ထားဝယ်) ဘေးက ဦးသန်းလှ(တိံကြား)တို့ ဆွမ်းခံရာနောက် ကောက်ကောက်ပါလျက် အမှန်တော့ ဒီပုံက ဦ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး