ပညာတတ်၊ သညာတတ်တွေအပေါ် ဂုဏ်လုပ်ပြီးအနှစ်မဲ့နေတတ်လေရဲ့
ပကာသနပညာ၊ သညာတွေကိုတတ်ပြီး အဲဒါတွေအပေါ်ဂုဏ်လုပ်ရင်း ဘ၀ရဲ့တန်ဘိုးရှိတဲ့အချိန်တွေကို အများကြီးဖြုန်းပစ်ကြတယ်။ သဘာဝပညာကိုတော့ မေ့ထားတတ်တယ်။ ပညာလို့လည်းမထင်ကြဘူး။ သဘာဝ ပညာကတော့ သတိရှိမှ၊ ကျင့်မှရတယ်။ တချက်ခုတ်နှစ်ချက်ပြတ် လုပ်ရင်းကိုင်ရင်းလည်းယူတတ်ရင်ရတယ်။ ဒါပေမဲ့ ဒီလိုယူမဲ့အစား သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘ၀နာမယဥာဏ်လို့(၃)မျိုးထဲမှာ သူများပြောလို့ သိတဲ့အသိ၊ သင်လို့သိတဲ့အသိ၊ စာဖတ်လို့သိတဲ့အသိလေးတွေ(သုတမယ) အသိတွေနဲ့ အကာပေါ်မှာတင် မျောပေါလောပေါ်ပြီး ငြင်းချခုန်ကျ၊ ငါအသိ ငါအတတ်တွေလုပ်နေကြတယ်။ ခန္တာကိုယ်ထဲက သဘာဝတရားတွေရဲ့ သဘောသဘာဝကို ကိုယ်တိုင်သတိနဲ့စောင့်ကြည့်ပြီး သိတဲ့နက်နဲသိမ်မွေ့တဲ့ သဘာဝပညာကိုသိတဲ့ဥာဏ်က သာ အကာတွေခွာထုတ်တဲ့ အနစ်စစ်စစ် သဘာဝဓမ္မစစ်စစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ဆွဲခေါ်သွားမဲ့ ဥာဏ်စစ်စစ်ဖြစ်ပါတယ်။
ချမ်းသာအစစ်ကို မသိတော့ ချမ်းသာမှုအတုကို အစစ်ထင်ပြီးကိုးကွယ်နေတယ်.
သတ္တ၀ါမှန်သမျှ ချမ်းသာမှုကို အချိန်နဲ့အမျှရှာဖွေနေကြတယ်။ တရားတဲ့နည်းနဲ့ရှာသလို မတရားတဲ့ နည်းတွေနဲ့လည်းရှာကြတယ်။ အများစုရှာဖွေရရှိနေကြတာဟာ အာရုံငါးပါးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ချမ်းသာမှုတွေဖြစ်တယ်။ ဒါတွေဟာ အစစ်မဟုတ်ဖူး။ ခန္တာကိုယ်အတွင်းကို အသိဥာဏ်နဲ့မှီပြီးရတဲ့ ချမ်းသာအစစ်ကိုတော့ လူတွေကတန်ဖိုးမသိကြဖူး။ ရှာဖို့လည်းမေ့နေပြီး ဒါန၊ သီလလောက်တင် လမ်းဆုံးနေကြတယ်။ မရသေးတာတွေရလာရင် ထပ်ရဖို့ ခိုင်မြဲဘို့ ၊ ဒီပကာသနတွေကို ရရင်ချမ်းသာ နိုးနိုး အထင်ရောက်ပြီး အဲဒီနောက်ကိုဘဲ တကောက်ကောက်လိုက်ရတယ်။ ခိုင်မြဲတဲ့ချမ်းသာအစစ်ကို မိမိခန္တာကို မှာမရှာကြဘူး။ သံသရာအထိပါ အာမခံပေးမဲ့ချမ်းသာအစစ်က ခန္တာကိုယ်က သဘာဝကိုသိတဲ့ဥာဉ်ပါ။
Monday, August 20, 2012
ပညာတတ်၊ သညာတတ်တွေအပေါ် ဂုဏ်လုပ်ပြီးအနှစ်မဲ့နေတတ်လေရဲ့
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး