ဆရာတော်ဘုရားကြီး (မဟာဗောဓိမြိုင်)ကိုကြည်ညိုလို့တကြောင်း သိစရာမှတ်စရာလေးတွေက ရိုးရိုးရှင်းရှင်း ဟာသလေးနဲ့ ထိမိတာကတကြောင်း တကယ်လဲ ဆရာတော်ဘုရားကြီး နာမည်မကြီးခင်က တကောက်ကောက် လိုက်သလို ကျမဆရာတို့မိသားစုနဲ့ရောက်တာက တကြောင်းကြောင့် ကျမဒီဘလော့လေးရေးဖြစ်တာပါ။
ရုံးအလုပ်ကတဖက်၊ အင်တာနက်ကလည်း ဆိုင်မှာသုံးရပါတယ်။ ဒါကြောင့် အိမ်ကနေပို့စ်တွေရေးပြီးတင်ရပါတယ်ရှင်။ မညီမညာ မလှမပ စာလုံးပေါင်းမှားရင်နားလည်ပေးပါနော်။ နောက်ကိုလည်း စိတ်ဝင်စားစရာလေးတွေ ရေးမယ်စိတ်ကူးပါတယ်။ ကျမတို့နိုင်ငံနဲ့ အိန္ဒိယဆန္ဒပြပွဲလေး ဘယ်လိုကွာတယ်ဆိုတာသိစေခြင်လို့ ရေးဖြစ်တာလေးတွေရှိပါတယ်။ နိုင်ငံရေးမဟုတ်ပါဘူး။ ဘာသာရေးပါ။ ကျမတို့ရဲ့ ဗုဒ]္ဓက သူတို့ဆီပွင့်ပေမဲ့ သူတို့က ဒုတိယနေရာ တတိယနေရာထားခဲ့တယ်ဆိုတာ ရောက်ဖူးတဲ့သူတိုင်းသိမှာပါ။ ငြိမ်းချမ်းရေးမှာတော့ ကျမတို့ထက်သာပါတယ်။
တခုခုလေး မပြောခဲ့တော့ ရေးရတာအားမရှိပါဘူး။ အခုဆိုရင် ကျမဇာတိဖြစ်တဲ့ကချင်ပြည်နယ် မှာလဲ ငြိမ်းချမ်းရေးမရသေးပါဘူး။ ကျမမိသားစုရှိလို့ စိတ်လည်းမကောင်းပါဘူး။
မေတ္တာပို့ပေးရင်းနဲ့ဘဲ ကျမ ကြည်ညိုတဲ့ဆရာတော်ကြီးများတရားကို ရေးဖြစ်မှာပါနော်။ ဒီနေ့ ကျမရွှေစေတီတောရ ကိုသွားပြီး ဆရာတဦးရဲ့မွေးနေ့ဆွမ်းလောင်းကို သွားခဲ့ပါတယ်။ ဆရာတော်ဟာလည်း သက်တော် (၅၀)သာရှိပေမဲ့ ဆရာတော်ဦးဇောတိကနဲ့အတူ တရားအားထုတ် ဓူတင်ဆောင်ခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။ စရဏကို ဦးစားပေးတဲ့ တောရဆောက်တည်တဲ့ဆရာတော်တပါးပါ။ အလျဉ်းသင့် လျင် ကျမရေးသားပါဦးမယ်ရှင်။
မေတ္တာဖြင့်
Thursday, July 12, 2012
တခုခုလေးမပြောပေးတော့ ရေးရတာအားမရှိဘူးလေ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး