Wednesday, April 3, 2013

မာန်ကြီးစိုးရာ ဤကမ္ဘာ တဏှာလွှမ်းစေသည် (ဗုဒ္ဓစေတမန်မှ အရှင်ဣန္ဒောဘာသ၏ မွေးနေ့အတွက် လက်ဆင့်ကမ်းဓမ္မစာစုများ)




ပညာရှိသူတို့၏ သဒ္ဓါသည်

ငါမှငါဟူသော မာနစွန်းမရောက်။

ပညာရှိသူတို့၏ သဒ္ဓါသည်

အယူဒိဌိ ငြိနေသည်ဟူ၍ မရှိ။

ပညာရှိသူတို့၏ သဒ္ဓါသည်

          ပုဂ္ဂိုလ်ခင် တရားမင် တဏှာဟူ၍လည်း မရှိ။

ဝေဖန်ခွဲခြားခြင်း ဥာဏ်ပညာက သဒ္ဓါဥာဉ် သန့်စင်ပေးနေသောကြောင့်။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပီတိမှသည် … ဘ၀ပန်းတိုင်ဆီသို့ မှ)

.....................

မာန်ကြီးစိုးရာ  ဤကမ္ဘာ တဏှာလွှမ်းစေသည်။

(ဇာတိ၊ ပုည၊ ဂုဏ် ဂုဏ မာနမွေးရာမြေ)
ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊ မြတ်နိုးခြင်း၊ အားကိုးခြင်းဖြင့် ဂုဏ်ဈေးမြှင့်ထားမည်။

မာန်မြှောက်သလောက် မောက်မာ၊
မာန်ဖောက်တော့ မထောက်မညှာ၊
မာန်မှောက် အောက်ရွာဆင်း၊
ဓမ္မနိယာမအတိုင်း။
တစ်ဖက် ကောင်းသလောက် တစ်စောင်းမှောက် မှောက်တတ်သည်။
တစ်ဖက် ထိခိုက်သလောက် ငြိစိုက် စိုက်ကျသွားတတ်သည်။
တစ်ဖက် နစ်နာသလောက်လည်း ဗလာပေါက် ဂျောက်(ချောက်)ကျသွားတတ်သည်။
ပစ္စည်းဥစ္စာပြည့်စုံခြင်းသည် အထင်ကြီးခြင်း မြတ်နိုးခြင်း မာန်နိုးထစေ၏။
မာန်ထန်ခြင်းသည် အမြင်မှန် အသိမှန်ကို ပုန်ကန်ခြားနားစေ၏။
ထိုပုညမာန်ဖြင့်ပင် ယနေ့ မျိုးခြား၊ ရိုးခြားများ လက်ခမောင်းခတ်နေကြပြီ။ ကမ္ဘာ့မျိုးကောင်း၊ မျိုးသန့်များ အပေါ်စော်ကားရာ၌ ထိုပုညမာန်များက ထောက်ခံချက် ပေးနေကြလေပြီ။
ထိုမျိုးကောင်း မျိုးသန့်များ၌ အရိုးနောက် သတိ၊ အသိ၊ ဥာဏ်ပညာ အထောက်မပါသော် ယဉ်သလောက် ကျိုး၊ ရိုးသလောက်ကျ သိမ်မွေ့လှပသလောက် ကျွန်အောက် သားဖောက်ခံကြ ရတော့မည်။

တစ်ဖန် ဓန၊ အလှ၊ ပညာမှ ဖြစ်သော ဂုဏ်များကလည်း ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း၊ မြတ်နိုးခြင်း၊ အားကိုးခြင်းများစွာတို့ဖြင့် စိတ်ကြီးဝင် ဘ၀င်မြင့် မာန်အဖြစ် ၀င့်စေတတ်ကြရာ….

ထိုမာန်များကလည်း ဘ၀င်လေလှုပ်၊ နှလုံးသွေးများ လှိုင်းပုတ်ကာ ယုတ်စိတ်ကိုချည်းဖြစ်စေပြီး ငါနှင့် ငါသာနှိုင်းစရာသို့အထင်ရောက်ခဲ့ပြီ။

ထို ငါ့ကိုငါ အထင်ကြီးခြင်းဖြင့်ပင်…. ငါနှင့်သူယှဉ်မိလျှင် ထိုသူများ ငါနှင့်တန်သည် မထင်။ ငါ့ပစ္စည်းနှင့် သူ့ပစ္စည်းဖြစ်ခဲ့လျှင်လည်း ငါ့ပစ္စည်းကို မမှီဟုပင် ထင်မည်။
ငါ့ကို ငါမှလွန်၍ ပစ္စည်း၊ ဥစ္စာ၊ ဓနများနှင့် ပညာကို အမှီပြု၍ ဖြစ်သော မာန်များအထိ ၀င့်တက်လာပါမူကား သူ့တပည့်အရာလောက်သာထားတော့မည်။  မည်သူတွေ့တွေ့ တပည့်အစေခံ ကျေးကျွန်ဆက်ဆံနည်းမျိုးထက် ပိုမည်မဟုတ်ချေ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပီတိမှသည် … ဘ၀ပန်းတိုင်ဆီသို့ မှ)
 

 




ဗုဒ္ဓစေတမန်(အိမ်တော်ရာဝန်း)မှbhikkhu ido

(Independent Computer Software Professional )
 အရှင်ဣန္ဒောဘာသ၏ ဧပြီလ ၂၀၁၃ တွင် ကျရောက်မည့် မွေးနေ့အတွက် လက်ဆင့်ကမ်း ဓမ္မလက်ဆောင်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကား ကျင့်ကြံအားထုတ်ရင်းဖြင့် ခရီးပေါက်သလောက် သက်တော်လည်း ရချေပြီ။ သို့တစေ သတ္တ၀ါများကျွတ်လွတ်စေခြင်း အကျိုးငှာ မိမိအဖျားသွေး (၁၀၄)တိုင်အောင် တက်နေသည့်တိုင် မိုးကုတ်မြို့နယ် ညောင်နီကျေးရွာတွင် မပါဒါန်ဂူမှ ဆွမ်းခံမပျက် ခန္တာမငဲ့ သတ္တ၀ါများ အကျိုးငှာဆောင်ရွက်ခဲ့ပေသည်။
 အရှင်လည်း သာသနာ့အကျိုးကို ဒီထက်မက ဆထက်တန်ဘိုး ထမ်းဆောင်နိုင်ပါစေ။ ခန္တာဝန်ကိုလည်း ထမ်းဆောင်နိုင်ပါစေ။အသိုင်းအ၀န်းမာန်လည်း လျော့ချနိုင်ပါစေသတည်း။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts