၂၅-၃-၂၀၁၂ နေ့တွင် ညောင်ဦးမြို့မှ တဆင့်ခရီးစဉ်ဆက်လိုက်လာရာ ပခုက္ကူ ဧရာဝတီမြစ်တကျော ကားဖြင့် တစ်လမ်းလုံး မှတ်တမ်းများ ယူလာရာ မကွေးသို့နေ့ခင်း(၂)နာရီခန့်တွင်ရောက်ခဲ့ပါသည်။ သို့ရာတွင် ညအိပ်ရပ်နားရန် အစီအစဉ်မရှိသဖြင့်မကွေးမှ (၅)နာရီခရီးမောင်းနှင်ရသော ပြည်မြို့သို့ ရောက်ရှိခဲ့ပြီး ပြည်မြို့ ဟော်တယ်တိုညအိပ်တည်းခိုခဲ့ပါသည်။ ၂၆-၃-၂၀၁၂ မနက်စောစောထပြီးသော် ကျမတို့ အဖွဲ့သည် ဆရာ ဦးသန်းအေး ၏ ဦးဆောင်မှုဖြင့် မှတ်တမ်းကောက်ယူသောခရီးမစမှီ ပြည်မြို့ ရွှေဆံတော်ဘုရားနှင့် န၀ဒေးတံတားကိုဖြတ်၍ ရွှေဘုံသာမုနိ ဘုရားကို ဖူးမျှော်ခဲ့ရပါသည်။ ခရီးသွားရာမှ ရိုက်ကူးလာသော ပုံတော်များအား ဓမ္မသာလာပရိသတ်များအတွက် တင်ပေးလိုက်ပါသည်ရှင်။
|
ပြည်မြို့ရွှေဆံတော်ဘုရားပေါ်က ရှမ်းလူမျိုးတွေလှူဒါန်းသွားတဲ့ နှီးဘုရား |
|
ပြည်မြို့ ရွှေဆံတော်ဘုရားအား (၂၅-၃-၂၀၁၃) ဖူးမျှော်ရသည့် မြင်ကွင်း အောက်မှ ထီးတော်မှ မြန်မာတို့ထီးဖြစ်ပြီး၊ အထက်အဆင့်ထီးတော်မှာ မွန်တို့လှူဒါန်းထားသော ထီးတော်ဖြစ်ပြီး ထီးတော်နှစ်ဆင့်ဖြင့် ထူးခြားသောဘုရားဖြစ်ပါသည် |
|
ရွှေဆံတော်ဘုရားပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ ဘုရားရှင်အားပူဇော်ထားတဲ့ ပွဲများ |
|
ပြည်ရွှေဆံတော်ဘုရားပေါ်မှ ဖူးမြင်ရသည့် ဆယ်ထပ်ကြီးဘုရား |
|
ရွှေဆံတော်ဘုရားပေါ်မှ မှုန်မှုန်ရေးရေး မြင်ရတဲ့ န၀ဒေးတံတား မြင်ကွင်း |
|
ပြည်မြို့တဖက်ကမ်း န၀ဒေးကိုကျော်ပြီး သွားရင်မြင်ရသည့် မုနိလေးဆူ ဟု ပြောကြသော ရွှေဘုံသာ မုနိဘုရားတွင် တည်ထားကိုးကွယ်ထားသည့် မဟာမြတ်မုနိ |
|
ရှင်တော်မုနိ |
|
ဇလွန်ပြည်တော်ပြန်ဘုရားဆင်းတုအား ရွှေဘုံသာမုနိဘုရားတွင် ဖူးမြင်ရစဉ် |
|
ရွှေဘုံသာမုနိ အထူးဘုရားဆိုတော့မှန်တွေကာထားတော့ အရောင်ပြန်နေပါတယ် | ဆရာဦးသန်းအေးမှ မုနိလေးဆူရှိသည်ဟု ဆိုပါသည်။ မုနိလေးဆူဆိုသည်မှာ (၁) မဟာမြတ်မုနိ၊ (၂) ကျောက်တော် မဟာမြတ်မုနိ၊ (၃) ဇလွန်ပြည်တော်ပြန်မုနိ၊ (၄)ပြည်၊ ရွှေဘုံသာမုနိတို့ဖြစ်ပါသည်တဲ့ရှင်။ ကျမက ယခုတဆူပါဆိုလျင် (၄)ဆူစလုံးကို ဖူးမျှော်ပြီး ဖြစ်တယ်လို့ ပြောလိုက်တဲ့အတွက် ဆရာလည်း ကျမကို အံ့သြသွားပါတယ်။ |
|
|
|
|
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး