မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ လူသူတွေနဲ့ဝေးရာ တောနက်ကြီးထဲမှာ ကျင့်ကြံနေထိုင်ခဲ့တဲ့ နှစ်တွေများလှပါပြီ။ မမျှော်လင့်ဘဲ ဆရာတော်ကြီးဟာ ၂၀၁၂ ဧပြီလမှာ မိုးမိတ် မပါဒန်ကိုကြွသွားပြီး သီတင်းသုံးနေပါတယ်။ တလလောက်ကြာတော့ ရွှေဘိုကို ပြောင်းသွားပြန်ပါတယ်။ ရွှေဘိုက ယခင်သီတင်းသုံးခဲ့တဲ့ နတ်တလူတောရ၊ ကျီကျင်းအနီးအနား မှာလို့ ရောက်သွားတဲ့သူတွေ က ပြောကြပါတယ်။ အထူးသဖြင့် လက်လုပ်တောင် ဂေါစဂါမ်ရွာတွေက ဆရာတော်ကြီးရဲ့ဝေနေယျ သာဝက တွေဟာ ရွှေဘိုကို ချီတက်ပြီးသွားကြပါတယ်။ သို့သော် ညလည်းအိပ်လို့မရလို့၊ အဖူးမျှော်လည်း မခံ၊ ရွှေဘို သံ-ဟိ-တာကလည်း ဆရာတော်ဘုရားကြီးအမိန့်အတိုင်းဆိုတော့ သူတို့လည်း ညမအိပ် မဖူးရ လှည့်ပြန်လာရပါတယ်တဲ့။ သပိတ်တောင် သွားတင်ထားပေးရပါတယ်လို့ပြောပါတယ်။ အ၀င်မခံဘူးလို့လည်း သိရပါတယ်။
ဒါနဲ့စပ်လျဉ်းပြီး အရှင်က္ကုန္ဒာစရိယ အရှင်သူမြတ်က တရားပွဲမှာ ဟောပြောတော်မူပါတယ်။ ဆရာတော်ဘုရားကြီးဟာ သူ့ဝေနေယျတွေကို ကယ်ခြင်လွန်းလို့ တရားအားထုတ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းသလို တရားစခန်းပွဲကိုဖွင့်လှစ်ပေးတာလည်း အဲဒီရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း ၊ သို့သော် လူတွေကတော့ ဆရာတော်ဘုရားကြီး စေတနာကိုသဘောမပေါက်ကြောင်း၊ လူတွေဟာ ပူတယ်။ ဒါကြောင့် ဆ၇ာတော်ဘုရားကြီးဟာ လူတွေနဲ့ဝေးရာကို ပြေးတာဖြစ်ပါတယ်တဲ့။ ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ ရှိတဲ့စကားတစ်ခွန်းရှိတယ်တဲ့၊ အဲဒါကတော့ မျက်ရေပူတွေနဲ့လာပက်မလို့လား ဆိုတဲ့စကားပါဘဲတဲ့။ ဒီစကားနဲ့ပတ်သက်လို့ ဆရာဦးသန်းဝေကလည်း ပုံတောင်ပုံညာဘက်တွင် ဆရာတော်ဘုရားကြီး သီတင်းသုံးနေစဉ် တဲအမိုးများပေါက်နေသဖြင့် သွားရောက် ဖာထေးပေးရာ ဆရာတော်ဘုရားကြီး ဆွမ်းခံအပြန်တိုးနေပါတော့တယ်ဟုပြောပြပါတယ်။ ထိုအခါ ဆရာတော်ဘုရားမှ ဦးသန်းဝေအား ဘာလာလုပ်တာလဲ။ မျက်ရေပူတွေနဲ့ပက်မလို့လာတာလား ၊ ရန်တွေ့မလို့လာတာလားဟု မေးကြောင်း ဆရာဦးသန်းဝေမှ ပြောပြပါသည်။ ဆရာတော်ဘုရားကြီးကို ချစ်ကြည်ညိုသဖြင့် ဆရာတော်ဘုရားကြီးကြွသွားရာ နေရာသို့ လိုက်ကြသော တပည့်ဒယကာများ ပြောမည့် စကားများကို ကြိုသိနေသောဆရာတော်ဘုရားကြီးသည် ``ထိုသို့ ဆီးပြောသည်မှာ မဆန်းပါပေ။ ကျမဆရာဒေါက်တာမြသွင်သည် ဆရာတော်ကြီးတနေရာကြွသွားပြီဆိုလျင် ဘယ်ကသတင်းရသည်မသိ၊ အလုပ်တဖက်ကြားက ဆရာတော်ကြီး ကြသွားရာနေရာသို့လိုက်ပါတော့သည်။ တခါသော် ကျမအားခေါ်မည်ပြောကာ မခေါ်ဘဲ ထားခဲ့လေသည်။ ထိုအခေါက်က ဆရာလည်းမရောက်ခင် ဆရာတော်ဘုရားကြီးသည် တနေရာထပ်ကြွသွားလေရာ ဖူးလည်းမဖူးလိုက်ရသည့်အပြင် ကားဒုက္ခပေးသဖြင့် အတော်ဒုက္ခရောက်ရသဖြင့် ကျမအား နင်မပါလာတာ ကံကောင်းတယ်။ ငါ့မှာ ဒုက္ခရောက်လိုက်တာဟု ဆိုပါသည်။
ဖူးခြင်လို့လိုက်ပါမှ မဖူးလိုက်ရသဖြင့် ပက်လက်လှန်ကာ တပ်ပြန်ဆုတ်လာကြရသည်မှာ အကြိမ်ကြိမ်ပင်။ လူတို့သည် ပူလောင်လှ၏။ လူတို့ ကိုယ်မှ လောဘ၊ ဒေါသ၊ မောဟ စသည့် ကိလေသာမီး တငြီးငြီးလောင်နေပါသော်လည်း မိမိကိုယ်ကို မိမိ မမြင်နိုင်သော်လည်း အရိယာ သူတော်ကောင်းကြိးများသည် ထိုမီးအပူရှိန်အဟပ်ကိုတောင်မှ မခံနိုင်ကြတော့ပါ။ ကျမတို့ပုထုဇဉ်တွေက ကိုယ့်အပူကိုယ် အဟုတ်လုပ်နေတာ သိမ်းပိုက်ထွေးထားသော်လည်း အရိယာကြီးများသည် ထိုအပူ၏ အငွေ့ဒဏ်ကိုပင် ကြောက်ကြလေပြီ။ ဝေးရာသို့သွားရောက် သီတင်းသုံးပြီး အမိန့်အထပ်ထပ်ချကာ နေပါတော့သည်။ စည်းခြားလိုက်ခြင်းပါပေ။
ယခုအခါ ရွှေဘိုတွင် ဆရာတော်ဘုရားကြီး သီတင်းသုံးရာနေရာတွင် တစ်ဧကလောက် ရှိသော မြေနေရာပေါ်တွင် ဓမ္မရုံဆောက်နေသည်ဟု သွားရောက်ခဲ့သူ လက်လုပ်တောင်အဖွဲ့များ က မြင်တွေ့လာသဖြင့် တနေ့နေ့တွင် အဖူးခံမည်ဟု မျှော်လင့်စောင့်စားနေကြပါသည်။
သို့သော် တချို့ကလည်း တပေါင်းတွင် ရွှေဘို မင်းဘိသိက်ခံ ဆွမ်းဆန်စိမ်းလောင်းပွဲလာရင်း၊ ဒီဘက်ကို နယ်ကျွံမလာနဲ့ဟု ဆရာတော်ဘုရားကြီးက မိန့်ကြောင်း လည်းပြောကြတာလည်း သဲ့သဲ့ကြားလာခဲ့သည်။ ဘယ်သူတွေပြောတာမှန်တယ် မမှန်တယ် စောင့်ကြည့်ယုံသာရှိပါသည်။ ဆရာတော်ဘုရားကြီး မိန့်သလို မျက်ရည်ပူတွေနဲ့မပက်မိဖို့ကိုအကောင်းဆုံးနည်းကတော့ ဆရာတော်ဘုရားကြီး နှစ်သက်သော ဘဘုရားရှင် ထားရှိခဲ့သည် သစ္စာလေးပါးတရားတို့ကို ရောက်ရာရောက်ကြောင်း တ၇ားထိုင်ရင်း တရားဖြင့် ပူဇော်ခြင်းကသာ ဆရာတော်ဘုရားကြီးကို တန်ဘိုးထားကြည်ညို ရာရောက်ပါတယ် လို့ဘဲမှတ်ယူ လိုက်ပါတယ်။
တရားမှတ်မှတ်ပေးနေရင် ကိလေသာတွေဟာလည်း တဖြေးဖြေးပါးသထက်ပါးလာပြီး ပက်စရာမျက်ရေပူတွေအစား၊ မျက်ရေတွေဟာ အေးမြတဲ့စမ်းရေတွေလိုဖြစ်လာမှာပါ။ မိမိကိုယ်တိုင်လည်း ငြိမ်းအေးသလို ဆရာတော်ဘုရားကြီးအား ဝေးသော်လည်း နီးနေသည်မှာ ယခုလမ်းက လွဲလို့ မရှိနိုင်ပါ။ လိုက်နေသေးသမျှ ပြေးနေဦးမယ်ဆိုလျင် ကျမတို့၏ မျက်ရေပူများသည် သက်တော် ၀ါတော်ရလာသော ဆရာတော်ဘုရားကြီးအား ချစ်ကြည်ညိုရာေ၇ာက်နိုင်ပါဦးမလား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး