မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် လူဝတ်ကြောင်ဘ၀တွင် ဆေးဆိုးပန်းရိုက်အလုပ်ဖြင့်
အသက်မွေးရာ ဆေးဆိုးပန်းရိုက်အ၀တ်များအား ခိုးယူခြင်းခံရသဖြင့် အမှုဖြစ်ရတော့သည်။ အမှုရင်
ဆိုင်ရသောအခါ ရုံးမရောက်ဖူးသဖြင့် ကြောက်ဒူးတုန်မိသလို တရားသူကြီးများနှင့် တဖက်ရှေ့နေများ
အမေးခံရတော့မည်ဖြစ်၍ ရင်ခုန်မိသလို အချိန်ရှိသ၍ ထိုအမှုအကြောင်းကိုဘဲ စဉ်းစားနေမိသည်ဟု
ဆိုပါသည်။
ထိုစဉ် တစ်ညနေ၏(၅)နာရီခန့်တွင် တစ်ဦးတည်း ဘုရားခန်းရှိ
ကုလားထိုင်ပေါ်တွင်ထိုင်၍ အမှုစဉ်းစားနေစဉ် ငါတို့၏ ခြေရင်း နှစ်ကိုက်ခန့်မျှအကွာတွင်
လူကြီးတစ်ဦး တင်ပလ္လင်ခွေလျက်က ထိုင်နေသည်ကို သေချာတပ်အပ်မြင်တွေ့နေရ၏။ မျက်စေ့ မိတ်ကြည့်
ဖွင့်ကြည့်အတိုင်းသားပင် ။ ငါတို့ဘက်ကိုယ်စောင်းထိုင်။ မျက်နှာမှာညိုပြီး မေးရိုးကားသည်။
တင်ပလ္လင်ခွေနည်းကား ညာဒူးထက် ဘယ်ဒူးထပ်လျက်ကဖြစ်၏။ မျက်နှာအနေအထားကား အနည်းငယ် ငါတို့ဘက်ကရှိပြီး
မိုက်ကြည့်ဆန်ဆန်ခပ်ထန်ထန် အမူရာဖြစ်သည်။ ဆောင့်ကြွားကြွားနိုင်လှ၏။ အကျီင်္မှာ အဖြူရောင်
ကော်လံမပါ။ ပုဆိုးကား အဖြူနှင့်အပြာနှစ်မျိုး ကန့်လန့်ပတ်လည်သာဖြစ်၏။ အဖြူတစ်ရစ် အပြာတစ်ရစ်
ပတ်လည်လှည့်အဆင်မျိုးဖြစ်၏။
စိတ်ဝင်တစ်စားကြည့်ကောင်းကောင်းနှင့်တစ်နာရီကြာမျှကြည့်နေမိ၏။
၎င်း၏ ဆံပင်ကား ကတုံးဆံထောက်ဖြစ်ပြီး ဆံပင်အထက်မှ အလင်းရောင်အရိပ်ထပ်ကိုပါ မြင်တွေ့နေရ၏။
ဇနီးသည် ရောက်ခါနီးကျမှ မှုံပျောက် ပျောက်ဆုံးသွားချေတော့၏။ ငါစိတ်စွဲ၍ ထင်၏ဟုသဖြင့်
ခပ်ပေါ့ပေါ့နှင့် ပြီးပျောက်ရ၏။
မကြာလေ ငါတို့ခြေရင်းရှိ အိမ်တွင် ပိတ်ဖြူစင်ကြယ်ဝတ် ဘိုးတေဇ
(လူအမည်ဦးထွန်းရင်) ဆိုသူရောက်လာ၏။ ရောက်စကပင် ငါ့တို့ကိုကြည့်လျက်က သည်ပုဂိုံလ် တစ်မျိုးလေးဘဲဆိုကာ
ငါတို့လှုပ်ရှားမှုကို အကဲခတ်နေချေ၏။
တစ်နေ့ ဇနီးသည် ထိုအိမ်ရောက်သွားသောအခါ အမှုနိုင်လိုချင်သူ
တာဝန်ယူသည်ဟူသော စကားနားထဲသွင်းပေးလိုက်၏။ ဇနီးသည်ကလည်း ရောက်မဆိုက်ဖောက်သည်ချ၏။ ငါတို့ကလည်း
အမှုနိုင်ပြီးရော ဘာလုပ်ရ လုပ်ရဟူ၍ ဆုံးဖြတ်လိုက်၏။
နောက်ရက်များတွင် ၄င်းထံငါတို့သွားတွေ့၏။
ခင်ဗျားအကြောင်း ခင်ဗျားသိခြင်ရင် (၄၅)ရက်လောက် န၀င်္ဂသီလဥပုသ်နှင့်
အဓိဌာန်ဝင်ကြည့်ပါ ဟူ၍ မဆီမဆိုင်ဆိုလာ၏။
သွားစဉ်တုံးက အမှုအတွက်။ ယခုသော် ထိုအမှုမှာ သူတပါးအမှုကားမဟုတ်
ငါတို့အမှုသာ ဖြစ်ချေတော့၏။ အမှုတန်းလန်းကြီးနဲ့ဗျာ့-ဦးလေးရ ဟူ၍ ငါတို့က အရေးဆို၏။
အို-အမှုက သူ့ဟာနှင့်သူ ပြီးသွားမှာ၊ ခင်ဗျားပူစရာမလိုပါဘူး ဟူ၍ဆိုပြန်၏။
အဆိုးကြိုက်သဖြင့် အကောင်းမှထွက်ခွာလာခဲ့သော ငါတို့ကို
အကောင်းယူပါဆိုသဖြင့် ခပ်အင်အင်သာဖြစ်နေတော့၏။ ထိုအခါ အဆိုးကြိုက်ရာမှ အဆိုးတိုက် အတိုက်ခံထားရသဖြင့်
ဘ၀နာနေသော ငါတို့ကား စိတ်မှကား ၀င်စားလာ၏။ ကိုယ်တွေ့ကားစိတ်မပါသေး။ သို့ကြောင့်-
အိပ်ရာဝင်ခါနီးကျမှ ဥပုသ်ယူလျင်ကော ဈေးဆစ်ကြည့်၏။
ရတယ် ရတယ်၊ လုပ်မှာသာလုပ် ဟူ၍ သာသာထိုးထိုး အခွင့်အရေးပေးတော့၏။
ဤနည်းဖြင့် စိတ်မပါသော်လည်း အမှုနိုင်လိုဇောဖြင့်(၄၅)ရက်၊
န၀င်္ဂသီလ၊ အိပ်ရာဝင်ကာနီးမှသာ၊ အဓိဌာန်လေးမျိုးကို ကြိုးစားရန် တာစူချေတော့၏။ ထိုတာစူခြင်းကား
အဆိုးကြားမှ အကောင်းဖွားရန် ကိုယ်ဝန်ဆောင်ခြင်းတစ်မျိုးတည်း။
Note: Bava Kandara Travel by Mahabawdimyaing
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး