Thursday, June 21, 2012

မင်းဘိသိက်ခံဂါထာတော်ကြီး (မြန်မာ -အင်္ဂလိပ်)

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

ပူဇော်တော်မူသော

မင်းဘိသိက်ခံဂါထာတော်ကြီး

ပဉ္စမာရေ ဇယေ ဇေဌံ၊ ဒမေ မေတ္တံစ သေနိယော

ဧဒိသော ဝေဒိတော လောကံ၊ မံဓာရေတု မင်းဘိသိက်ခံ။

=================================

ယော- အကြင်ဘုရားမြတ်သည်၊ ပဉ္စမာရေ- ဒေ၀ပုတ္တစသည် အပြားမာရ်ငါးပါးကို၊ ဇယေ- အောင်နိုင်တော်မူခြင်းကြောင့်၊

ဇေဌံ-လောကတွင် အမြတ်ဆုံးအကြီးဆုံးတည်း၊ မင်းဘိသိက်ခံ-လောကသုံးပါးတို့၏ ဦးအတိုက်ခံ မင်းအမှန်တည်း။

သေန-လာရောက်တိုက်ခိုက် ရန်စစ်သည် အမိုက်အားလုံးတို့ကိုလည်း၊ မေတ္တံစ- ဓားလှံမဖက် မေတ္တာတော်သက်သက်ဖြင့်သာ၊

ဒမေ-မီးလျှင်ရေသည်း နှိမ်နည်နည်းဖြင့် ယဉ်ကျေးစွာဆုံးမတော်မူတတ်သောကြောင့်လည်း ၊ ဇေဌံ-လောကတွင် အမြတ်ဆုံး အကြီးဆုံးတည်း။

မင်းဘိသိက်ခံ- အောင်သူတကာတို့၏ထိပ် ဘိသိက်ခံခြင်းတည်း။ လောကံ-လောက သုံးပါးရှိရှိသမျှ ဝေနေယျ အစားစားများကိုလည်း ဧဒိသော-ကိုယ်တော်နှင့်မခြား အလားတူစွား၊ ဝေဒိတော- ကံအကျိုး၊ ဈာန်အကျိုး၊ ဥာဏ်အကျိုးနှင့် တန်ခိုးတေဇ ကျိုးဖလကို မျှစေ တစေ ခံစားစေတော်မူပါ၏။ သော- ထိုဘုရားမြတ်သည်၊ မံ-လောကဘုံရိပ် ဦးကင်းထိပ်ဝယ် ဘိသိက်ခံလို စံစားလိုသော ကျွန်ုပ်ကို(၀ါ) လောကထိပ်တင် ဦးထိပ်ပြင် ဘုရင်ဖြစ်လို မင်းဖြစ်လိုငြား အကျွန်ုပ်အား၊ မင်းဘိသိက်ခံ- ရေစင်သွန်းဖိတ် မှတ်တံဆိပ်ဖြင့် ခတ်နှိပ်ဖွဲ့မှန် မင်းဘိသိက်ခံအဖြစ်သို့(၀ါ) မှန်းရာကိစ္စ ဒိဌအောင်မြင် အောင်ပွဲဆင်အဖြစ်သို့၊ ဓာရေတု-တန်ခိုးတော်ဟုန် ဘုန်းတော်စုံဖြင့် လွှမ်းခြုံကူထောက် ချီးမြှောက်ပေးသနားတော်မူပါဘုရား။

[ဗောဓိ ၅ မျိုးမှ မိမိကြိုက်နှစ်သက်ရာဖြင့် ဆုထူးပန်ဆင် ပြည့်နိုင်ကြပါစေ] -မဟာဗောဓိမြိုင်ဆရာတော်ဘုရာကြီး

မှတ်ချက်။ ။ ဆ၇ာတော်ဘုရားကြီး၏ အသက်(၇၀)ပြည့်မွေးနေ့တွင် ဝေဌသော စာအုပ်ငယ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

The Holy, Mimbisikham Great Verse paid homage by

His Venerable Mahabhõ dhimyaing Sayadaw Gyi

Panca Mãre Jaye Jettham, Dame Mettamca Seniyõ,

Edisõ Veditõ Lokam, Mandhãretu Minbisikham

It is the Lord Buddha (our Lord), who is truly the Greatest and Noblest in whole universe worthy of homage by all, as he gains conquest upon five Marãs(Enmities) including Devaputta Mãra, the Evil one.

It is the Lord Buddha, (The Enlightened One) who tames the aggressive ones, armed to teeth, without violence but with ultimate love, just as water puts out the fire, becoming the greates of the greatest and gaining limitless success.

He shares the benefit of Kamma, Jhana, wisdom and powerfulness to all those in the three word, namely Karma, Rupa and Arupa exactly the same as Him.

May the unrivalled One, our Lord, endow upon me that have been longed for one of the five Bhodis, that is unrivalled Englightment (Sammasambodhi), Enlightenment of a lesser Buddha (Paccekabodhi) and three status of ARiya Disciple, namely chief, great and ordinary one the minbisikham, the truest success of all the success whether mundance or not by His might and powerfulness.

[May you be able to set forth in paying homage daily to Reflect upon these with Mindfulness]- (AD-2011)



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts