Saturday, November 17, 2012

ပျဉ်းမနား လက်လုပ်တောင်တွင် ကထိန် မနက်ဖန်ကျင်းပမည်

မနက်ဖန်မဟာဗောဓိမြှို်င်ဆရာတော် ဘုရားကြီး သီတင်းသုံးသွားခဲ့သော ပျဉ်းမနား လက်လုပ်တောင်တွင် ကထိန်ရှိပါသည် ကျမသွားဖြစ်မသွားဖြစ်မသေချာပါ။ သွားခြင်ရခြင်းအကြောင်းမှာ ဗုဒေ]္ဓာရသ အရှင် က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်ဆရာတော်-မှော်ဘီ) ကြွလာမည် ဟုသိရသဖြင့် ဆရာတော်နှင့် တွေ့ဆုံလိုပါသဖြင့် သွားလိုခြင်းဖြစ်ပါသည်။ ယခုတလော ကျမသည် အစည်းအဝေးများနှင့် ဆက်တိုက်ဖြစ်နေလေရာ လေအေးစက်အခန်းတွင် အချိန်ကြာကြာနေရသည့်အတွက် နဂိုက အအေးပတ်ခြင်ခြင်ဖြစ်သော အခံတွင် ၄င်းဒဏ်ကထပ်ဆင့်လေရာ နှာစေးခြင်း ချောင်းဆိုးခြင်းက မပြတ်တော့။ ဖျားလည်းဖျားသွားသေးသည်။
တခါတရံကချင်ပြည်နယ်သူလို့ဘယ်လိုပြောရမှန်းမသိအောင်ပင် အအေးဏ်မခံနိုင်တော့။ အညာသူလုံးလုံး ဖြစ်မှန်းမသိဖြစ်လာတော့သည်။
လက်လုပ်တောင် ဦးဇင်း ဦးခေမာထံဖုန်းဆက်ရာ ဖုန်းမကိုင် သဖြင့် ဆ၇ာတော် ကြွလာမလာသေချာမသိရသေး။ မနက်ဖန် ကြွလာသော် နေ့ခင်းလောက် ဖြစ်ဖြစ်သွားရမလားဟု စဉ်းစားနေမိသည်။ ဦးခေမာလည်း ကျောင်းတွင် ယောဂီဆောင်များဆောက်နေလေရာ အလွန်အလုပ်များလှပါသည်။
ဆရာတော်ဘုရားကြီး၏ တရားများနှင့် အကြားအမြင်လောက၏ အရှုတ်အထွေးများအကြောင်းများကို ဆက်လက်ရေးသားသွားပါမည်။ လောလောဆယ်တွင် ကျမ ဂျပန်မှလာရောက်ပြုလုပ်မည့် အစည်းအဝေးတခုအတွက် အလုပ်များရှုတ်နေသည့်အတွက် ဖြစ်ပါသည်ရှင်။
အားလုံးကျန်းမာချမ်းသာကြပါစေ။ သဘာဝဘေးအန္တရာယ်များမှလည်း ကင်းဝေးကျပါစေ။
စိတ်ဆင်းရဲခြင်းမှလည်းကင်းဝေးကျပါစေ။
မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts