Tuesday, October 16, 2012

သဒ္ဓါကောင်းသလောက် ပညာစောင်းထက်ရမယ် (အပိုင်း-၂)


လောဘဖိနပ်တဖက် သောကဖိနပ်တဖက်နဲ့ဒို့ဆီလာတာ၊ သတိအသိဆိုတဲ့ ၀ိဇ္ဇာဖိနပ်စီးပြီးလာတာမဟုတ်ဖူးဆိုတဲ့
တောထဲနေတာ တရားအားထုတ်တာမဟုတ်ဖူး။ ဆိတ်ငြိမ်တဲ့အာရုံကို လိုခြင်လို့ထွက်တာ။ တရားက ကိုယ့်ခန္တာထဲရှိနေပြီးသား။ မကောင်းမှုလုပ်ခြင်သလားလုပ်။ ကောင်းမှုလုပ်ခြင်သလားလုပ်။ မကောင်းမှု  ကောင်းမှုလုပ်နေတဲ့ စိတ်နေစိတ်ထား၊ မဟုတ်တာလုပ်နေတဲ့ စိတ်နေစိတ်ထား သတိရှိတော့သိလိမ့်မယ်။
မဟုတ်တာလုပ်တဲ့အချိန် ခံစားရတဲ့စိတ်။ ဟုတ်တာလုပ်တဲ့အချိန် ခံစားရတဲ့စိတ်။ ဒို့ကမဟုတ်တာလုပ်လည်း မိန့်မိန့်ကြီးနဲ့လုပ် မဟုတ်တာလုပ်တော့လည်း မိန့်မိန့်ကြီးနဲ့လုပ် သဒ္ဓါတော့ပါတာပေါ့ ပညာမပါဘူးပေါ့။ ပညာမပါတော့ လိုခြင်တာကို မရဘူးပေါ့ တစ်ဘီးလိမ့်ချည်းဖြစ်နေတာပေါ့။ ကိုယ်သွားခြင်တဲ့ လမ်းရောက်နိုင် ပါ့မလား။
ညောင်လွန့်ဆရာတော်ကြီးထင်တာဘဲ။
သဒ္ဓါနဲ့ပညာ၊ သမာဓိနဲ့ဝိရိယ နှစ်ကောင်ကသောနွားကဲ့သို့ ထမ်းဆောင်နေပါမှ
ဝိပသနာယာဉ်ကြီးသည် နိဗ္ဗာန်ရောက်အောင်သွားနိုင်မည်။
ဆုကောဘယ်နှစ်ခါတောင်းဘူးသလဲ နိဗ္ဗာန်။ သြကာသနဲ့ နေ့တိုင်း ဆုတောင်းနေတာပါဗျာ။ ဆိုးလာ လုပ်နေတဲ့အချိန် စိတ်နေစိတ်ထား၊ ခံစားရတဲ့ ဝေဒနာ။ ကောင်းတာလုပ်နေတဲ့အချိန် စိတ်နေစိတ်ထား၊ ခံစားရတဲ့ ဝေဒနာ။အဲဒါသိစေခြင်တာ အဲဒါတရားဘဲ။ ရိပ်သာတွေဘာတွေသွားမနေနဲ့။ ရိပ်သာက နေပြည်တော်တွေနဲ့ ပြောရင်တော့ တရားရှာတာ မဟုတ်ဖူးဗျ၊ သင်တန်း သင်တန်း။ သင်တန်းဆိုတာ ရှေ့တန်းမဟုတ်ဖူးဗျ။ မူလတပ်ဖွဲ့ထားတာ။ အဲဒီကသင်တန်းအောင်ပြီးပြီဆိုမှ ရှေ့တန်းပို့တာမဟုတ်လား။ စစ်တိုက်ရမှာက အိမ်မှာဗျ။ အိမ်မှာစားကျက်(၅)မျိုးထင်တယ်။ မြင်အာရုံ ကြားအာရုံမဟုတ်လား။ သူ့စိတ်ကိုယ့်စိတ်လုရမှာမဟုတ်လား။ သတိနဲ့မမှတ်ရင် ကြက်မြင်ရင် ကြက်စိတ်ဖြစ်သွားတာ အဲဒီမှာ ကိုယ့်စိတ်ဖြစ်အောင်လုပ်ရမှာ။  ဘယ်နှစ်ခါတိုက်ပြီး ပြီလဲ။ ကြက်နဲ့တိုက်ရမှာမဟုတ်လား။ မိုးကုတ်ကနိုင်လား ကြက်ဖက်ကနိုင်လား။ ကြက်ဖက်ကနိုင်သွားတာချည်းထင်တာဘဲ။ (ကြက်ဖက်ကနိုင်တယ်ဘုရား) သေတောင် ခင်ဗျား မိုးကုတ်တွေ ကြက်သုံ့ပန်းဖြစ်နေမှာ။ မိုးကုတ်ရှိနေလည်း ကြက်မျိုးကနည်းတယ်။ မိုးကုတ်က လူတွေ ကြက်ပြန်ဖြစ်နေတာများတယ်။ ဥပဒါန်ပစ္စယာ ဘဝေါ ဆိုတာကိုး။ မြင်တာနဲ့ ကြက်စိတ်မဖြစ်ရဘူး။ ကိုယ့်စိတ် ဖြစ်ရမှာဗျ။ အဲဒါစစ်ပွဲဗျ။ တိုက်နိုင်အောင် ရိပ်သာကသင်တန်းပေးတာဗျ။ စစ်မြေပြင်က ရွာထဲကစစ်ပွဲဗျ။ ရွာထဲက စစ်မြေပြင်ဗျ။
နင်တို့ခုမှတိုက်တော့ နင်တို့ ထောင်ထဲကနေတော်လှန်ရေးလုပ်နေတာနဲ့ဘာမှမထူးဘူး။ ထောင်ထဲက တော်လှန်ရေးလုပ်သလို ဖြစ်မှာပေါ့။ ဗေထိဆိုနင်တို့ ကွဲမှာဘဲ။ မှတ်ရမှာ။ သဒ္ဓါအားကောင်းပြီး ပညာမလိုက်ရင်  သတိက ကြားကညှိပေးရမှာ။ သတိသည်-ဗိုလ်ချုပ်ဖဲ။ သမာဓိအားကောင်းလို့ ၀ိရိယနည်းနေရင် သတိက ညှိပေးရမှာဘဲ။ ၀ိရိယဘက်ကလွန်နေလို့ သမာဓိအားနည်းနေရင် သတိက ညှိပေးရမှာဘဲ။ သဒ္ဓါနဲ့ပညာလည်း သတိက ညှိပေးရမှာ။ အားကောင်းပြီး ပညာမလိုက်ရင်  သတိနဲ့ညှိပေးရမှာ။ ဘုရားရှေ့မှာသွားထိုင်ပြီး တရားမှတ်ဘို့ပြောတာ မဟုတ်ပါဘူး။ ဘုရားရှေ့မှာစစ်ပွဲမရှိပါဘူး။ ကြက်မြင်တာနဲ့ ၀က်မြင်တာနဲ့ မြင်ခြင်တာမြင် ဘာမြင်မြင် ကိုယ့်ဘက်ကဘဲ။ ကိုယ့်စိတ်နဲ့ကိုယ် ခံစားတာနိုင်ဘို့။ ကြိုက်လို့ခံစားတာ မဖြစ်ပါစေနဲ့၊ မုန်းလို့ခံစားတာ မဖြစ်ပါစေနဲ့။ ကြိုက်စိတ် မကြိုက်စိတ်က ဒို့စိတ်မဟုတ်ဖူး။ ဒို့ပြောနေကြဆိုရင် ခန္ဓာကဓါတ်သွေးကပြောတာ ဓါတ်သွေးက ဓါတ်စာတောင်းတာ။ သူ့ဓါတ်နဲ့တည့်ရင်ကြိုက်တယ်။ သူ့ဓါတ်နဲ့မတည့်ရင် မကြိုက်ဖူး။ အဲဒါလူစိတ်မဟုတ်သေးဖူး။ အဲဒါမောဟသိလို့သုံးပါတယ်။ မောဟသိဟာ နယ်အကျယ်ဆုံးပါ။ ပညတ်သိနဲ့လုပ်ခဲ့တာမှန်သမျှမောဟသိဘဲ။ အဖေပြော အမေပြောနဲ့ ပညတ်သိနဲ့ လုပ်ခဲ့တာ။ လက္ခဏာကြီး(၃)ပါးမသိတာလည်း အ၀ိဇ္ဇာဘဲ။ သစ္စာကို အမှန်အမှန်အတိုင်း မသိတာလည်း အ၀ိဇ္ဇာဘဲ။ အ၀ိဇ္ဇာကနယ်အကျယ်ဆုံး။ ဓါတ်သွေးက လုပ်နေတာ။ လူကမဟုတ်သေးဘူး။ မိုးကုတ်တွေ လူဖြစ်ပလားဆို။ ကြိုက်တာမပါစေရဘူး။ မကြိုက်တာမပါစေရဘူး။ မသိ တာမပါစေရဘူး။ ကြိုက်-မကြိုက်-မသိ မပါဘဲနဲ့ဆိုရင် ဓါတ်သွေးမပါဘဲ လူသွေးနဲ့ဖြစ်အောင်လုပ်ရမှာလေ။ အဲဒါမှ လူဖြစ်မှာ။ (ကြိုးစားမှပါဘုရား)။ ဘယ်ဘုန်းကြီးနဲ့တွေ့တွေ့ နင်တို့ကြိုးစားမှာပါဘုရားနဲ့ ပြီးနေတာ မဟုတ်လား။ မလွဲဘူးဗျ။ သညာအမှတ်ကဖြစ်တဲ့ ၊ ၀ိဥာဉ်ကဖြစ်တာ ညာဉ်ပေါ့ဗျာ။ ခန္ဓာ ၅ပါးကတော့ အားလုံး သိတာဘဲ။ သူ့ရလာတဲ့ လူရုပ်ကောင်ကြီး၊ ၀ိဥာဏ်က ဆုံးဖြတ်ပေးရတာကိုး။ ခွေးဖြစ်တော့ ခွေးရုပ်အတွက် ၊ လူဖြစ်တော့ လူ့အတွက်၊ တိရစ္ဆာန်ဖြစ်တော့ တိရစ္ဆာန်ရုပ်ကြီးအတွက် နာမ်ခန္ဓာ(၄)ပါးကလိုက်လုပ်ပေးရတာ။  ခံစားတာကလည်း သူနဲ့တည့်မတည့်၊ စေတနာကလည်း အဲဒီအတိုင်းဘဲ။ ရာဂသန်တဲ့လူက ရာဂဘဲသိတာ ကျန်တာဘာမှ မသိတော့ဘူး။ ရာဂသန်တဲ့လူက ရာဂဘဲသိတာ ကျန်တာဘာမှမသိတော့ဘူး။ဒေါသသန်တဲ့သူက တစ်ခနဲဆို တုတ်ဆွဲ ဒါးဆွဲ လုပ်လာတာ၊ ဒီအပြင် ဘာမှမသိတော့ဘူး။ ဒေါသအားကြီးတဲ့သူ ပြင်နိုင်ရင် ပညာဘက်သွားတယ်။ ရာဂသွေးအားကြီးရင် သူ့ကိုပြင်သုံးနိုင်ရင်  သူက သဒ္ဓါဘက်သွားတယ်။ မောဟကြီးတဲ့သူ ပြင်သုံးနိုင်ရင် သမာဝိတက်ဆိုတဲ့ အတွေးအခေါ်ပညာရှင်ဘက်သွားတယ်။ စရိုက်ဆိုးသုံးခုက ဓါတ်ကောင်က ဖြစ်တာ ပညာ ၊သဒ္ဓါ ၊ သမာဝိတက်ရယ် အဲဒါက လူကဖြစ်တာ။
ဒေါသကြီးတဲ့ပုဂိုလ်က အထွဋ်အထိပ်ရောက်တယ်တဲ့။ မခံခြင်စိတ်များလို့ ဖြစ်အောင်လုပ်တယ်။ ရာဂအားကြီးတဲ့သူက ဒုတိယလိုက်တယ်။ မောဟကြီးသူက သူများနောက်လိုက်ဖဲဖြစ်တယ်။ အဲဒါပြောင်းယူရတာ။ ဒို့က သဒ္ဓ့ါအားကောင်း၊ ပညာအားကောင်းတယ် အတွေးအခေါ်အားကောင်းရင် လူဖြစ်ပြီ။  မုန်းတာအားကောင်းတယ်။ ကြိုက်တာအားကောင်းတယ်ဆိုရင် လူမဟုတ်သေးဘူး။ ကျယ်ကျယ်လည်း မပြောရဲဘူးဗျာ။ ကြည့်ပါဦး (သေချာလားမသေချာလားမသိလို့ပါ)။ ကိုယ့်အကြောင်း သူများမေးရဦးမှာလား သေချာမသေချာ။
သဒ္ဓါနဲ့မပြီးနဲ့ဟယ်။ ပညာအထိတက်ဦး။ သဒ္ဓါနဲ့ပညာတွဲဖို့ လိုအပ်တယ်။ သတိကို အမြဲတမ်းခါချပစ်မှာ ပုတ်ထုတ်ပစ်မှာ။ တသက်လုံး သူ့တို့ကြီးစိုးထားတာ။ သူတို့လက်ထဲမှာ ။ သူလုပ်နေကျ သူခိုင်းနေကျ။ သတိက သူ့အထဲက လုယူမယ်ဆိုရင် မတည့်ဘူးဗျ။ ဘေးဆွဲထုတ် ခါထုတ်ပစ်တာ။ မှတ်ကြည့်ပါ၊ လေး ငါးဆယ်ချက်ထက်မပိုပါဘူး ခါထုတ်ပစ်တာ သတိလေး နည်းနည်းမလျော့နဲ့ ခါထုတ်ပစ်ပါ။  ရှေးသူတော် ကောင်းတွေလည်း မဂ်လေးပါး ဖိုလ်လေးပါး တောင်းကြတာဘဲ။ ဓါတ်ညာဥ်မနိုင်လို့ မဖြစ်သွားကြရှာတာ။ ဓါတ်ညာဉ်ကလည်း ပညာကို နည်းနည်းမှ အ၀င်မခံဘူး။ ဒို့အတွက်ကဘာလိုအပ်သလဲ။ မိုးကုတ်တွေ အပယ်ပြန်ရင် ကြက်ဖြစ်ခြင်လား။ ၀က်ဖြစ်ခြင်လား။ သူတို့မိုးကုတ်ဆိုရင် နွားရှိလား လားရှိလား။ လားနေမှာ။(လားရှိပါတယ်)။ လားမဖြစ်ခြင်ဘူးလား။ မနက်စောစောစီးစီး ခုတ်ခွတ် ခုတ်ခွတ်နဲ့သွားတာ။ နင်တို့ဝဋ်လည်မယ် မနက်ဆို ခွတ်ခွတ် ခွတ်ခွတ်နဲ့သွားနေတာ။ အဲဒီလားတွေလည်း နင်တို့ မိုးကုတ်သူ မိုးကုတ်သားတွေဘဲ။ တခြားမဖြစ်နိုင်ဘူး။  အဲဒီရောက်မှာကြောက်မကြောက် စဉ်းစား။ ဒီအတိုင်းသွားရင် ဖြစ်မှာနော်။ သညာအမှတ်ကတော့ ခိုင်းမှာဘဲ ဆွဲမှာဘဲ။ ဒို့ကဗုဒ္ဓဘာသာတွေကွဲ့။ အဆင့်မြင့်မှုအကျင့် ဒို့ဘာသာမှာတာဝန်ယူတယ်ရှိတယ်။ ဒါကြောင့် သဒ္ဓါကောင်းသလောက် ပညာစောင်းထက်ရမယ်။ ဒို့ကအဆင့်မြင့်ခြင်တယ်။ အရေးအကြီးဆုံးက အပါယ်က လွတ်ဖို့ဘဲ။
စာကပြောတာဟဲ့ တိရစ္ဆာန်ဘ၀ တစ်ရာမှ လူတဘ၀လာတာဟဲ့။ တနေ့တနေ့ ကုသိုလ်ဖြစ်ဖို့ ဘုရားဝတ် တက်ချိန်ရှိနိုင်ပါမယ်။ ဒါတောင် သြကာသ တပုဒ်လုံး ဘုရားဆီစိတ်ရောက်နေရဲ့လား။ သံဃာဆွမ်းလောင်း နေတဲ့ အချိန်-ကုသိုလ် စိတ်က သပိတ်ထဲရှိခြင်မှ ရှိတာ။ စိတ်ကသပိတ်ထဲ မရှိဘူးတာအမှန်ဘဲ။ ကုသိုလ်လုပ် တာ တောင် သူတို့ကဖဲ့ယူနေသေးတာ။ ကျန်တဲ့အချိန် တွေဝေမှိန်းမောနေတာ။ များသောအားဖြင့် အတွေးတွေ နဲ့ပြီးတာ။ ဥဒ္ဒစ္စအတွေး ဘာမှမရှိရင် အတွေးဘဲ အတွေးကအလုပ်အများဆုံး။ အလုပ်တခုကချီတုံချတုံစိတ် တွေးတာ မပါနိုင်ဘူးလား။ ညတညလုံးအိပ်ပစ်တာကော အဲဒါဝိတက်မောဟခေါ်တယ်။  (၂၄)နာရီမှာ ညတ၀က်က မောဟဘုံထဲရောက် သွားပြီ်။ မောဟဘုံထဲမှာ ဒို့တသက်ကို ညတ၀က်နှုတ်လိုက်ရင် လူသက်ဘယ်လောက်ကျန်တော့မလဲ။ ညတ၀က်ကအိပ်ပျော်သွားတာ။ အဲဒါ တိရစ္ဆာန်ဘုံထဲသွားတာလေ။ မောဟက အဲဒီသွားတာလေ။နိုးတာနဲ့ သတိနဲ့နိုးသလား။ သောကနဲ့နိုးသလား။ (သောကနဲ့နိုးကြတာ မဟုတ်လား) သောကဟာစာလို ဒေါသအသေးစားဘဲ။ နှလုံးမသာတာလဲ ဒေါသဘဲ။ သူတပါးအပေါ် စိတ်ဆိုးလို့အပစ်မှားတာလဲ ဒေါသဘဲကွဲ့။ အဲဒီသောက ဘယ်ကလာတာလဲ လိုခြင်စိတ်ကလာတာ။ မနက်ဘာလုပ်ရမယ်ဆိုတာ အိပ်ရာ မ၀င်ခင်က တွေးထားပြီးသား။ လိုခြင်တာ ခံထားတာ။ ထရင် ဘာလုပ်မယ် ဆိုတာ။ နိုးတာနဲ့သောကက ဘာလုပ်ဖို့ဆိုပြီးနိုးတော့တာဘဲ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts