Sunday, September 30, 2012

သာသနာမှာ လိုင်းတူ/လိုင်းမှန်မှ ချွတ်နိုင်တာ ကျွတ်နိုင်တာ၊ ဆိုနီတွေ နေရှင်နယ်တွေလုပ်မနေနဲ့ (က)


ယနေ့ တော်သလင်းလပြည့်နေ့တွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အထူးပူဇော်ကန်တော့သော အနေဖြင့် အများဖတ်ရှုနိုင်စေရန် ဆရာတော်ဘုရားကြီး ၁၃၇၁၊ ၀ါခေါင်လဆန်း(၁)ရက်နေ့တွင် ဟောကြားသော (၂၂.၇.၂၀၀၉) သံဃာဂုဏ်ယုံကြည်တတ်စေဖို့ နှင့် အလှူဒါနလမ်းညွှန်တရားအား အပိုင်းများခွဲပြီး တင်ပေးလိုက်ပါသည်ရှင်။ အပိုင်း(က)မှ (င)အထိဖြစ်ပါသည်ရှင်။ ဖတ်ရှုကြည်ညိုနိုင်ကြပါစေ။
သာသနာမှာ လိုင်းတူ/လိုင်းမှန်မှ ချွတ်နိုင်တာ ကျွတ်နိုင်တာ၊ ဆိုနီတွေ နေရှင်နယ်တွေလုပ်မနေနဲ့ (က)
ရှင်မဟာ သာရိပုတ္တရာနဲ့တွေ့မကျွတ်မဲ့ပုဂိုလ် ဘုရားဝင်ချွတ်လို့မရဘူး။ ရှောင်ရတယ်။ ဘုရားက ဘုန်းတော် အနန္တဘဲကွဲ့။ သူ့ဝေနေယျမဟုတ်လို့ လိုင်းမမှန်တဲ့အတွက် ၀င်မကယ်နိုင်ဘူး။ လိုင်းမှန်မှ သူ့ဝေနေယျ ဖြစ်နေရင် လာလာမလာလာ လှူလှူမလှူလှူ ကိုယ့်လူမျိုးဟုတ်ဟုတ်မဟုတ်ဟုတ်  ကိုယ့်ဘာသာ ယူယူမယူယူ ခရိယာန်ဖြစ်စေ မူဆလင်ဖြစ်စေ လူမျိုးတူတူ မတူတူ ဘာသာတူတူမတူတူ ကိုယ့်တိုင်းပြည်လာလာ မလာလာကွဲ့ ။လိုင်းသာမှန်ပါစေ။ တူတူ မတူတူဟဲ့။ ဝေဘူဆရာတော်ဘုရားကြီးလက်ထက်က ဒေါက်တာဟစ်စလော့တို့ သီဟိုက အာရောမတို့ ဗုဒ္ဓဘာသာတွေ အကုန်ဖြစ်သွားတာကွဲ့ပေါ့။ ဗြိတိသျှသံအမတ်ကတော်ကြီးဦးဆောင်ပြီး မှန်လုံကားကြီးနဲ့ သုံးစီးတိုက် သံအမတ်ကတော်တွေ ချည်းလာကြတာ။ မန္တလေးမှာ ကောင်စစ်ဝန်ချုပ်အဖြစ်နဲ့ ၂ကြိမ်ဆိုလား ထမ်းဘူးတယ်တဲ့ အဲဒီထဲက ဗုဒ္ဓဘာသာဖြစ်နေတာ။ သံအမတ်ကတော်ကြီး ဗုဒ္ဓဘာသာဖြစ်နေတယ်။ ဇနီးမောင်နှံ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဖြစ်နေတယ်။ သံအမတ်ကတော်ကြီးနောက်က လိုက်ုလာကြရတာ။ ကားသုံးစီးတိုက်။ အဲဦးဆောင်ပြီး ဒို့ဆီလာကြတာ။ လိုင်းကွဲ့လိုင်း။ ဘာသာနဲ့မဆိုင်ဘူး။ လာလာမလာလာ သိသိမသိသိ လှူလှူမလှူလှူ။ ဗုဒ္ဓဘာသာဟုတ်ဟုတ်မဟုတ်ဟုတ် လိုင်းကွဲ့။ ကမ္ဘာကြိး ပူလာပြီ ဘုရား အရှင်ဘုရားများ မေတ္တာပို့ပေးပါ။ ဒို့ကသူတို့လို မပြောတတ်ဖူး ဒေါက်တာဘိုဘိုဇော်က ပြန်ပြီးဘာသာပြန်ပေးတာ။ အင်္ဂလန်သံအမတ်ကတော်က ဗမာလို ကိုမွတ်နေအောင်တတ်တယ်တဲ့။ တခွန်းမှမပြောဘူး။ နားထောင်တာဘဲ။ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ ငါ့တိုင်းပြည်မှ ငါ့တိုင်းပြည်ကွဲ့ဖြစ်နေတာ။ အားလုံး လူမျိုးတူတူမတူတူ တိုင်းပြည်တူတူမတူတူ ဘာသာတူတူ မတူတူ အကုန်လုံးကို ဘာသာပြန်ပေးရတာဘဲ။ သူများတွေကတော့ ပြုံးတယ်ပေါ့။ ပါကစ္စတန်သံအမတ်ကြီးကတော့ ဒို့ကို သိုင်းကယူးတဲ့။
လိုင်းတူရင် မချန်ဘူးကွဲ့။ အချိန်မှန်မှ။  အဲဒါဘာပြောတာလဲ ပုဂိုံလ်အာရုံပြုရင် အချိန်မှားမယ်နော်။ အကျင့်ကို အာရုံပြုမှမှန်မယ်နော်။ပုဂိုလ်ကတော့ ဗမာကမွေး ဗမာဖြစ်မှာပေါ့ အဲဒါက ဗီဇညာဏ် ။ မြင့်မြင့်ကြီးတော့ (၃)ညာဉ်လောက်ရှိမယ်ထင်တယ် အမေရိကန်ညာဉ်ပါဝင်နေတာ။ ပင်ကိုညာဉ်ကတော့မတူဘူးလေ။ အချိန်မှန်ဘို့ အချိန်တူဘို့လိုတယ်။ ရေဒီယိုနဲ့ပြောကြပါစို့။ နေရှင်နယ်တဲ့ ဆိုနီတဲ့။ နေရှင်နယ်က အလုပ်လုပ်တာလား ဆိုနီကအလုပ်လုပ်တာလား။ အဲဒါကအလုပ်လုပ်တာက input /output  အလုပ်လုပ်တာ မဟုတ်လား။ ဒီပုဂိုလ်ကတော့ ဆိုနီဘဲ။ နေရှင်နယ်ဘဲ မလုပ်နဲ့။ အထင်ကြီးမနေနဲ့ ငါလည်း နင်တို့ချီးယိုသလို ယိုတာဘဲ။ သေးပေါက်သလို ပေါက်တာဘဲ။ အကျင့်ဂုဏ်ကျတော့ မတူဘူးတဲ့။ ဝေဘူဆရာတော်ကြီးက ဒို့လိုတဲ့ တိုးမပြောဘူး။ သံဃာဂုဏ်ကို ကုန်အောင် မပြောနိုင်ဘူး မဆုံးဘူးလို့ ပြောတာ။ပု၈ိုလ်က ဘာမှမပေးနိုင်ဘူး။ သံဃာ့ဂုဏ်က ဟိုဘက်အထိ ပေးနိုင်တယ်။ နင်တို့လောကီကိစ္စက ဘာမှမဟုတ်ဖူးဟဲ့။ သံဃာ့ဂုဏ်က ဟိုဘက်အထိပို့နိုင်တယ်။ အကျင့်ဟာ သီလမဟုတ်လား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts