Friday, September 28, 2012

မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုလာဖူးသောသိုက်ဆက်များ နဲ့ ဝေဘူဆရာတော်ဘုရားကြီးကိုကယ်သွားခဲ့သောမဟိန္ဓိ ၀ိဇ္ဇာများ

မပဒါန်း၊ မိုးမိတ်တွင်

ကျမသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံလာရောက်ဖူးမျှော်ကြသော သိုက်မှဟုထင်ရသော ထူးဆန်းသည့် မာတုဂါမများအကြောင်းကို ရေးတင်ခဲ့ပါသည်။ ကျမဆရာဖြစ်သူဒေါက်တာမြသွင်ကလွန်ခဲ့တဲ့ နှစ်(၂၀)ခန့်ကပြောပြခဲ့သမျှကိုသာရေးတင်ခြဲ့ခင်းဖြစ်ပါသည်။ ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ဆရာနှင့် အတူထိုစဉ်ကလိုက်ပါသွားသည့် ဦးကျော်ငြိမ်းမှ လစာလာအထုတ်နှင့်ကျမနှင့်ဆုံရာ ကျမက သူ့ကို ဆရာတော်ဘုရားကြီးထံလာရောက်ကန်တော့ကြသော သိုက်မှအမျိုးသမီးအုပ်စုအကြောင်းကိုမေးမိပါသည်။
ထိုစဉ်က ဆရာဒေါက်တာမြသွင်၊ ဦးဝင်းမောင်(အငြိမ်းစား)၊ ကားမောင်းသူ ခေါလေးကိုဝင်းမောင်နှင့် ဦးကျော်ငြိမ်း တို့ ညကြီးဆရာတော့်ထံသွားကြခြင်းဖြစ်သည်ဟုဆိုပါသည်။ လာသော မာတုဂါမများမှာ အသက်(၂၀)၀န်းကျင်ခန့်ဖြစ်ပြီး အရွယ်တညီတည်းတွေဖြစ်ပြီး (၉)ဦးခန့်ဖြစ်ပါသည်တဲ့။
ဆရာတော်ဘုရားထံ ကပ်ရန် လက်ထဲတွင် ပန်း၊ အလင်းတိုင်၊ ဖယောင်းတိုင်များပါလာသည်ဟုပြောပါသည်။ ဆရာတော်မှ နင်တို့ကို ည(၁၂)နာရီမှာ ဘုရားပေါ်မှာ တရားဟောမယ်လို့ပြောထားပြီးပြီ။ င့ါကိုဘာလို့လာ ဒုက္ခပေးကြတာလဲ၊ ငါ့မှာ လုပ်စရာတွေအများကြီး ဟု မိန့်ပါသည်တဲ့။ တပည့်တော်မတို့က စောစောဖူးခြင်လို့ပါ ဘုရားဟု ပြန်လျောက်ထား သည်ကိုလည်း ကြားခဲ့ရပါတယ်။ ဆရာတော်မှ ယူလာသည့်အမွေးတိုင် ဖယောင်းတိုင် ပန်းများကိုလည်း ဘုရားပေါ်မှ ပန်းအိုးတွေထဲ သွားစိုက်ကြ ဘုရားမှာသွားလှူကြဟုပြောပါသတဲ့။ ဆရာတော့်ကျောင်းမှာကဘုရားမှာ လှူခိုင်းခြင်းမဟုတ်ပါဘူးတဲ့။ မျက်နှာတွေကို သဲသဲကွဲကွဲမမြင်ရပါတဲ့။ အ၀တ်အစားကလည်း တညီတည်းမဟုတ်ပါဘူး သင့်သလိုဝတ်ထားကြတာဖြစ်ပါတယ်တဲ့။ အပြန်မှာ သူတို့ပျောက်သွားတာလဲ အမှန်ပါတဲ့။ နင်တို့ကို ည(၁၂)နာရီမှာဘုရားပေါ်မှာ တရားဟောမယ်လို့ ပြောထားပြီးသား။ အဲဒီမှာလာတရားနာကြလို့ဆရာတော်က ပြောလိုက်တဲ့အတွက်လည်း ကိုကျော်ငြိမ်း တို့က ဥစ္စာစောင့်လောကကလို့ သိလိုက်တာဖြစ်ပါတယ်တဲ့ရှင်။
မိုင်းဖုန်းမှာတုံးက ဆရာတော် သုဝဏ္ဏလျံတောင်မကြွခင်မှာ ဦးပေါအိမ်မှာ သီတင်းသုံးခဲ့ပါသေးတယ်။ ဦးလေးပေါက ပြောပြတယ်။ ညသန်းခေါင်ကျရင် ဆရာတော်အခန်းထဲကနေ ဆရာတော်ဘုရားကြီးက သူတို့မသိတဲ့စကားတွေနဲ့တရားဟောတာကြား ကြားနေရပါတယ်တဲ့။ ဘယ် ဘာသာစကားတွေနဲ့ ပြောနေမှန်းလည်းမသိဘူးတဲ့။ (ဆရာဦးသွေးချွန်မှ ဆောင်းပါးရေးထားသည်ဟုသိရပါသည်)
အဲဒီလိုဘဲ ဆရာတော်ဘုရားကြီးဟာ ဧပြီ ၂၀၁၂ အတွင်း မပဒါန်းဂူ၊ မိုးမိတ်မှာ သီတင်းသုံးနေစဉ်မှာဘဲ ဆရာတော်ကြီးရဲ့အရင်းအချာထဲက ဆရာတော်ဖြစ်တဲ့ ဗုဒ္ဓောရသ- အရှင်န္ဒောစရိယကို လက်လုပ်တောင် (ပျဉ်းမနား)မှာရှိတဲ့ မန်ကျီးပင်ကြီးကို သေချာတံတိုင်းတွေနဲ့ ပတ်ကာဘို့မိန့်ခဲ့ပါတယ်။ တောင်ပိုင်ကြီးဟာ တပ်ချုပ်ကြီးဖြစ်ကြောင်း၊ သူဟာ အတိမ်းအစောင်းမခံကြောင်း၊ အဲဒီအပင်ကြီးကို အသက်ပေးပြီးကာကွယ် သွားမယ်ဆိုပြီး ဆရာတော့်ကိုလာလျောက်ထားကြောင်းကို ဗုဒ္ဓောရသ- အရှင်န္ဒောစရိယရေးသားထားတဲ့ ပတ္တမြားမြေမှတရားအမွေ စာအုပ်မှာဖော်ပြထားခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးရဲ့စာအုပ်ထဲမှာလည်း လက်လုပ်တောင်နဲ့ပတ်သက်တဲ့ အဆက်အနွယ်တွေအကြောင်းကို ဖော်ပြထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ အဘဘိုးမင်းခေါင်တို့ကိုလည်း မပယ်ရှားခဲ့ပါဘူး။ မဟိန္ဓိ ၀ိဇ္ဇာ တွေဟာ သမထကို ၀ိပနာနဲ့တက်ထားတဲ့အတွက် ဆရာတော်ဘုရားကြီးဟာ မဟိန္ဓိ ၀ိဇ္ဇာများကို ပုတ်ခတ် ပြောဆိုခြင်းမပြုခဲ့ပါဘူး။ တရားထဲမှာလည်း မဟိန္ဓိ ၀ိဇ္ဇာများဟာ ၀ိပသနာနဲ့တက်ထားတာဖြစ်ကြောင်း အတိ အလင်းဟောကြားထားပါတယ်။ ဒီအတွက်ကြောင့်လည်း ပယ်ရှားခဲ့ခြင်းလည်း မပြုခဲ့ပါဘူး။
ဆရာတော်ဘုရားကြီးရဲ့ ဥပစ္ဇျယ် ဆရာတော်ဘုရားကြီးကိုယ်တိုင် လူဘ၀တုံးက အဘဘိုးမင်းခေါင်နှင့် အတူ ဘုရားတည်ခဲ့ဘူးတယ်ဆိုတဲ့အကြောင်းများကို ရေးတင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အပြင်သာသနာကို စောင့်ရှောက်ကြသလို အတွင်းသာသနာကိုစောင့်ရှောက်ကြတဲ့သူများကလည်း အပြင်သာသနာစောင့်ရှောက် သူများကို မကဲ့ရဲ့သင့်ပါဘူး။ လူသားတိုင်းဟာ အစွန်းမရောက်ဖို့တော့လိုပါတယ်လို့ကျမမြင်ပါတယ်။ မြတ်စွာဘုရားထက် ပိုပြီး လွန်ကဲတဲ့ကိုးကွယ်မှုမျိုး လွန်ကဲတဲ့ ပူဇော်မှုမျိုးကတော့ မလုပ်အပ်ဘူးလို့ဘဲ ယူဆပါတယ်။ ဘုရားသာလျင်တရားပိုင်ရှင်ဖြစ်ပါတယ်။ ယခုဆိုရင် အဘထွက်ပွဲမို့ လူထုကြီးဟာ သောက်သောက်လဲ သွားကြလာကြတင်ကြသကြပါတယ်။ အဘကလည်း မ တယ်ဆိုတာကလည်း အမှန်အကန်ကိုး။ ဒါကြောင့်လည်း ကြိတ်ကြိတ်တိုးမျှစည်းကားယုံမက သင်္ကြန်ဆိုရင် ပုပ္ပါးမှာ သေကျ ကြေကျ ဆိုင်ကယ်မှောက်ကြတဲ့အသံတွေကြားကြားနေရပါတယ်။ ဘိုးတော်အောင်မင်းခေါင်ကြီးဟာ ဝေဘူဆရာတော်ဘုရားကြီးတောင်ပေါ်က ပြုတ်ကျလို့ သေမလိုဖြစ်နေတဲ့အချိန်မှာ ဆေးလုံးကို ပါးစပ်ထဲလာ တိုက်ပြီးကယ်သွားတာကိုလည်း ဆရာတော်ကြီးက အမှန်အတိုင်းဟောပြောသွားပါတယ်။ ကျမရေးလက်စ တပိုင်းတစဖြစ်နေလို့သာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ မဟိန္ဓိဝိဇ္ဇာများကို ကဲ့ရဲ့ပြောဆိုခြင်းလုံးဝမရှိတာ တဲ့အပြင် မဟိန္ဓိ ၀ိဇ္ဇာများနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တာတွေကို ဟောပြောသွားခဲ့ပေမဲ့ လူအများတွေကို ဟောတဲ့အခါဟောခြင်းမဟုတ်ဘဲ ဒကာအရင်းများဖြစ်တဲ့ စာရေးဆရာဦးသွေးချွန်တို့ကိုသာ ဟောပြောသွားတာ ဖြစ်ပါတယ်။ သို့သော်ကဲ့ရဲ့ ရှုံချသူများအတွက် ကျမကလည်း အမှတ်မှား အမှားမှတ်မှ အမှန်ဖြစ်စေခြင်လို့ ရေးတင်တာဖြစ်ပါတယ်။
နောက်တခုက ဆရာတော်ဘုရားကြီးဟာ သံဃာကောင်း သံဃာမြတ်တို့ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ သီလမပေးခင် သရဏဂုံသုံးပါးရွတ်ဆိုတဲ့အခါ တိုင်ပေးလေ့ရှိပါတယ်။ ဒါဆိုရင်လည်း ဒီအသုံးအနှုန်းလေး ဟာလည်း အမှုမဲ့အမှတ်မဲ့ သုံးနှုန်းသွားတာ မဟုတ်ဖူးလို့ကျမကတော့ လုံးဝယုံကြည်ပါတယ်ရှင်။
ကိုးကွယ်ခြင်း ဆည်းကပ်ခြင်းမှန်ပါတယ်။ သို့သော် ကျမကတော့ မြတ်စွာဘုရားထက်ကျော်ပြီး၊ မြတ်စွာဘုရားကို ဘေးထားပြီးတော့ မလုပ်သင့် မလုပ်ထိုက် မလုပ်အပ်ပါဘူး။ ဘာလို့ဆိုကျမတခါက တွေ့ကြုံဘူးပါတယ်။ ဘုရားပုံကိုတော့ တော်ယိယော်ယိကိုးကွယ်ထားပြီး ဆရာတော်ဘုရားကြီးတပါးကိုတော့ အကျအနသေချာ ကပ်လှူပူဇော်ထားတာကို တော်တော်များများတွေ့ခဲ့ဘူးလို့ပါ။
လူဆိုတာလောဘရဲ့သားကောင် ကများပါတယ်။ လောဘနောက်လိုက်တဲ့သူတွေအတွက် လာဘ်ရွှင်တယ် စီးပွားရေးကောင်းတယ်ဆိုရင် အတင်းအဓမ္မကိုးကွယ်ကြတယ်။ မရောက်ရောက်အောင်သွားကြတယ်။ ဆရာတော်ဘုရားကြီးတွေအတွက် အနောက်အယှက်တွေဖြစ် ကိုယ်ကတော့ လှူယုံတန်းယုံ။ နာမည်ကြီးပြီဆိုလည်း လိုက်ကြတယ်။
ဆရာတော်ကြီးကတော့ ဒို့မေတ္တာကိုခံယူခြင်ရင် အလုပ်လုပ် ရေခံတဲ့ ခွက်နဲ့ ဥပမာပေးပြီးဟောခဲ့တယ်။ ရေခံယူရင် ခွက်ကလည်း လောင်းတဲ့ရေနဲ့တည့်တည့်မှာရှိဦးမှ ခံယူလို့ရတာ။ လောင်းတဲ့ရေနဲ့တည့်တည့် ရခြင်ရင်တော့ အလုပ်လုပ်ဖို့လိုပါတယ်လို့ ဟောကြားခဲ့တာပါဘဲ။ ကိုယ်က ဘာမှ အားမထုတ်ရင် ဆရာတော်ဘုရားကြီးက ဘယ်လောက်ဘဲ မေတ္တာပို့ပို့ အလားတူ အခြားသော ဆရာတော် ဘုရားကြီးတွေက ဘယ်လောက်ဘဲ မေတ္တာပို့ပို့ ရမှာမဟုတ်ပါဘူးလို့။
သိနိုင်မြင်နိုင်စွမ်းသော အဘိဥာဏ်တို့ဖြင့်ယှဉ်သော ဝေဘူဆရာတော်ဘုရားကြီး၏ ဆရာကောင်းတပည့် ပီသသော ဆရာတော်ဘုရားကြီး၏ စကားဟာဖြင့် အမှားမရှိ ပဂတိအသိဥာဏ်အစစ်အမှန်ကို ပေးပါတယ် ဆိုတာ ဘ၀ဆက် ပဌာန်းဆက် သိုက်ဆက် နဲ့ မဟိန္ဓိ ၀ိဇ္ဇာများကို စော်ကားပြောဆိုနေတဲ့သူများ အမှားကို အမှန်ဖြစ်အောင် တည့်ပေးတဲ့အနေနဲ့ ဟောစဉ်များထဲမှ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts