ဒီဓမ္မအစုအဝေးလေးဟာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ပဲလှော်ဝါးရင်း လှည်းစီးပါဆိုတဲ့ တရားပုဒ်ထဲက ကျမနှစ်သက်တဲ့အချို့ဖြစ်ပါတယ်။ ကျမဟာ ဆရာတော် ဘုရားကြီးရဲ့ စာစုလေးတွေကို အင်မတန်မှနှစ်သက်ပါတယ်။ ထိထိမိမိလေး ထိုးနက်ရေးသားတတ်လို့ အချို့က စာရေးတာကြမ်းတယ်လို့ ပြောကြသလောက် တရားဟောရင်လည်း ဒို့များကတော့ ပြောခြင်ရာပြောဦးမယ်ဆိုကာ အာဝဇ`္ဇန်းရွှင်ရွှင်နဲ့ ပြုံးပြုံးကြီးပြောတော့တာပါဘဲ။ အောက်က ပရိတ်သတ်ကလည်း ပြန်ဖြေလိုက်နဲ့။ တရားနာရတာကို အင်မတန်မှ ကြည်နူးစရာကောင်းပါတယ်။ တခါတရံတည့်တည့်ကြီးပြောတတ်သလို ရှင်းရှင်းလင်းလင်းကြီးလည်း မြင်အောင်ပြောတတ်ပါတယ်။ အင်မတန်မှ မှတ်သားစရာ ပြုပြင်စရာတွေ အများကြီးကို ဝေမျှပေးခြင်တာနဲ့ ဘလော့မှ တင်ပေးရတာပါရှင်။ ကျမဘလော့လေးရဲ့ ပ၇ိတ်သတ်လေး ပဲလှော်ဝါးရင်း လှည်းစီးနိုင်အောင်ကြိုးစား နိုင်ကြပါစေ။ အလုပ်လုပ်ရင်းကိုင်ရင်း သတိလေး ကပ်နိုင်အောင်ကြိုးစားရင်း ဆရာတော်ဘုရားကြီးကို ပဲလှော်ဝါးပြီး လှည်းစီးတဲ့တရားနဲ့ ပူဇော်နိုင်ကြပါစေလို့ ဆုတောင်းရင်း.... ရေးသားထားတာပါလို့။
ညအိပ်ရာဝင်ခါနီးရင် အထုပ်တွေကို ခေါင်းပေါ်ကချတဲ့အချိန် အထိတော့ မတွေးဘဲမရဘူး စီးပွားရှာရမှာကိုး။ နယ်မကျွံအောင် အမှတ်နဲ့နေရမယ်။ နေ့မှာ အမှတ်မပါဘဲ လုပ်ထားခဲ့ရင် ညကျရင် ကိုယ့်အထဲ ဂိုးဝင်နေလိမ့် မယ်။ မှတ်ပါ ပယ်စရာရှိ သတိကပယ်ပါလိမ့်မယ်။ မှတ်သလောက် မတွေးဖြစ်ဘူး။ အမှတ်နဲ့အတွေးဟာ ဆန့်ကျင်ဖက်။ အမှတ်ကသာရင် အတွေးကအလိုလိုနောက်ဆုတ်မယ်။
ညအိပ်ခါနီး ခေါင်းအေးအေးနဲ့မှတ်စမ်းပါ။ မနက်တစ်ကြိမ် ထိုင်စမ်းပါဦး။ ညကအထုပ်ရွက်ပြီးပြီ မနက်က အထုပ်အရွက်ကဖြုတ်ချထားပြီမဟုတ်လား။ ကိုယ်ထားတဲ့နေရာ ကိုယ်ဟာကိုယ်သိလာလိမ့်မယ်။
ဇီးသီးတွေက အထက်မီး၊ အောက်မီးလား? ရန်ကုန်က ဘိန်းမှုန့်ခေါ်တယ်။ မှတ်တဲ့အခါ အောင်မေ့သတိနဲ့ ရှုမှတ်သတိ။ ၀ိတက်နဲ့ဝိစာရပေါ့။ ၀င်တယ်ထွက်တယ်။ ၀င်တယ် ထွက်တယ် မှတ်တဲ့အခါ ဘယ်လိုဝင်တယ် ဘယ်လိုထွက်တယ်ဆိုတာကို ကြည့်ပါ။ အဲဒါအောင်မေ့သတိ အရေးကြီးဆုံးဘဲ သော့ချက်။ ပွားဘို့သတိက လင်နဲ့တူတယ် အောင်မေ့သတိက မယားနဲ့သိပ်တူတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းလိုဘဲ။ ၀င်တယ် ထွက်တယ် ဒလစပ်မှတ်နေတာ အတွေးကိုပယ်နေတာ။ အဲဒါပညတ်ကိုမြုပ်တာ။ အဲဒါမြုပ်မှ ပရမတ်ပေါ်တာ။
အခုချိန်မှာ နည်းပေးမဲ့သူတွေရှိတုံးလုပ်ထားကြ။ သာသနာနဲ့ကြုံတုံး။ ရိပ်သာတွေက တရားလည်းပေးပါတယ်။ အစားလည်း ပေးပါတယ်။ နင်တို့ဘာများနာနေသေးတုံး။ မှတ်ပါများတော့ အတွေးနယ်ကျဉ်းသွားတာပေါ့ အတွေးနယ်ကျဉ်း တော့ အမှတ်နယ်ကျယ်သွားတာပေါ့။ လုပ်စမ်းပါ။ ပြောနေကြအတိုင်းဆို ပဲလှော်ဝါးရင်း လှည်းစီးရင်းပါ။ ရှေ့က ကိုယ်လုပ်စရာရှိတာလုပ် မှတ်စရာရှိတာမှတ်။
ဘာနည်းနဲ့မှတ်မှတ်။ လုပ်ရမှာဘဲ။ စွန်းလွန်း ဦးက၀ိကြားဖူးလား။ သူကအရင်းအနှီးကြီးတယ်။ သူကသေရမှာ ကြောက်တယ်။ လူအများစုက သေရမှာမှန်းသိပေမဲ့ သေချိန်မသိတော့ ဖာသိဖာသာဘဲနေကြတာ။ အတွေးမရှိရင် တခုတည်းသောစိတ်ပါဗျာ။ ဦးက၀ိလည်း တသိသိတည်းဖြစ်နေတော့ စိတ်အေးနေပြီး ဘာမှမသိဘူး။အောင်းမေ့သတိအားကောင်းလာတော့ စွန်းလွန်း ဦးက၀ိဖြစ်လာတယ်မဟုတ်လား။ ၀င်တယ် သိသိသိ။ ထွက်တယ် သိသိနဲ့။ပေါက်မြောက်သွားတယ်မဟုတ်လား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး