Sunday, July 15, 2012

သံဝေဂ ကဗျာ

လူငယ်နဲ့ ဓမ္မ
မျှတတယ်မထင်
ထိုထိုရာ ရုပ်ဝတ္ထုကိုမှ
စွဲမက်ကာခုံမင်
အမှန်ကိုကွယ်
အမြင်နိုင်သေးတော့
အပုပ်ကောင်ကို
အလှတွေဆင်
ဆင်ကာမှပိုယိုယွင်း
ပျက်တော့မှအမှန်ကိုမြင်
မြင်ချိန်မှာ ဇရာထောင်းပြီမို့
အို အမေရယ် ကယ်ပါဦးလို့
တတော့မယ့်ဟန်ပြင်
ဟန်ရေးငယ်ပြင်ကာလှမ်းပေမယ့်
တကယ်တရားရယ် ဘယ်ဆီမသိတော့
ကောက်ရိုးတစ်မျှင် ကောက်ကိုင်သလိုများ
မြတ်ဘုရားကို သံစဉ်တေးနဲ့
ပြိုတော့မယ့်မိုးလို ငိုတော့မယ့်အတိုင်းကို
မြည်တမ်းကာ တိုင်တည်သော်လဲ
အာရုံရယ် မရှိ လမ်းမှန်မသိတော့
အခက်ရယ်ပွေ ဒီတော့မှ ပြန်ကာတွေးတယ်
ငါငယ်စဉ်ချိန်ခါတုန်းမှလ
အချိန်မီအောင် မြတ်တရားကိုမှ
ရှာဖွေကာ အားမထုတ်လေတော့
ဒီချိန်မှာ ရတက်ပွားရတယ်
စိတ်အားရယ်ငယ်
မီးဇာကုန် ဆီခန်းချိန်မို့
ကုတင်တော်ညောင်စောင်းမှာ
ပက်လက်ရယ် နေပါတော့တယ်
ကမ်းရယ်အမြင် ဘယ်ဆီမသိတဲ့
အပါယ်ကိုကြောက်မှ ဘုရားကိုမြင်
အို..အရှင် ကယ်ပါဦးလို့
ဖွင့်မပြောသာ ဒီရင်မှာဖြင့်
ခိုကိုးရာ ရလိုရငြား
မြည်တမ်းကာ ရေရွတ်သည်ကား
မြတ်ဘုရားအား ရှိခိုးပါ၏
မြတ်တရားအား လိုက်နာပါ၏
မြတ်သံဃာအား ကြည်ညိုပါ၏

အာကာဖြိုး(နည်းပညာ)
വ്വ്വ.അകര്ഫ്യൊഎ.com
စာကြွင်း။ ။ ကိုယ်ညံ့ကိုယ်ခံ မတောင်းပန်နဲ့ ငါဘုရားသခင် သောက်ခြင် မဟုတ်ဘူးဆိုလေသတည်း။
ဘုရားပြောခြင်းမဟုတ် အာကာဖြိုး ပြောခြင်းသာ ဟိဟိ။
မှတ်ချက်။ ။ စာဖတ်သူများ ဒီစာပါရည်ညွှန်းသည်များ မှားယွင်းခဲ့သည်ရှိသော် မနှစ်သက်ခဲ့ရှိသော် ပြန်လည်ပြောကြားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည် ဒီစာကား အသေအချာ စစ်ဆေးရေးထားသည်မဟုတ်ဘဲ လက်တန်းရေးလိုက်တဲ့ စာပါ ပျင်းလို့ ကောက်ရေးလိုက်တဲ့ စာတစ်ပုဒ်မျှသာပါ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts