Tuesday, June 26, 2012

ထမင်းတော့နပ်မှန်တယ် တရားတော့နပ်မှန်ရဲ့လား


ထမင်းတော့နပ်မှန်တယ် တရားတော့နပ်မှန်ရဲ့လား

(မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး မုံရွာသာဝကတို့အားဟောပြောသောတရားမှကောက်နှုတ်ချက်)

ထမင်းတော့အဆာခံရဲ့လားဗျ လင်းတာနဲ့ကော်ဖီလေးသောက်လိုက်ရတာနဲ့။ ဒါစားရင်အဆာပြေတယ် ဒါစားရင် ကျန်းမာတယ်နဲ့ ယုံတယ်မဟုတ်လား။ ခင်ဗျားတို့ ဘုရားကို အဲဒီလောက်ယုံရဲ့လား။

ရှိတဲ့စိတ်လေး ဒီအတိုင်းပစ်ထားရင် အောက်သွားဘို့ကလွယ်တယ်ဗျ။ အထက်ဆန်ဘို့ကြ ကိုယ်လည်းမညှာမှ စိတ်အလိုလည်းမလိုက်မှ။ မိုးညင်းဆရာတော်ဘုရားကြီးပြောသလို တရားစော်မနံတာ။

ဘယ်အရာမျိုးမဆို ကျင့်ယူမှဝါသနာပါတယ်။ အရက်ကော ချက်ခြင်းကောင်းလို့လား။ ကောင်းတာကော ကျင့်ယူမှရတာ။ မကောင်းတာလည်းကျင့်ယူမှရတာ။ အာရုံနောက်လိုက်တာ အောက်ပြန်ဆုတ်မှာကို ၀ါသနာခေါ်တာ။ အထက်ဆန်တက်မှာကို ပါရမီလို့ခေါ်တာနော်။ အဲဒါလည်း အားထုတ်နိုင်လွန်းမှ ကြပ်နိုင်လွန်းမှ အားမထုတ်နိုင်အောင် မနေနိုင်တာမှ ပါရမီခေါ်တာ။

၅ နာရီအရက်သောက်ရင် အဲဒီ ၅ နာရီသောက်ရမှ။ သူ့အတွက်နေရာရသွားတာ။ အဓိဌာန်နဲ့လုပ်ရမှာ။ အဓိဌာန်က အထူးရပ်တည်ချက်။ ဒီအချိန်ဒါလုပ်မယ်ဆိုရင် မဖြစ်ဖြစ်အောင်လုပ်။ လောကီကိစ္စပြောရဦးမယ်။ ည(၉)နာရီပုတီး (၉)ပတ်စိပ်မယ်။ (၉)ရက် စိပ်မယ်။ ဟော (၉)နာရီမှာ ဧည့်သည်လာမယ်။ အဓိဌာန်ရဲ့ သုံးချိုးံ နှစ်ချိုးကျော်ရင် ကိုယ့်စောင့်ရှောက်တဲ့ပုဂိုလ်ကစမ်းတော့တာဗျ။ ဘုရားကို ဘယ်လောက်ကြည်ညိုလည်းဆိုတာကိုတာကို စမ်းတာ။ အဓိဌာန်တင်ထားရင် ဂဏန်းပါရတယ်နော်။

ထမင်းဆာနေပြီဆိုရင် တရားနဲ့ဘယ်ဟာကို ဦးစားပေးမှာလဲ။

သားက ရဲစခန်းမှာချုပ်ထားရော။ မအေလာမှဖြစ်မယ်။ ဒီကလည်းတရားထိုင်မယ်ဆိုရင် တရားမထိုင်ဘဲ လိုက်သွားမလား။ ဘ၀ခရီးထဲကနေ ထုတ်ပေးလိမ့်မယ်။တချက်မှတ်နေရင်တချက်မဟုတ်တာပြော မဟုတ်တာလုပ်ဦးမလား။ တချက်မှတ်နေရင် တချက်ကိလေသာထုတ်ပေးတာ။ အသသဓမ္မ ဒမေန

(၅)မိနစ်အတွင်း အတွေးမ၀င်အောင်လုပ်ရင်လုပ်ကြည့်။ ရှု့မှတ်သူသာ တရားကပေးမှာနော်။ ဓမ္မံပူဇေမိ လို့ဆိုယုံနဲ့ရမလား။ သာသနာရှိရှိမရှိရှိ ဒါနနဲ့ သီလက ရှိပြီးသာ။ အနိစ္စ ဒုက္ခလက္ခဏာက မြန်လွယ်ပါတယ်။ အနန္ထလက္ခဏာက မြင်ခဲပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts