သင်္ခါရ-၂ (လျပ်တပျက်)
(5-May
2012)
ကျမဟာ အင်တာနက်ကို
တရက်ခြား ၂ ရက်ခြားဆိုသလို အင်တာနက်ကဖေးမှာ သုံးလေ့ရှိပါတယ်။ ဘာကြောင့်ဆိုတော့ ကျမတို့ရုံးမှာ
အလုပ်ချိန်အတွင်း ကွန်ပြူတာက(၃)လုံး လှည့်ပတ်နေတဲ့ အလုပ်နဲ့ဆိုတော့ သုံးရတဲ့အချိန်ကခပ်နည်းနည်းပါ။
ခဏတစ်ဖြုတ်လေးတင်သုံးရပါတယ်။ ဒီတော့ ကျမက ညပိုင်း(၈)နာရီဆိုရင် နေတဲ့နေရာကနေ ၂ ဖာလုံလောက်ဝေးတဲ့
အင်တာနက်ကဖေးကိုသွားသုံးလေ့ရှိပါတယ်။ ဒါမှလည်း နိုင်ငံခြားမှာ ရှိတဲ့ အသင်းအပင်းတွေက ညပိုင်းမှအားကြတော့ ချပ်ကြရတယ်ပေါ့။ ဒါ့အပြင် အပြင်ဆိုင်တွေက
မက်(စ်)၀ဲလ် တွေက မြန်တယ်လေ။ မြန်တော့ ဒေါင်းလို့ကောင်းတာပေါ့။ ဒေါင်းရမှ လိုခြင်တဲ့
ဆော့ဝဲလေးတွေ နည်းပညာလေးတွေရမှာ မဟုတ်လား။ တရားတပုဒ်ကို နာရီနဲ့ချီပြီးဒေါင်းရတယ်။
အီးဘုတ်တွေလည်း ဒေါင်းရင်း ကျိုးပြတ်လို့ အိမ်ရောက်ရင် ဖွင့်မရတာတွေက အများကြီးလေ။
ဒီနေ့ည ခါတိုင်းလိုဘဲ
ည(၈)နာရီအောက်ဆင်းပြီး အင်တာနက်ဆိုင်သွားလိုက်ပါတယ်။ ၁ နာရီခွဲလောက်သုံးပြီး ပြန်လာတဲ့အချိန်မှာ
လာတုံးက ဖြတ်သွားတဲ့ လုံခြုံရေးတဲလေးနားမှာ လူတွေစုစုဝေးဝေးမြင်လိုက်တယ်။ ခြင်ထောင်လည်း
အပြင်မှာထောင် မီးတွေထိန်လို့ပေါ့။ ဒါနဲ့မေးလိုက်တော့ ကောင်လေးတယောက်သေတာ ဆိုဘဲ။ အသက်ကလည်း
၂၉ နှစ်၊ ဖအေကလည်း ပြီးခဲ့တဲ့ ၂ လလောက်ကလေဖြတ်လို့ ဆေးရုံတင်ရ၊ သားက ရင်ဘတ်အောင့်တယ်ဆိုပြီး
ဆေးခန်းသွားရကနေ အပြန်မှာတင်ဆိုက်ကယ်နောက်က ခွေကျသွားတယ်တဲ့လေ။ ပြီးတော့ အသက်ထွက်သွားသည်ပေါ့။
အင်တာနက် ၁နာ၇ီခွဲသွားသုံးနေစဉ် အပြောင်းအလဲတခုဟာ မြန်လိုက်တာပါလားလို့။ ပြီးတော့ ၀န်ထမ်းအသိုင်းအ၀ိုင်းဆိုတော့
သူအမောဖောက်နေစဉ်မှာ သူ့ကို ဆေးရုံပို့ဖို့ အတွက်ကအတော်ကို ခက်ခဲကြပါတယ်တဲ့။
နောက် ယနေ့ထက်တိုင်
အယူသီးပြီး မပျောက်ဆုံးသေးတဲ့ အယူဝါဒကတော့ လမ်းမှာသေပြီးတဲ့သူတွေကို
ရပ်ကွက်ထဲမသွင်းရဆိုတဲ့အယူအဆပါဘဲ။ ယနေ့ထက်တိုင် ဒီအယူအဆကြီးဟာကြီးစိုးနေဆဲပါ။ ဘယ်ကလာပြီး
ဘယ်လိုကနေသွပ်သွင်းလာတဲ့အယူအဆမှန်းမသိပေမဲ့ သေတဲ့မိသားစုအတွက်တော့ စိတ်ထိခိုက်စေတဲ့
အယူအဆကြီးပါဘဲ။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ
အချိန်အခါမရွေးသေစေနိုင်သော (အသက်ရှင်ခြင်းသည်ကား မမြဲ သေခြင်းကားမြဲသည် (မရဏံမေ နိစ္စံ)ဆိုသည့်
အကြောင်းတို့ကြောင့် နှလုံးသွင်းထားသင့်သည့်အကြောင်းကို အဘိဏှသုတ် တရားအား ဝေနေယျတို့အားဟောကြားခဲ့တော်မူပေသည်။
နှလုံးသွင်းထားသည့်စိတ်ကြောင့်
စိတ်တို့သည် ကစဥ့်ကလျဲမဖြစ်၊ စုစည်းနိုင်ပေသည်။ သေမင်းက အချိန်အခါ မရွေးခေါ်သော်လည်း
မေ့ထားကြသည်။ မြတ်စွာဘုရား၏ ထူးမြတ်သောတရားတို့ကို မိမိနိုင်သလောက်ကျင့်ကြံ အားထုတ်ရမည့်အစား
ကာမဂုံအာရုံတို့နောက်သို့ ကောက်ကောက်ပါပြီး မျောလိုက်ကုန်ပါတော့သည်။ ငါတတ်သည် ငါတော်သည်
ငါ့လောက်တတ်တာတော်တာမရှိ ငါချမ်းသာသည် ငါတော်ဝင်အသိုင်းအ၀ိုင်း ဖြစ်သည် ။ အချိန်တန်လျင်
အဌားခန္တာအားထား ဥစ္စာများအားထားခဲ့ရလေသတည်း။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး