မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနောက်က ဦးသောမ(ထားဝယ်) ဘေးက ဦးသန်းလှ(တိံကြား)တို့ ဆွမ်းခံရာနောက် ကောက်ကောက်ပါလျက် |
အမှန်တော့ ဒီပုံက ဦးသောမ(ထားဝယ်)က ဆရာတော်ဘုရားကြီးကို လှူဘွယ်တွေကပ်နေတဲ့ပုံပါ။ ဘာဆုတောင်းမလဲဆိုတာတော့ မေးဘို့မလိုပါဘူး နိဗ္ဗာန်ဆုအသေအချာပေါ့ရှင်။ |
အုပ်လိုက်အသင်းလိုက်တိုးဝှေ့နေတဲ့ လူထုကြီးကြားထဲမှာ အနောက်က ယပ်တောင်ကြီးကိုင်လိုက်နေတာက အရှင်သောမပါဘဲရှင်။ |
ဆရာတော်ဘုရားကြီးကို လှူဘို့တန်းဘို့ နိဗ္ဗာန်ရောက်ကြောင်း ဆုတွေတောင်းဘို့ တသီတတန်းကြီး စောင့်နေကြတဲ့ ကြည်ညိုဘွယ်ရာ မယ်သီလရင် ဆရာလေးပေါက်စလေးတွေပါဘဲ။ ချစ်ဖို့လည်းကောင်း ကြည်ညိုဘို့လည်းကောင်း။ |
ဆရာတော်ဘုရားကြီးတခုခု မိန့်နေတဲ့ပုံပါဘဲ။ အားကျစရာကောင်းပါတယ်။ ကျမတို့ကတော့ မရောက်နိုင်ခဲ့ဘူးလေ။ |
ဒီဆရာတော်ဘုရားကို မြင်ဖူးတယ် ဒါပေမယ့် မသိဘူး
ReplyDeleteကျွန်မက တရားတော်လဲ တခါမှ နားမထောင်ဖူးတော့ ဘယ်သူဘယ်ဝါ ဆိုတာလဲ မသိဘူး ...
မိုးကုတ်ဆရာတော်ကြီး က နာမည်ကြီးခဲ့တယ်ဆိုတာလဲ မိုးကုတ်မှာ
နေတုန်းက လုံးဝမသိခဲ့ဘူး ... နိုင်ငံခြားရောက်မှပဲ သိတော့တယ်
ဒီဆရာတော်ကြီးကိုလဲ ကျွန်မမသိခဲ့ဘူး
ဒါပေမယ့် တခါမြင်ဖူးရင် မေ့မရတဲ့ပုံစံတော့ ပေါ်တယ်
ဆရာတော်ရဲ့ မျက်ခုံးမွေးဖြူဖြူကိုတော့ မှတ်မှတ်ရရ ပါပဲ
ပြီးတော့ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ မေတ္တာတရားကြီးမားတဲ့ သူလို့ပဲ စိတ်ထဲမှာ မှတ်ချက်ပြုခဲ့တယ်
သိခြင်း မသိခြင်းထက် ညီမရေ သံဃာ့ဂုဏ်ကိုကိုးကွယ်ပါ။ သံဃာကိုကိုးကွယ်တာကို ဆရာတော်ဘုရားကြီးက အင်မတန်တိုက်တွန်းပါတယ်။ မေတ္တာတရားက တကယ်ကြီးမားသူပါ။ ရဟန္တာလို့ဗမာပြည်မှာ တအားနာမည်ကြီးပါတယ်။ သို့သော် မည်သူမှဆုံးဖြတ်လို့မရပါ။ ဆရာတော်ဘုရားကြီးသာသိပါတယ်။ မေတ္တာပို့တာကို မြန်မာစံတော်ချိန် ည(၇)နဲ့ (၈)နာရီကြားမှာ ခံယူလို့ရပါတယ်။ စိတ်တန်ခိုးအားဖြင့်တော့ ဘယ်လောက်ပိုင်နိုင်တယ်ဆိုတာ ထူးခြားသောစိတ်စွမ်းအင်နဲ့ ထူးဆန်းသော ပုံများတွေမှာ ဖတ်ကြည့်ပါနော်။ ကျမက ဘာတခုမှ အတုမလုပ်ခဲ့ပါဘူး။ ခြေရာတော်တောင် တမင်ကို မတင်ဘဲချန်ထားတာပါရှင်။ ဘုရားသားတော်များ တကယ်ကျင့်ကြံ တကယ်သက်သေခံခဲ့ကြပါတယ်။ ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံတာကိုက ဆရာတော်ကြီးရဲ့မေတ္တာကိုအနီးကပ်နေသူများ သိကြပါတယ်။
ReplyDelete