Monday, March 11, 2013

မဟာသာဝကများ၏ အဘိညာဉ်တန်ခိုး အဓိဌာန်တိုး၍ ပရိနိဗ္ဗာန်စံဝင်ပုံများ


မဟာသာဝကများ၏ အဘိညာဉ်တန်ခိုး အဓိဌာန်တိုး၍ ပရိနိဗ္ဗာန်စံဝင်ပုံများနှင့်
ဝေဘာရမှ ဝေဘာရသို့(အလောင်းတော်ကဿပအရှင်မြတ်ကြီး)
ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သက္ကရာဇ် ၁၅၄ အရောက်၌ အရှင်မဟာကဿဖမထေရ်မြတ်သည် ရာဇဂြိုလ် ဝေဘာရမှသည် မြန်မာပြည်အတွင်း ပုံတောင်ပုံညာဒေသရှိ ဝေဘာရသို့ တိတ်တဆိတ် ခရီးပြင်းနှင်တော်မူ ခဲ့သည်။
မြန်မာသည် တစ်ချိန်တွင် သာသနာ့ခံတပ်ကြီးဖြစ်မည့်နေရာ။
မြန်မာ့ ဝေဘာရသည် တစ်ချိန်က ညီနောင်သုံးပါး တရားအားထုတ်ခဲ့သည့်နေရာ။
ဓာတ်တော်မည်သည် ဘုရားဓာတ်တော်ဖြစ်စေ၊ ရဟန္တာများဓာတ်တော်ဖြစ်စေ၊ ၄င်းတို့ပါရမီဖြည့်ရင်း ကျက်စားခဲ့ဖူးသောနေရာ ဖြစ်မှသာ အမြဲကိန်းဝပ်၏ အဆိုရှိရာ ဤမြန်မာ့ဝေဘာရသည်လည်း အရှင်မြတ်ပါရမီ ဖြည့်ရာ၊ ကျက်စားရာနေရာအစစ်ပင် ဖြစ်နေ၏။
ရှေ့သာသနာ ဂေါတမဘုရားရှင်နှင့် နောက်သာသနာ မေတ္တေယျ ဘုရားရှင်တို့ ဆုံစည်းသောနေရာမှန်လည်း ဖြစ်နေ၏။
သည်သို့ ရှေ့ဘုရား နောက်ဘုရားနှစ်ပါးနှင့် အရှင်မြတ်တို့သုံးပါး ဆုံစည်းခဲ့ဖူးရာ ဤ ဝေဘာရသည် အရှင်မြတ် တကယ်သီတင်းသုံးရမည့်နေရာမှန်ပင်ဖြစ်ပါသည်။ ပဂတိခန္ဓာဓာတ်သားအတိုင်းတည်ရှိနေသည့် အလောင်းတော်၏ တကယ့်လုံခြုံရေးကလည်း ဤ ဝေဘာရ၌သာ ရနိုင်ပါသည်။ ယင်းတို့ကို အနာဂတံသဥာဏ်တော်ဖြင့် လှမ်းမျှော်ကြည့်၍ အရှင်မြတ် ဤမြန်မာ့ ဝေဘာရဆီသို့ ဦးတည်ထွက်ကြွတော်မူခဲ့ ရာ အာသံပြည်မဏိပူရနယ်မှ နေ ဤမြန်မာပြည်သို့ဖြတ်ကျော်ခဲ့ပါသည်။
အရှင်ကြွခဲ့ရာ လမ်းတလျှောက် အမည်သင်္ကေတများ ယနေ့တိုင်ကျန်နေခဲ့ပါသည်။ ချင်းတွင်း အနောက်ဘက်ကမ်း ချင်းကြီးရွာတွင်လည်း ခြေတော်ရာများကျန်နေခဲ့ပါသည်။ သက်သေများပင်တည်း။=
အရှင်မြတ်သည် ဘုရားရှင်၏အလျင်(၃၄)နှစ်စော၍ ဗြဟ္မာ့ပြည်မှ လူ့ပြည်ရောက်ခဲ့၏။
ဘုရားရှင်က ၆၈ ခုနှစ်မှာမွေး၊ အရှင်က ၃၄ ခုနှစ်မွေး။
အရှင်မြတ် ပရိနိဗ္ဗာန်စံချိန်ဝယ် ၀ါတော်(၅၀)ဟု ဆိုထားသဖြင့် အရှင်သည် သက်တော်(၇၀)ရလေမှ သာသနာ တော်တွင်း ၀င်ရောက်လာခဲ့ရသူ။ အရှင်မြတ်သည် အခြားရဟန်းများကဲ့သို့ ကမ္မ၀ါဖြင့် ရဟန်းဖြစ်ခဲ့သည် မဟုတ်။ သြ၀ါဒခံရုံမျှဖြင့် ရဟန်းဖြစ်ခွင့်ရသူ။ တစ်ဖန်ဘုရားရှင်နှင့်တွေ့တွေ့ချင်း နှစ်ထပ်သင်္ကန်းချင်း အလဲခံထားရသူ။
ယင်းတို့ကို သုံးသပ်ကြည့်သော် ဘုရားရှင်သည် အရှင်မြတ်အပေါ် မည်မျှအလေးထားသည်ကို သိနိုင်၏။ သည်သို့ အလေးပေးခြင်းသည် ဘုရားမရှိသည့်နောက် သာသနာတော်ကို စောင့်ရှောက်ရန်အတွက် ဖြစ်၏။ ဘုရားနှင့်လက်ဝဲ၊ လက်ျာရံများ မရှိသည့်နောက် အကြီးအကဲတင်မြှောက်ခြင်းလည်းဖြစ်၏။သည်မျှ ဘုရား အလေးပေးခံရသောအရှင် သာသနာတော်အား မျက်နှာလွဲထားပစ်ခဲ့မည် မဟုတ်ပါ။ သူ့အလောင်းတော်အား လည်း အချည်းနှီးသာ ဖျက်ဆီးထားခဲ့မည် မဟုတ်ပါ။
ထိုမှ အပြန် သူ့အလောင်းတော်ဖြင့် သာသနာတော်အတွက် အသက်သွေးကြောဆက်ပေးခဲ့မည်သာဖြစ်ပါမည်။  လူ၊ နတ်တို့၏ သဒ္ဓါသွေး လှုပ်နှိုးပေးနေမည်သာ ဖြစ်ပါမည်။ တစ်ဖန် အရှင်မြတ်သည် အဘိညာဉ်နိုင်နင်းသူ ဖြစ်ခြင်းကြောင့် အဘိညာဉ်ဖြင့် ထုံမွမ်းထားသည့် အဓိဌာန်တော်ဖြင့် သူ၏အလောင်းတော်အား-
·         ပကတိအတိုင်းလည်း ထားနိုင်စွမ်းရှိပါသည်။
·         ဓာတ်တော်ကျစေ၍လည်း ထားနိုင်စွမ်းရှိပါသည်။
·         အားလုံးဖျောက်ဖျက်၍လည်း ပစ်နိုင်စွမ်းရှိပါသည်။
ကမ္ဘာပေါင်းများစွာရင်းနှီးထားသည့် ပါရမီတော်တို့၏ အစွမ်းပင်ဖြစ်ပါသည်။
ဤ၌ အရှင်မောဂ္ဂလာန်၊ အရှင်ဒဗ္ဗ၊ အရှင်အာနန္ဒာတို့၏ အဘိညာဉ်မံ အဓိဌာန်တော်၏ အစွမ်းကို ထုတ်ပြလို ပါသည်။
၁။       အရှင်မောဂ္ဂလာန်သည် ကာဠီကျောက်ဖျာပေါ်၌ ခိုးသားငါးရာတို့ထုနက်ဖျက်ဆီးခံလိုက်ရသဖြင့် စိစိ ညက်ညက်ကြေသွားတော့ရာ ခန္ဓာဟူ၍ပင် ပြတတ်စရာမရှိတော့ပါ။ သို့တစေလည်း ယင်းခိုးသားများ ကျောပေးထွက်ခွာသွားသည်နှင့် ပကတိခန္ဓာစဉ်ဖြင့် ထထိုင်တော်မူ၏။ ခိုးသားများကိုပင် အရှင်မြတ်၏ မျက်စိရှေ့ မြေမျိုခြင်း ကင်းစေရန် မျက်စိတဆုံး ကြည့်ရှုပေးကာ စောင့်ရှောက်တော်မူသေး၏။ ပြီးမှ ဘုရားရှင် ထံမှောက်သွားရောက်၍ ပရိနိဗ္ဗာန်စံခွင့်ပြုပါရန် လျှောက်ထားသည်ဆို၏။ ဤသည်မှာ မဟာသာဝကတို့၏ တန်ခိုးတော်။
၂။       အရှင်ဒဗ္ဗမထေရ်သည်လည်း ဘုရားထံ၌ ပရိနိဗ္ဗာန်စံဝင်ခွင့် လျှောက်ထားပြီးနောက် ဘယ်မှာဘယ်လို ပရိနိဗ္ဗာန်စံသည် ဟူ၍ သိခွင့်မပေးဘဲ ပရိနိဗ္ဗာန်စံဝင်တော်မူ၏။  ဤသည်မှာ လည်း မဟာသာဝကတို့၏ တန်ခိုးတော်။
၃။       အရှင်အာနန္ဒာမထေရ်သည်လည်း ဘုရားရှင်နောက် အနှစ်(၄၀)အထိ ကြာညောင်းစွာ နေပြီး၍ ပရိနိဗ္ဗာန်စံဝင်သောအခါ တိုင်းကြီးနှစ်တိုင်းတို့၏ အကြားမှ ရွာကြီးနှစ်ရွာတို့၏အကြားမှပင် ခန္ဓာတော် ထက်ဝက်ကွဲစေပြီး မြစ်၏တဖက်စီရှိ ထိုရွာကြီးနှစ်ရွာတို့၏ ဘက်သို့ အသီးအသီးကျစေခဲ့၏။ ဤသည်မှာ လည်း မဟာသာဝကတို့၏ တန်ခိုးတော်။
ဘုရားရှင်၏ မဟာသာဝကကြီးများ၌ စိတ်အလိုကိုယ်ပါ လိုသလို ရစေနိုင်သော တန်ခိုးသတ္တိစွမ်း အံ့မခန်းစွာ ရှိတော်မူကြ၏။ သို့ဆိုသော် ဓူတင်ဧတဒဂ်ရ ဤအရှင်မဟာကဿပ အရှင်မြတ်ကြီးသည်လည်း ထိုကဲ့သို့ ရသင့်၊ မရသင့် စာရှုသူတို့ပင် သဒ္ဓါတွင်း ဥာဏ်သွင်းကာ စဉ်းစားကြစေလိုပါသည်။
အကယ်တိတိ စာရှုသူတို့က-
အရှင်မြတ်သည် ဘုရားရှင်နှင့် နှစ်ထပ်သင်္ကန်း လဲဝတ်ခွင့်ရခြင်း၊သြ၀ါဒခံရုံမျှဖြင့် ရဟန်းအဖြစ် အခွင့်ထူး ရရှိခြင်းများကြောင့် ထိုစွမ်းရည်များပို၍ပင် ရသင့်ပါကြောင်း ထောက်ခံခဲ့ပါမူ…….
ထိုအရှင်မြတ်သည် သာသနာတော်၏ အနာဂတ်ကိုမျှော်၊ သာသနာကို အလောင်းတော်ဖြင့် စောင့်ရှောက်မှုပေး ရန် ရာဇဂြိုလ် ဝေဘာရမှ မြန်မာဝေဘာရသို့ ကြွတော်မူသည်ဟူ မှတ်တမ်းတင်ရပါတော့သည်။

မှတ်ချက်။        ။ ရှင်မဟာကဿပ မထေရ်မြတ်ကြီးအပြင် မဟာသာဝက ရဟန္တာများ၏ ထူးခြားသော အဘိညာဉ်တန်ခိုးနှင့် အဓိဌာန်ပြုကာ ပရိနိဗ္ဗာန်စံဝင်ပုံများအား သဒ္ဓါထက်မြက် ကြည်ညိုအားကျစေရန် အလို့ငှာ မဟာဗောဓြိမိုင်ဆရာတော်ဘုရားကြီး၏ အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများမှ စာစုများအား ပြန်လည်တင်ပြလိုက်ရပါသည်။
ထိုစာအုပ်တွင် ဘုရားရှင်၏ ပါဒစေတီအစစ်တဆူကို ဆရာတော်ဘုရားကြီးမှ လွင်မိုးရေးသောဆောင်းပါး တွင်ဖတ်ရကြောင်း၊ ရခိုင်ဒေသကျွန်းပေါ်တွင်တည်ရှိကြောင်းပါရှိလေရာ ထိုခြေရာတော်မှာ လူသူများ လွယ်လွယ်ကူကူမသွားရောက်နိုင်သော ရသေ့တောင်မြို့နယ်၊ မုန်စဲကျွန်းမှ ပါဒစေတီဖြစ်နိုင်ပါသည်။ ရသေ့တောင်မြို့နယ် ဂူတောင်ရွာကြီးသည်လည်း ရခိုင်ဘုရင်များ စစ်ချီတက်စဉ် ဖြတ်လမ်းဖြစ်ပြီး ရှေးကတည်ထားသော ရခိုင်ကျောက်တောင်များကို ထွင်း၍ တည်ထားသော ဘုရားများကို ဖူးမြင်ခဲ့ရပါသည်။ အိမ်မက်လာပေးသဖြင့် အိမ်မက်ထဲကအတိုင်း တူးဖော်လိုက်သော် ခြုံနွယ်ပိတ်ပေါင်းများကြားမှ ဘုရားငုတ်တိုမှ ပေါ်ထွက်လာသော စိန်ဘုရား၊ ရွှေဘုရား၊ ငွေဘုရားများကိုလည်း ကျမဂူတောင်သွားရောက်စဉ်က ရွာဦးကျောင်းတွင်ဖူးမြင်ခဲ့ရပါသည်။
အောက်ဖော်ပြပါ စာစုမှာ အလောင်းတော်ကဿပ ကျောက်တံခါးပွင့်သွားကြောင်း အဖြစ်မှန်သတင်းအား  
www.kmyothu.multiply.com မှ ကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ အလောင်းတော်ကဿပနှင့်ပတ်သက်၍ http://alaungdawkathapa.blogspot.com/ တွင်လည်း ဘလော့ရေးသူမှ စုဆောင်းတင်ပြထားတာလေးတွေကို ဖတ်ရှုနိုင်ပါတယ်ရှင်။ 
Feb 25, '09 9:31 AM
for everyone
အလောင်းတော်ကဿပ စံကျောင်းသဘာဝလိုဏ်ဂူ ကျောက် တံခါးသည် တပို့တွဲလပြည့်နေ့
(၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့)က ရုတ်တရက်ထူးခြားစွာ ပွင့်
သွားခဲ့ပြီးဘုရားဖူးလာရောက်သူမျ
ား အံ့သြစွာ
ဖူးမြော်ခွင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် အလောင်းတော်ကဿပဘုရား၌
ဆီမီးပူဇော်ပွဲကျင်းပလေ့ရှိရာ ဘုရား ဖူးလာရောက်သူ နှစ်ရာဝန်းကျင်ခန့်
ရောက်ရှိနေပြီး ယင်းကဲ့သို့ တပို့တွဲ လပြည့်နေ့ မွန်းလွဲ ၁
နာရီခွဲဝန်းကျင်ခန့်၌ ကျောက်တံခါးပွင့်သွားခဲ့ခြင်း ဖြစ်ကာ ၁၅
မိနစ်ခန့်အကြာတွင် ပြန်လည်ပိတ်သွားခဲ့ကြောင်း သိရှိရသည်။
''တပို့တွဲလပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ရုတ်တရက်ပွင့်
သွားခဲ့တာ။ ၁၅ မိနစ်လောက်ပဲကြာ ပါတယ်။ ဘုရားဖူးရောက်နေတဲ့သူ တွေလည်း
အံ့အားတသင့် ဖူးမြော် ကြပြီး ရွှေငွေတွေကို ဂူအတွင်းပစ် လှူကြတာတွေ့ရတယ်။
လိုဏ်ဂူ အတွင်းမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တ မြားတွေ မြင်တွေ့ရပြီး
အခုလိုဖြစ် ရပ်မျိုးက ကြုံတောင့်ကြုံခဲပါ'' ဟု
ကိုယ့်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပြ ပါသည်။
အလောင်းတော်ကဿပ သဘာဝလိုဏ်ဂူတော်အတွင်းရှိ အလောင်းတော်ကဿပ ခန္ဓာကိုယ် သည်
တေဇောဓာတ် မလောင်ကျွမ်း သေးဘဲ ဇဗ္ဗူရာဇ် ရွှေသားရွှေတုံး
ကဲ့သို့လဲလျောင်းလျက်ရှိရာ အဆိုပါ ကဿပကိုယ်သည် နောင်ပွင့်တော်မူ မည့်
အရိမေတ္တယျမြတ်စွာဘုရား ကိုယ်တိုင် မီးသဂြုင်္ိဟ်ခြင်းပြုမှသာ
တေဇောဓာတ်လောင်းကျွမ်းသည်ဟု သမိုင်းကျမ်းဂန်အထောက်အထားများ အရ သိရှိရသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို
မုံရွာ-ယင်းမာပင်-ဂန့်ဂေါ-ဟားခါးလမ်းနှင့် မုံရွာမြို့ အနောက်ဘက်
ချင်းတွင်းမြစ်ကို တံတားဖြင့်ကူးကာ ညောင်ပင်ကြီးမှ တစ်ဆင့် ယင်းမာပင်သို့
၁၇ မိုင်ကို ကတ္တရာလမ်းအတိုင်း သွားရသည့် မြေသားလမ်းနှစ်လမ်းရှိပြီး
နွေရာသီ တွင်သာ အသုံးပြုသွားလာနိုင် ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း
မုံရွာမြို့အနောက်ဘက်ကမ်းရှိညောင် ပင်ကြီးဒေသမှ ၄၅ မိုင်အကွာတွင်
တည်ရှိသောအလောင်းတော်ကဿပ ဘုရားသို့ ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာလ၊
ဇန်န၀ါရီလ၊ ဖေဖော် ၀ါရီလ၊ မတ်လနှင့် ဧပြီလများတွင် ကားများဖြင့်
အမျိုးသားဥယျာဉ် သစ်လုံးအိမ်စခန်းအထိ အလွယ် တကူသွားလာနိုင်ပြီး သပိတ်ဆေး
သစ်လုံးအိမ်စခန်းမှ အလောင်း တော်ကဿပစံကျောင်းသို့ ဆင်စီး၍
သော်လည်းကောင်း၊ ခြေကျင်ဖြင့် လည်းကောင်း သွားရောက်နိုင် သည်။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts