ပို့စ်တင်သူ၏
ပဏာမစကား
ယခုစာစုသည်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နံနက်ခင်းမှာ ရှင်းစရာ ကျမ်းစာအုပ်ငယ်မှ အကာလ ည ဘ၀ရေစုန်ဆိုသည့်
စာစုအားပြန်လည်ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏စာစုများ သည်အရေးသား
ဥပမာများ စာလုံးအသုံးအနှုန်းများမှာထူးခြားလှပေသည်။ သဘာဝတရားကို ဓမ္မသဘောဖြင့် ရောနှောကာ
မီးမောင်းထိုးပြသလို ကွက်ကွက်ကွင်းကွင်း ထူးထူးခြားခြားစာလုံးများ၊ စာစုများဖြင့် ဥာဏ်တော်
ကွန့်မြူးကာရေးသားထားပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့အဆိုပါစာအုပ်အား လက်လုပ်တောင်
ကျောင်းမှရရှိသောအခါ စာအုပ်နှင့်အတူ ဆရာတော်ဘုရား၏သားတပည့် အရှင် ဗုဒ္ဓာရသ က္ကုန္ဒာစရိယ
(မှော်ဘီ ဗောဓိရိပ်ငြိမ်ဆရာတော်)၏ ၄၉ နေ့မြောက်မွေးနေ့ဓမ္မဒါနပုံတော်နှင့် ကဗျာလေးအား
ရရှိလာပေရာ၊ ကဗျာအား ဖတ်လိုက်သောအခါ သူတော်ကောင်းတို့သည် တနေ့၏အချိန်တန်ဘိုးကို ဓမ္မသဘောဖြင့်
နှိုင်းယှဉ် ဆင်ခြင်ထားကြသည်ကို ခံစားသိရှိလိုက်ရပါတော့သည်။ ကျမတို့သည် တနေ့တနေ့ အလုပ်၊
ဟိုအရေး ဒီအရေး၊ တီဗွီရှေ့၊ မကြည့်ရမနေနိုင်သော ကိုရီးယားကားနှင့် ကုသိုလ်ရေးလည်းလုပ်လိုက်
လုံးချာလည်သော အရှုပ်ထုပ်များဖြင့်လည်း ချီနှောင်လျက် အချိန်ကုန်သည်ကို ကုန်မှန်းမသိ
ဖြုန်းတီးမိသူများအတွက် သတိပေးနေသကဲ့သို့ရှိနေပေသည်။ ယနေ့မနက်တွင် ထမနဲအား ဘုရားတရားသံဃာအားဆွမ်းကပ်လိုသည့်
အပြင် ကျေးဇူးရှင်ဆရာတော်ဘုရားဖြစ်သူ ရွှေစေတီဆရာတော်ထံလည်း ကပ်လှူလိုသဖြင့် ကိုယ်တိုင်ညနက်
သည့်တိုင် ထိုးမိပါသည်။ ထမနဲထိုးနေရင်း သတိနှင့် အသိကကပ်လိုက်ခွာလိုက် သတိကနဲနဲ မသိတာကများများမို့
ဘ၀တန်ဘိုးကတော့ အပြောလွယ်သလောက် ခက်ပါသေးရဲ့လို့တွေးမိခဲ့ပါသည်။ မနက် ဘုရားရှင်နှင့်
မဟာဗောဓိမြိုင်ဆ၇ာတော်ကြီး ဆွမ်းခံကြွတော်မူရာ(၉)နာရီမတိုင်မှီ ကပ်လှူဝတ်ပြုရာ ဦးချကန်တော့နေခိုက်
အမှတ်မထင် (ခန္တာကပြနေတာ နင်မှသေချာမကြည့်ဘဲ)ဟုသော စကားစုသည် နားအာရုံတွင် အထင်သားပေါ်လာပါတော့သည်။
မိမိသည်ကား ဖြစ်ခြင်တာသာရှိသည် ပေါ့လျော့တော့ ဆုံးမတာဘဲဟုလည်းသိလိုက်မိပါသည်။ ဆရာတော်ဘုရားများ၏
ဂုဏ်ကျေးဇူးကား ကြီးမားလေစွ။
အကာလ ည ဘ၀ရေစုန်
လူ့ဘ၀၏ ပြုစုခွင့်ရ
အချိန်ပိုင်းမျးကိုလေ့လာလျင်-
(က)အသေတပိုင်း
(ခ) မသေမရှင်တပိုင်း
ထိုသို့နှစ်ပိုင်းတွေ့ကြရပါမည်။ထိုစဉ်-
အကာလ အချိန်မဲ့အမည်ရ
ည အခါများသည်ကား၊
-
နေ့အခါမှာကဲ့သို့
ရရန်ရှိသည်များကို မဖော်ထုတ်သာခြင်း
-
မောဟကြောထဲအိပ်လျက်က
မျောပါသွားတော့ခြင်းများကြောင့် သေကာလ ဆိုရပါမည်။
-
လူမသေသော်
ဘ၀သေနေသောကြောင့်တည်း။
တဖန်
ကာလ
အချိန်ရှိခိုက် အမည်ရ နေ့အခါများတွင်လည်း လူသားတို့၏(သတ္တ၀ါတိုင်း) ယခင်ဘ၀သေခါနီး ဆဲဆဲဝယ်-
ယခု
ရလာသည့်ဘ၀အပေါ် အကြိုက်ကျဇော ခုနှစ်ကြိမ်စော၏။ ထို့နောက် လက်ရှိဘ၀ လက်လွှတ်လိုက်ပြီး
ထိုအကြိုက်ပြí အကြိုက်ကျက
လက္ခံ သိမ်းပိုက်လိုက်သော ယခုဘ၀ထဲ ကူးဝင်ခဲ့ ရပါသည်။ သည့်နောက် ဘ၀နေရာယူပြီးစမှ မမွေးမှီကာလတိုင်အောင်
ဘ၀င်စိတ်ခေါ် (အိပ်မောကျနေသူ ၏ စိတ်မျိုး) မနိုးစိတ်များဖြင့်သာ အလေ့ယူလာမိခဲ့ကြရာ-
မောဟသည်
ဘ၀တစ်ခုလုံးအပေါ် ခြုံဆောင်ကြီးပမာ ဖုံးကွယ်ပေးထားပါသည်။ သို့ကြောင့်-
နေ့များတွင်လည်း
အာရုံတို့၏အတိုက်
အကြိုက်ကျလာချိန်တွင်သ်ာလောဘကကြီးစိုးနေပြီး
အာရုံတို့၏အတိုက်
အကြိုက်မပြချိန် ဒေါသက ကြီးစိုးနေပြီ
အာရုံတို့
မလိုက်အားချိန်များနှင့် လိုက်သော်မှ မမိချိန်၊ မမိတမိအချိန်မှန်သမျှ မောဟက မင်းမူနေချေပြီ
ဖြစ်ရာ
ဆင်ခြင်စိတ်
ဝင်စဉ်ကာလ ဘ၀အရှင်ပြပြီး
ဆင်ခြင်စိတ် မ၀င်ကာလ အသေပြပင် … တဖန်
လူသိဝင်စဉ်ကာလ လူဖြစ်ခွင့်ရပြီး
လိုစိတ် မလိုစိတ် မသိစိတ်ဝင်စဉ်ကာလ လူဖြစ်ရှုံးနိမ့်ရပြီ၊ သို့ကြောင့်
နေ့တွင်လည်း လူ့ဘ၀သည် မသေ မရှင်မျှသာ
ညအခါများတွင်ကား ညည့်သုံးယာမ်စလုံး
သေချိန်များချည့်ဖြစ်နေ၏။
(က)
ပထမယာမ် ညနေ(၆)နာရီမှ (၉)ချက်တီးခန့် အထိကား စီးပွားဖြစ်အလုပ် လုပ်ချိန်မဟုတ်တော့သဖြင့်
(အနားယူချိန်များဖြစ်နေသည်) တိုးတက်နှုန်း ရပ်တန့်နေသော အသေမျိုးဆိုရပါမည်။
(ခ)
ဒုတိယယာမ် ည(၁၀)နာရီမှ နံနက်(၁)ချက်တီးခန့်အထိကား အပြင်းစားအိပ်မောကျချိန် (မောဟစီးပိုးချိန်)၏
သဲသဲမဲမဲချိန်ဖြစ်နေတော့သဖြင့် လူစိတ်ပင်သေသွားသောအချိန်ဖြစ်ပါသည်။
(ဂ)နောက်ဆုံးယာမ်
နံနက်(၂)နာရီမှ နံနက်(၄)နာရီတီးခန့်အထိသည်ကား နိုးကွက် အနှက်ခံနေရသော အိပ်မောကျချိန်
(မောဟနှင့်လူစိတ်တို့တ၀က်စီနယ်လုချိန်) ဖြစ်နေသဖြင့် အသေကြားမှ လူစိတ်ကလေး ပြန်လည်ဝင်စားစ
ပြုနေချိန်ဆိုရပါမည်။
ထိုယာမ်(ယာမ)သုံးမျိုးစလုံးကို
လေ့လာပါလျှင်-
-
လူ့ဘဝ
ဘာမျှအသုံးချမရသော အကာလများချည်းပင်တွေ့ရပါမည်။
-
လူ့သရုပ်
အလုပ်မဲ့ ထိုအချိန်မျိုးများတွင်
အာရုံကြောမျောပါနေသော
အစဦးအချိန်ပိုင်းသည် ရှေ့မမြင်နောက်မတွေ့ တွေမေ့ မေ့ဖြင့်ပင် ဘ၀ပင်လယ်ပြင်တွင် မည်သည့်နေရာမှာမှ
သောင်မတင်သော အမျောသမားမျှဖြစ်နေခြင်း၊ မောဟကြော မျောပါနေသော အလည်အချိန်ပိုင်းများကလည်း
အထက်မသိ အောက်မသိ ရိမေ့မေ့ဖြင့် ဘ၀ပင်လယ်ပြင် တွင်မည်သည့်နေရာမှာမှ ခိုဝင်မနေသော အမျောသမားမျှ
ဖြစ်နေခြင်း များကြောင့်-
အမှောင့်ဝင်စရာရှိလည်း
သည်ည အကာလ ကသာ
အရောင့်ဝင်စရာရှိလည်း
သည်ည အကာလ ကသာ
အသေကောင် အလောင်းထား ထိုလူသား၏ ၀န်းကျင်ဝယ်
ဖဲ့စား၊ ထိုးစား၊ ခိုးစားတတ်သော သတ္တ၀ါများ အလုပ်ခွင်ဝင်ရန်ပြင်ဆင်နေသည့်အလားပင်။
. . . . . . .
ဖဲ့စား၊ ထိုးစား၊ ခိုးစားတတ်သော
သတ္တ၀ါများ၏ အန္တရာယ်မှ ရှောင်ကွင်းရန် ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာကို ရိုသေမြတ်နိုးသောအားဖြင့်
ရေစုန်တွင်မမျောပါရန် သတိဖြင့်ကြိုးစားကြပါစို့ဟု
မေတ္တာရည်လျက်
ဓမ္မသာလာ
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး