Sunday, November 11, 2012

ဓမ္မဒါနလုပ်လိုပါသည်။


ဘုရားတည်ကျောင်းဆောက်မည့်သူများ bamawkhemarsiri@gmail.com သို့ ဖော်ပြပါစာအုပ်အတွင်းမှ ပုံများကို အလှူခံနိုင်ပါသည်။ မသမာသူများလက်ထဲသို့ရောက်မည်စိုးပါသဖြင့်လည်းကောင်း ရှားပါးစာအုပ်ဖြစ်သဖြင့်လည်းကောင်း အမှန်တကယ် ဘုရားတည်ရန်ရှိသောသူများ ပုဂံဘုရားပုံများနှင့် နီးစပ်သော ဘုရားပုံများအားတည်လိုသူများ End user များ၊ အင်ဂျင်နီယာသံဃာတော်များ အတွက်သာ ဓမ္မဒါနအဖြစ်ပို့ပေးလိုပါသည်။ အင်ဂျင်နီယာကျောင်းသားများဆွဲထားသောစာအုပ်အား မတန်တဆဈေးဖြင့် ရောင်းချနေသည်ကို ပုဂံဘုရားအချို့တွင် တွေ့ရပါသည်။ အဆိုပါစာအုပ်အား မေတ္တာဖြင့် ဓါတ်ပုံရိုက်ကူးခွင့်ပေးသော အပူပိုင်းဇုံဒေသ LIFT project မှ အင်ဂျင်နီယာ တစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်။ ကျမပုဂံညောင်ဦးသို့သွားရောက်စဉ် လည်းကောင်း တောင်တွင်းကြီးသို့သွားရောက်စဉ်လည်းကောင်း သာသနာအကျိုးအတွက် မိမိတို့တွင်ရှိသော မြေပုံများ စာအုပ်စာတမ်းများ ဓါတ်ပုံများကို မျှဝေကူးယူခွင့် (အခမဲ့)ကူညီကြသူများအား များစွာကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts