Wednesday, November 7, 2012

များလှပါပြီ ဆိုတဲ့အမှန်တရားတွေကို ဟာသနှောရေးထားတဲ့ကဗျာရှင် ဗုဒ္ဓါရသ အရှင်က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်တောရ-မှော်ဘီ)


မနေ့က ကျမ ဟိုတယ်ဇုံကနေ အပြန်မှာ ဆရာတော်ဘုရားကြီးသီတင်းသုံးရာ လက်လုပ်တောင်ကျောင်း ရွှေနန်းသွင်းစေတီတော်ကို ၀င်ခဲ့ပြီး ဆရာတော် ဦးခေမာကို ၀င်ကန်တော့ခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်က ဆရာတော်ဘုရားကြီး၏ အကြောင်း သာသနာပြုမဟာခရီးသည် ဒုတိယတွဲထွက်နေပြီး ကျပ်ငွေတစ်သောင်းဖြင့် ပူဇော်နိုင် ကြောင်းပြောကြားသိရှိရပါသည်။
ဦးခေမာထံမှ အောင်လံလွှမ်းထူ သင်္ကန်းတလူလူဆိုသည် ဓမ္မဒါနစာအုပ်တစ်အုပ်ရရှိခဲ့ ပါသည်။ ရေးသားသူဆရာတော်မှာ ဗုဒ္ဓါရသ အရှင်က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်တောရ-မှော်ဘီ)ဖြစ်ပါသည်။ ကျမက ဆရာတော် ဦးဗောဓိကြီးမှာ ဆရာတော်ကြီးကဲ့သို့အရေး အသားကောင်းကြောင်း ကျမက စကားပြေဖြင့်သာရေးတတ်ကြောင်းပြောမိပါသည်။ ထိုအခါ ဆရာတော်သည် များလှပြီဆိုသော ကဗျာလေးအား စာအုပ်နောက်တွင်ပါကြောင်း ဖတ်ကြည့်ပါဟုဆိုပါသည်။ ကျမသည် ထိုကဗျာလေးကို ဖတ်မိပြီး လူ့သဘာဝကို လစ်ဟပြနေသလို - ခဏခဏ လူတွေနဲ့ပတ်သက်ပြီး ခံလိုက်ရ ပုံရတယ်ဟု တွေးမိပြီး ပြုံးမိပါသည်။ ကဲ ကဗျာလေးကို ဖတ်မိပြီးရင် မရီကျနဲ့နော်။ ရီတယ်ဆိုတာ ကိုယ်လည်း အဲဒီအထဲပါနေလို့ တည့်တည့်လေးမှန်လို့ ရီတာပေါ့။ ကျမလည်း ပါနေလေတော့ ရီမိပါတယ်လို့။
ဆရာတော်ကဗျာလေးကို ဖတ်ကြည့်ကြပါဦးရှင်။

(များလှပါပြီ)
  1. -      ကျေးဇူးပါပဲ အပြုံးနဲ့ ပြေဖုံးကားချခဲ့ရတာ များလှပါပြီ။
  2. -      ကူညီပါအုံး စကားလုံးနဲ့ အသုံးချခံခဲ့ရတာ များလှပါပြီ။
  3. -      ခဏငှားပါအုံး အပြုံးစကားနဲ့ ဆုံးရှုံးခဲ့တာလည်း များလှပါပြီ။
  4. -      မနက်ဖန်ဆိုတဲ့ ချိန်းဆိုသံနဲ့ သည်းခံခဲ့တာ များလှပါပြီ။
  5. -      ပြန်လာခဲ့မယ်ဆိုတဲ့ မျှော်လင့်ချက်ပေးပြီး ဝေးခဲ့ရပေါင်း များလှပါပြီ။
  6. -      သည်းခံပါ တောင်းပန်စကားကြောင့်ခွင့်လွတ်ခဲ့ရပေါင်း များလှပါပြီ။
  7. -      ကြိုးစားတော့မည် ၀န်ခံစကားများနှင့် အလကားနေခဲ့တာ များလှပါပြီ။
  8. -      နောင် မမှားတော့ပါ ဆိုစကားနှင့် နောက်ထပ်မှားခဲ့တာ များလှပါပြီ။
  9. -      ခွင့်ပြုပါ ချိုစကားနဲ့ အတင်းလုသွားခဲ့တာ များလှပါပြီ။
  10. -      သတိပျက်သုဉ်းလို့ တစ်သက်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတာ များလှပါပြီ။

 ဗုဒ္ဓါရသ အရှင်က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်တောရ-မှော်ဘီ)

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts