ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က) အဖြစ်အပျက်လေးနဲ့ကြုံတုန်းဆရာတော်က ပြောပြခဲ့ဘူးတာလေး အမှတ်တရတင်ဆက်လိုက်တာဖြစ်ပါတယ်။
မဟာမြိုင် ဆရာတော်ဦးဇောတိကဟာ ပျဉ်းမနားမဟာမြိုင်မှာ သီတင်းသုံးစဉ် (ခုနှစ်သေချာမမှတ်မိတော့တာခွင့်လွတ်ပါနော်) တခါမှာ အတော်ကို နာမကျန်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဆရာတော်ကို ပျဉ်းမနား စည်ပင်သာယာဝန်းထဲက ဆရာတော်ရဲ့ ရဟန်းဒကာမလည်းဖြစ်တဲ့ ဗိုလ်ကြီး လင်းဦးရဲ့မိခင် (ကျမတို့က အဖွားအဖွားနဲ့ခေါ်တာ)ရှိတဲ့ စည်ပင်ရိပ်သာက အိမ်မှာ ကြွလာပြီး ဆေးကုသမှု ခေတ္တခံယူရပါတယ်။ ဆရာတော်ဟာ သူ့ကိုယ်သူ သေပြီလို့ထင်ပါတယ်လို့ ပြောပြပါတယ်။ သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ သူဘာကိုသတိထားမိသလဲဆိုတော့ နားအာရုံကို သတိထားမိပါတယ်တဲ့။ သူဘေးအနားမှာ လူတွေဟာ ရှုတ်ရှက်နေတာကို ကြားနေရတယ်တဲ့။ ဆရာတော့်ကိုလည်း မေ့နေတယ်နဲ့တူတယ်လို့ပြောနေကြရဲ့လို့ ဆိုပါတယ်။ ဆရာတော်က သူမမေ့ဘူး သူတို့ပြောတာတွေ အကုန်ကြားနေရတယ်။ ပြန်ပြောဘို့ ကြိုးစားတယ်။ ဒါပေမဲ့ ပါးစပ်က လှုပ်လို့မရဘူးလို့ပြောပါတယ်။ ဒါကို ကြည့်ပြီး လူတဦးဟာ လူမမာဖြစ် နေတယ်ဆိုရင် မေ့ခြင်မှမေ့နေမှာတဲ့။ နားအာရုံကမချုပ်ဘူး။ ပါးစပ်က ပြောလို့မရတာမျိုးဖြစ်တတ်တယ်။ ဒါကြောင့် သေခါနီးလူမမာတွေများကြုံခဲ့ရင် မျောနေတာဘဲ ဆိုပြီး ဘေးကနေ ပြောခြင်ရာပြောတာမျိုးမလုပ်သင့်ဘူးတဲ့။ သူတို့ဟာ မျောခြင်မှမျောမယ် စကားပြန်မပြောနိုင်တာဖြစ်ခြင်ဖြစ်မယ်။ ဒါကို သတိကြပ်ကြပ်ပြုသင့်တယ်။ နားအာရုံဟာ နောက်ဆုံးမှ ချုပ်တယ်လို့ ဆရာတော်က ဆိုပါတယ်ရှင်။
ဒါလေးကို ဗဟုသုတအဖြစ် ဆရာတော်ရဲ့တကဲ့အတွေ့အကြုံကနေ ကျမတို့ကို ပြောပြခဲ့တာလေးကို အခုထက်တိုင်အမှတ်ရနေဆဲမို့ မှတ်တမ်းလေးအဖြစ်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်ရှင်။
ကျမတို့ကို မေးသမျှဖြေ တရားနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်အောင် ရှင်းပြခဲ့တဲ့ ဆရာတော် ဦးဇောတိကရဲ့ ကျေးဇူးများကြောင့် ကျမဟာ ထိုက်သင့်တဲ့ တရားအသိဥာဏ်လေးတွေကို ရရှိခဲ့တာပါလို့ ဆရာတော့်ရဲ့ ကျေးဇူးတရားများအား ကန်တော့ရင်း ဆရာတော် ကျန်းမာချမ်းသာပါစေကြောင်း မေတ္တာပို့သအပ်ပါတယ်ရှင်။
Thursday, September 27, 2012
နားအာရုံဟာ နောက်ဆုံးမှ ချုပ်တယ် ဒါကြောင့် လူမမာတွေဘေးမှာ စကားပြောရင်သတိထားပါ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကေ ရွှေလွှမ်းတောင်ဆိုတဲ့နိမိတ်နဲ့ မြသိန်းတန်ဘုရား နဂါးရုံဘုရားပုံတော် ရွှေလွှမ်းတောင်ပေါ်(ရေပြာဂေါက်ကွင်းအနား)မ...
-
ယနေ့ညနေ ရုံးဆင်းပြီးသော် ကျမသည် လက်လုပ်တောင်တွင် သီတင်းသုံးနေသော ဦးဇင်း ဦးခေမာအား သတိရမိပါတော့သည်။ ဦးဇင်းကား မျက်စေ့ပြန်လည်ကုသနေသဖြင့် မေ...
-
စုံးဆိုတာကို ဒီအရွယ်မှာစတွေ့ဘူးခဲ့တာဖြစ်ပါတယ်။ ကျမငယ်စဉ်ကပုံ စုံးဆိုတာ ကျမတို့မြို့မှာ ငယ်စဉ်ကတည်းက ကြားခဲ့ဘူးတယ်။ စုံးအတတ်ဟာ...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
၁၉၇၅ ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က အင်မတန်ထူးဆန်းတဲ့ တဘောင်တခုကို ပျဉ်းမနားသူဖြစ်တဲ့ ကျမသူငယ်ချင်းဆီက ကြားခဲ့ရဘူးပါတယ...
-
တကဲ့အနှစ်သာရဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘူး လူအများစုဟာ တကယ်ရိုးသားမှုမရှိဘဲ ရိုးသားယောင်ဆောင်နေတတ်ကြတယ်။ အမျိုးမျိုးဟန်ဆောင...
-
ကုသိနာရာမပြည်တော်အေး ကျောင်းရဲ့ မျက်စောင်းထိုးလောက်မှာရှိနေတဲ့ရွှေမြင်တင်ကျောင်းမုဒ်ဝဖြစ်ပါတယ်။ ဒီကျောင်းမှာ ထူးထူုးခြားခြား မြန်မာနိုင်ငံမ...







ဟုတ်ပါတယ်။ "Vegetable state" ဘဲဆိုပီးလျှော့မတွက်သင့်ပါဘူး။ Locked in the body syndrome ဆိုတဲ့စကားလုံးလေးလည်းရှိပါတယ်။ ပြင်သစ်က Elle မဂ္ဂဇင်းအယ်ဒီတာဟာ မျက်တောင်လေးတစ် ဖက်ဘဲခတ်ပြပီး The Diving Bell and the Butterfly ဆိုတဲ့စာအုပ်ကိုရေးခဲ့ပါတယ်။ ရုပ်ရှင်လည်းရှိပါ တယ်။ Operation Table ပေါ်မှာအသက်ထွက်သွားပီးအသက်ပြန်ဝင်လာသူတွေက doctors တွေ nurse တွေပြောတာဆိုတာအားလုံးအတိအကျပြန်ပြောနိုင်ခဲ့တဲ့ဇတ်လမ်းတွေအထောက်အထားတွေ
ReplyDeleteလည်းရှိပါတယ်။
ဦးစိန်ဋ္ဌေး
ဟုတ်ပါတယ်။ အဲဒါကို locked in the body syndrome လို့ဆိုကြပါတယ်။ ပြင်သစ်က Elle ဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာ Jean-Dominique Bauby ရေးခဲ့တဲ့The Diving Bell and the Butterfly စာအုပ်တစ်အုပ်ရှိပါတယ်။ ရုပ်ရှင်လည်းရှိပါတယ်။ Vegetable state လို့အများကသတ်မှတ်ခေါ်ဝေါ်နေတဲ့အချိန်မှာရေးခဲ့တာပါ။
ReplyDeleteမျက်တောင်လေးတစ်ဘက်ခတ်ပီးစာတစ်လုံးချင်းရေးခဲ့ရတာပါ။Theater operating table ပေါ်မှာ
အသက်ထွက်သွားပီးအသက်ပြန်ဝင်လာသူတွေက doctors တွေ nurse တွေပြောတာဆိုတာအသေး
စိတ်ပြန်ပြောနိုင်ကြတဲ့အထောက်အထားတွေလည်းရှိပါတယ်။ Brain damage ဖြစ်သွားလို့
“မကြားရတော့ဘူး” ဆိုပီးထင်ရာတွေပြောမိယင်ဝေဒနာရှင်မှာအင်မတန်ကြီးမားတဲ့သောကဖြစ်ရပါတယ်။
မျက်လုံးလေးတောင်မလှုပ်နိုင်တဲ့ကြားက တအီးအီးနဲ့ဖျစ်ညှစ်ငိုယိုနေကြတဲ့ရောဂါရှင်တွေကိုမြင်ရတာ
တကယ်သနားဘို့ကောင်းပါတယ်။လူနာတွေကို respect ပေးကြပါ။ ပြောချင်ယင်ကွယ်ရာမှာတိုးတိုးပြောကြပါ။
“Vegetable ဘဲ”ဆိုပီးအရိုအသေပေါ့မိ၊ စကားကျွံမိယင် နှစ်ဦးနှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။
ဦးစိန်ဋ္ဌေး (Perth)