Thursday, August 16, 2012

မာရ်နတ်ရဲ့ဒဏ်ကို တွန်းလှန်နိင်သူမှသာ တကယ့်အာဇာနည်ယောကျာ်းဖြစ်ပါတယ်


လမ်းခုလတ်မှာ ကျေနပ်မနေပါနဲ့

များသောအားဖြင့် သူတပါးရဲ့အထင်ကြီးခံရမှု၊ အရိုအသေခံရမှုစသော လမ်းတစ်ဝက်လောက်မှာပင် ဘ၀ကို သောင်တင်ပြီးကျေနပ်နေကြပါတယ်။ ကောင်းသောလမ်းဟာ ဘေးအန္တရာယ်အလွန်များပါတယ်။ ဥာဏ်ရှိသူ မှသာ သိမြင်နိုင်ပါတယ်။ သူတပါးရဲ့အထင်ကြီးမှုစသော မာရ်နတ်ရဲ့ဒဏ်ကို တွန်းလှန်နိင်သူမှသာ တကယ့်အာဇာနည်ယောကျာ်းဖြစ်ပါတယ်။ သူတော်ကောင်းများ စွန့်ပစ်ထားသော တံထွေးနှင့် တူသည့် လာဘ်လာဘ၊ ဂုဏ်ပကာသန ကျော်ကြားမှုဖြင့် လမ်းခုလတ်တွင်ရောင့်ရဲ မနေသင့်ပါဘူး။

ဥာဏ်ရှိတဲ့သူတွေဟာ ဆင်းရဲလည်းခဏပါဘဲ။ ဥာဏ်မရှိတဲ့သူ ချမ်းသာတာဟာလည်း ခဏပါဘဲ။

သဘာဝတရားတွေရဲ့ အမှန်ဟာသစ္စာဖြစ်တယ်။ သဘာဝတရားကိုမှန်တာပြောတာ သစ္စာတရားပါ။ ဥာဏ်မရှိတဲ့ လောကသားတွေကို မှန်တာပြောတော့ များသောအားဖြင့် ပြနာဖြစ်တတ်ပါတယ်။ နစ်နာတတ်ပါတယ်. အမိဝမ်းဗိုက်ထဲက စပြီးဘာမှ ယူသွားမရဘဲ သေဆုံးသွားတဲ့ကြားကာလမှာ အမျိုးမျိုးစွဲလမ်းပြီး မိမိရဲ့ ကြံစည် ပြောဆိုလုပ်ကိုင်မှုတွေကြောင့် တစ်ပါးသူတွေက ဒုက္ခမရောက်သင့်ပါဘူး။ ဥာဏ်ရှိတဲ့သူတွေဟာ ဆင်းရဲလည်း ခဏပါပဲ၊ ဥာဏ်မရှိတဲ့သူတွေဟာ ချမ်းသာတာလည်း ခဏပါဘဲ။ ဥာဏ်ရှိအောင် ကြိုးစားအားထုတ်ကြပြီး၊ စစ်မှန်တဲ့သစ္စာ(၄)ပါးကိုဆောင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းကသာ ဥာဏ်အစစ်ပါ။ ချမ်းသာအစစ်ပါ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts