ဓမ္မဒါနအလှူအသေးစားလေး
မအားတဲ့ကြားထဲကနေ
ကျမလုပ်ဖြစ်တဲ့အလုပ်အသေးစားလေးတခုရှိပါတယ်။ ဒါကတော့ ကျမက သံဃာတော်တွေအတွက် တိ-ပိတကဋ်တွေကို
ဓမ္မဒါနပို့ပေးတဲ့ အလှူဒါနအသေးစားလေးပါဘဲ။ ဒီအလှူလေးကို လုပ်ရတာတော်တော်ပီတိလည်းဖြစ်မိပါတယ်။
သံဃာတော်တွေ လက်ဝယ်အရောက်ထည့်ပေးနိုင်အောင်လည်း စီစဉ်ထားတာမို့လို့ သုံးစွဲသူ သံဃာတွေလက်ထဲအရောက်အလှူရောက်
အောင် စီစဉ်ထားခဲ့ပါတယ်။ သို့ပေမဲ့အားမရခဲ့ပါဘူး။ ရည်ရွယ်တာက နိုင်ငံခြားတွင်ရောက်ရှိနေသောသံဃာတော်များအတွက်
ပို့ပေးလိုခြင်း နောက်တဆင့်ကတော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့ သံဃာတော်များအတော်များများရှိလာပေမဲ့
အင်တာနက်မသုံးနိုင်သေးတဲ့ သံဃာတော်များအတွက်ကို ပိုရည်ရွယ်ပါတယ်။ သို့ပေမဲ့ အလှူခံလာတဲ့
သံဃာတော်များဟာ နိုင်ငံခြားမှာ သာသနာပြုနေတဲ့ သံဃာတော်များနဲ့ ပညာသင်ကြားနေတဲ့သံဃာတော်များသာ
အလှူခံတာများပါတယ်။
ဒါကြောင့်
ကျမရဲ့ ရည်ရွယ်ချက်တခုဖြစ်တဲ့ ပြည်နယ်ဒေသများ အထူးသဖြင့် ဆက်သွယ်ရေးခက်ခဲသော ဒေသများ
အင်တာနက်တပ်ဆင် ထားပေးမဲ့ ဖိုင်ကြီးများကို ဒေါင်းလုပ်ချရတာခက်ခဲတဲ့ ဒေသများက သံဃာတော်များ
အလှူခံမှူအား စောင့်မျော်လျက်ရှိပါတယ်။ အ ခုခေတ်မှာ စာသင်တိုက်တွေတော်တော်များများဟာ
ကွန်ပြူတာသုံးနိုင်လာကြပါပြီ။ ဒါကြောငု့် ဒီပရိုဂရမ်လေးကို ထိထိရောက်ရောက် အသုံးပြုနိုင်ကြမှာဖြစ်ပါတယ်။
ဒီဓမ္မဒါနအလှူလေးလုပ်တဲ့အခါမှာ
စာတိုက်မှာ အမြန်ချောဖြင့်၎င်း ရိုးရိုးပါဆယ်ဖြင့်၎င်း
ပေးပို့တဲ့အခါမှာ ကျမကို ကူညီထုတ်ပိုးပေးတဲ့ ကျမရဲ့တပည့်လေး ကျော်မြတ်သူကို၎င်း ကျမတို့အဓိကပေးပို့ခဲ့တဲ့
ဆက်သွယ်ရေးစာတိုက်ဖြစ်တဲ့ ရေဆင်း စာတိုက်မှာ စာတိုက်မှူးနဲ့အဖွဲ့ အားလည်း ကျမတို့ရဲ့
ဓမ္မဒါနအခွေများကို မကွဲမပျောက် သက်ဆိုင်ရာသံဃာတော်များထံသို့ ရောက်ရှိတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း
ပြောကြားပါရစေရှင်။
အခွေကူးရာမှာ
အမြန်နှုန်း ၈ နဲ့ကူးရတဲ့အတွက်ရယ် အခွေကူးစက်တစ်လုံးထဲနဲ့ကူးရတဲ့အခက်အခဲမှ တပါးကျန်တာလေးတွေ
အားလုံးဟာ မိမိကို ပီတိဖြစ်စေပါတယ်။ ဓမ္မဒါနအလှူလို့ ပြောတဲ့အခါမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟောတဲ့
တရားထဲက ထုတ်နှုတ်ပြီး ဓမ္မအနှစ်ကလေးနဲ့ အဆုံးသတ်ပါရစေ။
သူတပါးရိုက်ထားတဲ့စာအုပ်မှာ
နာမည်လေးတတ်ပြီး မည်သူ၏ ဓမ္မဒါနဖြစ်သည်ဟု စာလေးကပ်တာနဲ့ ဓမ္မဒါနအလှူဖြစ်ပြီလားတဲ့။ ဓမ္မဒါန
စစ်စစ်ဆိုတာ မြတ်စွာဘုရားကို တရားဖြင့်ပူဇော်ခြင်းသာဖြစ်ပါတယ်တဲ့။ ကျမတို့လည်း မိမိတတ်နိုင်သလောက်
တရားဖြင့်ပူဇော်ပြီး အနှစ်ပါတဲ့ ဓမ္မဒါနစစ်စစ်လေးကို ကြိုးစားပြီး ကုသိုလ်ပြုကြပါစို့လားရှင်။
သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး