Monday, June 11, 2012

မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀နအား သြ၀ါဒပေးသောစကားစုများ


မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀နအား သြ၀ါဒပေးသောစကားစုများ
လောကဓံနှင့်ပတ်သက်သည့် သြ၀ါဒ ကထာများ
မဟုတ်တော့ပြုံးခံ ဟုတ်တော့ကုန်းခံ ဘယ်နေရာဖြစ်ဖြစ်ခံရမှာနော် ။ ဘယ်နေရာသွားသွားလောကဓံနဲ့မလွတ်ဖူးဘုရား ခံခဲ့ကြတာချည်းဘဲဘုရား။
မဟုတ်တော့လည်း ငါ့အကြောင်းမသိလို့ ပြောတာလို့ ခံလိုက်ပေါ့ ဟုတ်တော့လည်း အော် ဟုတ်တာပါဘဲလားလို့ခံလိုက်ပေါ့။ ခံရမှာတွေချည်းနော်။
သစ်ပင်မြင့်လာရင် တောအုပ်မကင်းမှ။ လေကတော့တိုက်မှာ။ ဆိုးလေက တောင်ကနေတိုက်ရင် ကောင်းလေက မြောက်ကတိုက်မှာ ။ ဘယ်ဘက်တိုက်တိုက် မယိမ်းမှ နော်။ ပြီးတော့ ခင်ဗျားတို့အတွေ့အကြုံဆိုရင် အဆိုးလောကဓံက မွေးကတည်းက ကြုံထားတာ မိတ်ဆွေတွေဗျ သက်သာတယ်။
အကောင်းလောကဓံကအခုမှတွေ့ဘူးတာဗျ။သံသရာကြီး အကောင်းလောကဓံက ဒို့ တုန်လှုပ်မှာနော်။  အကောင်းကျော်နိုင်ရင် အဆိုးကအလိုလိုကျော်တာပေါ့ ။ အကောင်းကို ကျော်နိုင်ဘို့ သိပ်လိုအပ်ပါတယ်ဘုရား။ အကောင်းကို ကြပ်ကြပ်သတိထားပါဘုရား။ ကြပ်ကြပ်ကောင်းလေ အရှင်ဘုရား ကြပ်ကြပ်သတိထားလေပါ ဘုရား။ အကြိုက်နဲ့တိုးလေ ကြောက်စရာကောင်းလေပါဘုရား။ အကြိုက်ကိုအရှင်ဘုရားရေ ကြောက်တတ်ပါ စေနော်။ အကြိုက်ကိုကြောက်တတ်ပါစေနော်။ အကြိုက်ကိုကြောက်ရင် အကြောက်ကြရင် မလိုအပ်တော့ဘူး ဘုရား။ ရနိုင်ပါ့မလား ဦးဇ၀န။ အကြိုက်ကို ကြောက်ဖို့လိုအပ်တယ်ဘုရား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts