Wednesday, July 4, 2012

ထူးခြားသောစိတ်တန်ခိုး (ရွှေဘို)

ဆရာတော်ဘုရားသီတင်းသုံးနေသည့် အတွက်ကြောင့် ဆရာဒေါက်တာမြသွင်မိသားစုနှင့်အတူ ရွှေဘိုမြို့နယ်၊ ကန့်ဘလူမြို့ မင်းတုန်းကျေးရွာ၊ နတ်တလူတောရသို့္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ ၁၉၉၇ တွင် ရောက်ခဲ့ပါည်။ ထိုစဉ်ကလည်း ဆရာတော်ဘုရားကြီးသည် ရွှေဘိုကို ရောက်တဲ့သူတွေက ဘ၀အဆက်ဆက်က ဆွေမျိုးတွေ ဟုပြောသည် ကြားယောင်မိပါသည်။ ညဘက်တွင် ကျမ၏ ဆရာဒေါက်တာ မြသွင် (သွင်ကြီး) နှင့် ဆယ်ပြားကြီး (ကျော်ထင်ဦး)နှင့် ကျမတို့သည် အေးချမ်းစွာ ဆရာတော်သီတင်းသုံးရာကျောင်းပေါ်သို့ တက်ရောက် ဖူးမျှော်ခွင့်ရပါသည်။ သို့သော် ကျမတို့ထက် ဦးသော ဧည့်သည်ရှိပါသည်။ သူကား မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးလွင်ကို ဖြစ်ပါသည်။ ကျမသည် ဆရာတော်ကြီးကို တစ်ခုခု လျှောက်ထားခြင်သည်။ သို့သော် ဗိုလ်မှူးကား စကားမပြတ်။ ကက်ဆက်ကြီးကလည်း ဆရာတော်ကြီး၏ရှေ့တွင် ချလျက်။ မေးတဲ့မေးခွန်းကလည်း ဆရာတော်ကြီးထံမှ စကား မပြောပြောအောင် မေးနေသည်နှုင့်တူ၏။ ပိုးမျိုး(၈၀) ခန္တာကိုယ်ထဲတွင်ရှိကြောင်း၊ အမျိုးပေါင်း(၈၀)၏ အရေအတွက်မှာ များစွာ ဖြစ်သည့်အကြောင်း၊ ငါးဥတတွဲလျင် ငါးလောင်းပေါင်း မြောက်များစွာ ရှိကြောင်း ဒါကြောင့် အပါယ်ဘုံသားများ စွာရှိကြောင်း ဥပမာဖြင့် မိန့်ခဲ့ပါသည်။ အပါယ်ဘုံသည်ကြောက်စရာကောင်းပါတယ်လို့ ထုတ်ဖော် မပြောသော်လည်း ပြောနေသယောင်ရှိပါသည်။ ဗိုလ်မှူးမှာ တောင်တွင်းကြီးသားဖြစ်သည်ဟုပြောရာ ဆရာတော်ကြီးမှ အော်-တွင်းကြီးထဲ နေတာကိုးဟု ရီမောစွာပြောလိုက်။ ဗိုလ်မှူးက ပြောလိုက်နဲ့။ ကျမကတော့ မေးခြင်တဲ့ မေးခွန်းများလည်ချောင်းတွင်တစ်ပြီး အကြိမ်ကြိမ် မြိုချနေရသည်။ ဘယ်တော့မှ ပြီးမလဲ မသိဘူးဟုလည်းအကြိမ်ကြိမ်ဖြစ်မိပါသည်။
အတော်ကြာသော် ဆရာတော်ဘုရားကြီးသည် ဗိုလ်မှူးနဲ့စကားပြောနေရာမှ ကျမတို့ဘက်သို့လှည့်ပြီးလျင် (ပုတီးစိပ်ရင် လက်နဲ့ပုတီးကိုထိသွားတာအပေါ်မှာစိတ်ကိုထား၊ ဂုဏ်တော်ရွတ်တာကို သူဟာသူ ရွတ်နေပါစေပေါ့ ထိတာလေးကို သတိကပ်ပြီး သိသိသွားပေး။ အတိတ်က ဆုတောင်းကလည်းရှိသေးတယ်။ အတိတ်ဘ၀မှာ ကိုယ်ကဘာဆုတောင်းခဲ့မှန်းသိတာမဟုတ်ဖူး။ တခါတလေ ကိုယ်က သမထသမားတွေနဲ့ တွေ့ပြီး၊ သူတို့ကို အားကျပြီး သမထနဲ့ပေါက်မြောက်ပါစေလို့ဆုတောင်းမိခဲ့ရင် သမထနဲ့ထွက်ရတတ်တယ်) ဟူသတည်း။
ထိုစကားသည်က ကျမသိခြင်သော အဖြေပါတည်း။
ကျမစိတ်ထဲမှ မေးနေသောမေးခွန်းမှာ (အစတုံးက တပည့်တော်သည် ၀ိပသာနာတရားအားထုတ်ခဲ့ပါသည်။ ဒါပေမဲ့ အခုတော့ တရားထိုင်လို့မရ အရိုးကျီးပေါင်းတက်တဲ့အတွက် ဇက်တွေ အကြောတွေနာ ခေါင်းတွေကိုက် ပြီး တရားမထိုင်နိုင်ဘဲ ပုတီးချည်းစိပ်နေရပါသည်။ ပုတီးစိပ်နေလျင် နိဗ္ဗာန်ကိုကော ရောက်နိုင်ပါ့ဦးမလား။ လိုခြင်တာက နိဗ္ဗာန်ဘုရား။ ပုတီးဆိုတော့ သမထလိုင်းမဟုတ်ဘူးလားဘုရား)ဟု ဖြစ်ပါသည်။ မေးခွန်းသည်ကား ကျမရဲ့ပါးစပ်မှ အသံထွက်မမေးဖြစ်ခဲ့။ စိတ်ထဲကသာ မေးဖြစ်သည်။ အဖြေကား ရသွားပါချေပြီ။ ဆရာတော်ဘုရားကြီး၏ စိတ်စွမ်းအင် စိတ်တန်ခိုးကား ဆန်းကျယ်လှပါချေတကား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts