Monday, August 20, 2012

အပြောချိုသလောက် အတွင်း စိတ်ဆင်းရဲနေသူ


အပြောချိုသလောက် အတွင်း စိတ်ဆင်းရဲနေသူ
ပါးစပ်ပြောကတော့ ချိုချိုသာသာနဲ့အကောင်းတွေများများပြောပြီး လုပ်ရပ်ကတော့ မသိမသာရော၊ သိသိ သာသာတွေရော နည်းမျိုးစုံနဲ့ သူတပါးတွေ စိတ်ဆင်းရဲအောင် အပြစ်ဒဏ်ခတ်တတ်ပါတယ်။ သူ့မှ အပေါ်ယံ စိတ်ချမ်းသာသလိုနဲ့ အတွင်းစိတ်ဆင်းရဲနေလို့ သူ့အတွင်းစိတ်ရဲ့ ရောင်ပြန်ဟပ်မှုတွေ ပေါ်ထွက်လာပြီး သူတစ်ပါးတွေ စိတ်ဆင်းရဲအောင်လုပ်တော့တာပါဘဲ။ ဒါကြောင့်အပေါ်ယံစိတ်ချမ်းသာမှု ရထားယုံလေးနဲ့ မပြီးကြသေးဘး၊ အတွင်းစိတ်က ရိုးရိုးသားသား ကြည်ကြည်လင်လင် ပီပီပြင်ပြင် စိတ်ချမ်းသာမှုရှိဖို့ အထူး လိုအပ်ပါတယ်။ အတွင်းက မခိုင်ခန့်လျင် ရေရှည်မခံပါဘူး။

တကယ့်လူကြီးလား လူကြီးခလေးလား
အသက်အရွယ်ကြီးရင့်လာသလို သဘာဝ အသိဥာဏ်ကြီးမထွာလာလျှင် သေးငယ်သော လောကဓံနှင့် တွေ့သောအခါသော်မှ သဘောထားသေးပြီး အမြဲတမ်းလှုပ်ရှားလွယ်ပါတယ်။ ဒါဟာ သီးခံခြင်း၊ ခွင့်လွတ် ခြင်း၊ သဘောထားကြီးခြင်းစတဲ့ အချက်တွေ လိုအပ်နေလို့ပါဘဲ၊ တချို့သူတွေဟာ လူပင်ငယ်ကြသော်လည်း၊ အသိဥာဏ်နဲ့ သည်းခံ၊ ခွင့်လွန်ခြင်း သဘောထားမှာရှိသင့်သည်ထက်ပိုပြီး ရှိနေတတ်ကြပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ ခလေးမျိုး(ခလေးကြီး)မဖြစ်အောင် နေထိုင်တတ်ဖို့ ပြုပြင်တတ်ဖို့လိုပါတယ်။ သဘာဝအသိဥာဏ်နည်းတဲ့သူဟာ အသက်ကြီးပေမဲ့ခလေးဖြစ်နေပြီး၊ သဘာဝအသိဥာဏ်မြင့်တဲ့သူဟာ ခလေးပင်ဖြစ်လင့်ကစား လူကြီးဖြစ်တယ်။

ကိုယ်တော်တယ်လို့အထင်ခံခြင်တဲ့ အတွက် အမှန်ပြောတာကို သူတော်ကောင်းမဟုတ်တဲ့သူတွေက လက်မခံကြပါဘူး။
အတွင်းက စိတ်နေစိတ်ထားညံ့ပြီးသဘောထားမဖြောင့်တဲ့သူဟာ (ဗဟုသုတတွေ ဘယ်လောက်များများ) ကြောက်စရာကောင်းလှပါတယ်။ ပြောဆိုမှုမှာလည်း အကြိုက်ပြောတာနဲ့ အမှန်ပြောတာ (၂)မျိုးရှိတယ်။ အကြိုက်ပြောတကို လူတိုင်းကြိုက်ကြပေမယ့် အမှန်ပြောတာကိုတော့(သူယုတ်မာတို့က)လက်မခံကြ ပါဘူး။ ကိုယ်တော်တယ်လို့အထင်ခံချင်တဲ့ ဆန္ဒရဲ့လက္ခဏာတွေပါဘဲ။ တကယ်တော်ရင် ကိုယ်တိုင်ဖော်ထုတ်စရာ မလိုဘဲလက်ခံလာကြတာ ဓမ္မတာဘဲ. သူတော်ကောင်းများဟာ အမြဲတမ်းတည်ငြိမ်အေးဆေးနေပါတယ်။ သူယုတ်မာတွေကတော့ ဆန့်ကျင်ဘက်တွေနဲ့ အမြဲလှုပ်ရှားနေပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts