မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ သံဝေဂဆရာတော် အရှင်သောမအား သြ၀ါဒပေးစကားများမှ ကောက်နှုတ်ချက်
တပင်တည်းဆိုရင် လှဲအောင် ထောင်ပြီးကျော်အောင်တိုက်နိုင်တယ်။ အဲဒါ ဓမ္မပဒကပေးတဲ့ဥပမာ။ အပင်ကျွတ်အောင်တိုက်တတ်တယ်နော်။ ဒါနခြံရံ သံဃာတော်များ၏အခြံအရံထားနော်။ အုပ်လိုက်ဆိုတော့
မျှခံရတော့ သက်သာတာပေါ့ဘုရား။ အဲဒါ သံဃာတော်ကြီးများရဲ့ အခြံအရံထားနော်။ ဝေဘူဆရာတော်ဘုရားကြီးကြတော့ တပြည်လုံးပင့်ရာလိုက်တာ။ အဲဒီမှာ သိက္ခာအကြီးဆုံး ဘယ်ကျောင်းဆိုတာမေးရလိုက်တာ။ ဝေဘူဆရာတော်ဘုရားကြီးရဲ့သိက္ခာထက်ကြီးတဲ့ဆရာတော်ကြီးကို မေးပြီး အဲဒီကျောင်းသွားပြီး သြ၀ါဒခံယူလိုက်တာဘဲဘုရား။ ဘယ်သွားသွားထားနော်။ နိဝါတ ကလည်းဖြစ်သွားရော။သံဃာတော်အပေါ်ကြည်ညိုရာလည်းရောက်တာပေါ့ဘုရား။
(အနိစ္စလက္ခဏာလေးဘဲမြင်တော့ ဘာလုပ်ရမလဲဘုရား။ သိမ်မွေ့သွားပြီး။ ဘာမှမရှိဘူး သိနေတာလေးရှိတယ်။ )
သိတာလေးရှိတာ ရုပ်မဟုတ်သော်လည်း နာမ်ကို သိနေရတာ။ တက်လည်းကြည့်နေရမှာ ။ ဒီထက်နုတာအထိ တက်နေဦးမှာပါပေါ့။ အားကောင်းရင် ဘာရှုရှု လစ်ကနဲဆိုပျောက်သွားတယ်။ သိစရာလေးကျန်နေရင် ကြည့်စရာမရှိဘူး။သိတာလေးကျန်နေရင် သိတယ် သိတယ်နော် အမှတ်ပါမ အမှတ်မပါရင် တွေနေတတ်တယ်။ အမှတ်ပါမှ တက်တာနော်။ စိတ်ကလေးနုနုကျန်နေရင် ရူနေရမှာဘဲလေ။ သမာဓိဘက်ကအားကောင်းပြီး ပညာဘက်ကသာရင် တဘီးလိမ့်ကျန်နေမယ်။ ကောင်းကင်တက်နေရသလို တခါတလေ သိယုံလေး တခါတလေ သိသလို မသိသလို အရူပဈာန်နဲ့ ဆန်ဆန်တွေအထိတက်နေတတ်တယ်။ ရုပ်ဘက်ကကုန်သော်လည်း နာမ်ဘက်က ကျန်နေလို့ သမာဓိအားကောင်းပြီး ပညာဘက်က မလိုက်နိုင်လို့ သိအားက ဒလဇပ်ဖြစ်သွားပြီ ကြားမှာ သိရာက ပြတ်ကျတတ်တယ်။ ရုပ်နာမ်ဖြစ်ပျက်မြင်ရာကနေ ဖင်ထိုင်ပြန်ကျတတ်တယ်။ ဖြစ်ပျက်ရုပ်ပြန်မြင်တယ်။ ဒုက္ခပေးတာက နိဝေနရတွေဘာတွေပြောမနေနဲ့ အတွေးဘဲ။ အတွေးက သေးသေး လေး စိပ်စိပ်ကလေးနဲ့ကျန်နေတတ်တယ်။ ဘယ်နေရာရောက်ရောက် လမ်းဆုံးတာ၊ မဆုံးတာကိုယ့်တာဝန်မဟုတ်။ ရှု့ရမှာကိုယ့်တာဝန်
Tuesday, August 14, 2012
တပင်တည်းဆိုရင် လှဲအောင်တိုက်နိုင်လို့ ဘယ်သွားသွားသံဃာအခြံအရံထား
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကေ ရွှေလွှမ်းတောင်ဆိုတဲ့နိမိတ်နဲ့ မြသိန်းတန်ဘုရား နဂါးရုံဘုရားပုံတော် ရွှေလွှမ်းတောင်ပေါ်(ရေပြာဂေါက်ကွင်းအနား)မ...
-
ယနေ့ညနေ ရုံးဆင်းပြီးသော် ကျမသည် လက်လုပ်တောင်တွင် သီတင်းသုံးနေသော ဦးဇင်း ဦးခေမာအား သတိရမိပါတော့သည်။ ဦးဇင်းကား မျက်စေ့ပြန်လည်ကုသနေသဖြင့် မေ...
-
စုံးဆိုတာကို ဒီအရွယ်မှာစတွေ့ဘူးခဲ့တာဖြစ်ပါတယ်။ ကျမငယ်စဉ်ကပုံ စုံးဆိုတာ ကျမတို့မြို့မှာ ငယ်စဉ်ကတည်းက ကြားခဲ့ဘူးတယ်။ စုံးအတတ်ဟာ...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
၁၉၇၅ ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က အင်မတန်ထူးဆန်းတဲ့ တဘောင်တခုကို ပျဉ်းမနားသူဖြစ်တဲ့ ကျမသူငယ်ချင်းဆီက ကြားခဲ့ရဘူးပါတယ...
-
တကဲ့အနှစ်သာရဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘူး လူအများစုဟာ တကယ်ရိုးသားမှုမရှိဘဲ ရိုးသားယောင်ဆောင်နေတတ်ကြတယ်။ အမျိုးမျိုးဟန်ဆောင...
-
ကုသိနာရာမပြည်တော်အေး ကျောင်းရဲ့ မျက်စောင်းထိုးလောက်မှာရှိနေတဲ့ရွှေမြင်တင်ကျောင်းမုဒ်ဝဖြစ်ပါတယ်။ ဒီကျောင်းမှာ ထူးထူုးခြားခြား မြန်မာနိုင်ငံမ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး