ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (ခ.လ.ရ-၄၇)ကို ပြောင်းရွေ့ လာပါတယ်။ မှတ်မိသလောက်ကတော့ အဲဒီအချိန်မှာ ၈ တန်းအရွယ(၁၉၇၁-၁၉၇၂) ၀န်းကျင်ဖြစ်မှာပါ။ ထောင်မှူးကြီးဟာ ဗန်းမော်ရောက်လာချိန်မှာ ကျန်းမာရေးသိပ်မကောင်းပါဘူး။ သူ့မှာ ရင်ကြပ်တဲ့ရောဂါရှိ ပါတယ်။ ဒါကြောင့် ကျမတို့အကိုကြီး(ဦးလှမြင့်)က ဗန်းမော်မြို့ထဲကနေ ဆေးခန်းပိတ်ချိန်ပြီးရင် မြို့လယ်ကနေ ၃ မိုင်လောက်ဝေးတဲ့ ဗန်းမော်ထောင်ကြီးကို ဂျစ်ကားနဲ့သွားရပါတယ်။ အဖော်အဖြစ်တော့ ကျမတစ်ဦးက ဒိုင်ခံ ပါသွားလေ့ရှိပါတယ်။ တောင်ဂမူကိုပတ်ပြီး ဘေးဘက်က သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ ကားလမ်းကိုဖြတ်သွား ရတာကိုက ကျမအတွက် အရသာတခုခံစားမိစေပါတယ်။ နောက်တခုက ကျမအရွယ်ဟာ ဘာမှ လုပ်ပေးကိုင် ပေးနိုင်တဲ့အရွယ်မဟုတ်ပေမဲ့ ကျမအကိုကြီးတ၀မ်းကွဲဟာ ကျမနဲ့အသက်ကွာတဲ့အတွက် ဖအေလိုဖြစ်နေပြီး သူတခုခုဖြစ်ရင်ဆိုတဲ့ စိုးရိမ်စိတ်လေးတွေနဲ့လိုက်လိုက်သွားတာဖြစ်ပါတယ်။ စာရေးဆရာဆိုတာ ဘယ်လိုလဲလို့ စပ်စုခြင်တာလည်းပါတာပေါ့နော်။ ခလေးတွေးလေး ခလေးအမြင်လေးပေါ့။
ထောင်မှူးအိမ်က ထောင်ထဲမှာ အမြင့်ဆုံးပါဘဲ။ ကျမတို့အောက်ကနေလှမ်းမြင်ရတာ မျော်စင်ကြီးကြီးလိုလို မီးပြတိုက်ကြီးလိုလိုနဲ့ အမြင့်ဆုံးအထပ်ပေါ်က အခန်းမှာ ဆရာတို့မိသားစုနေရပါတယ်။ ဘာလို့ဆို အခန်းကနေ ထောင်ကို အပေါ်စီးကမြင်ရလို့ပါဘဲ။ တနေ့မှာ ဘာဖြစ်တယ်မသိဘူး ဆူပွက်ဆူပွက်ဖြစ်တာလေးနဲ့ ကျမတို့ သွားတဲ့အချိန်နဲ့ ကြုံပါတယ်။ ထောင်မှူးကြီးဟာ ပြူတင်းပေါက်က မတ်တပ်ရပ်ပြီး အောက်ကိုကြည့်နေတယ်။ ဒါနဲ့ ကျမလည်း အော်အဲဒီလိုကြည့်ရတာကိုးလို့စိတ်ထဲမှာ ဖြစ်ပေါ်လာပြီး သူကြည့်သလို ပြူတင်းပေါက်ကို အရပ်မမှီ့တမှီ မမြင်ရ မြင်ရနဲ့ ကြည့်လိုက်တဲ့အခါ အပါးပါး ထောင်သားတွေ တူညီဝတ်စုံတွေနဲ့။ ထမင်းခွက်တွေ ကိုယ်စီကိုင်လို့ ထမင်းယူဘို့ တန်းစီနေတာကို တွေ့ရတယ်။ ဆူဆူညံ့ညံ့ဖြစ်တာကို ထိမ်းသိမ်းတဲ့ တာဝန်ရှိတဲ့ ယူနီဖောင်းနဲ့ ထောင်ဝန်ထမ်းတွေကိုလည်းတွေ့ရတယ်။ ကြောက်တဲ့စိတ်ဟာ အလိုလိုဖြစ်လာတယ်။ ဆရာက ဒါဟာ အပရိကဘဲ ထောင်သားတွေ တိုက်ပိတ်ခံရတဲ့သူတွေ ကြိုးမိန့်ကျတဲ့သူတွေ ဒုက္ခတွေဟာ ပိုကြီးတယ်လို့ ပြောပြပါတယ်။ သူတို့လိုဖြစ်မှာ ကြောက်တယ်ဆိုတဲ့စိတ်ဟာ ကျမ(၈)တန်းအရွယ်နှလုံးသားထဲမှာ သံမှိုရိုက်သလို စွဲသွားတယ်။
နောက်အရွယ်လေးရလာလို့ ဘုရားစာတွေ ဟိုဖတ်ဒီဖတ်ဖတ်တော့မှ၊ ၀ဋ်ကြွေးတွေ၊ ကံ ကံ၏အကျိုး၊ ကံကို ပြုပြင်ပြောင်းလဲနိုင်တဲ့အကြောင်းတွေ၊ စိတ်ရဲ့စွမ်းအားကြီးပုံနဲ့ သတိဟာအဓိကဆိုတာတွေ၊ သမထ အားထုတ်ခြင်း၊ ၀ိပသနာအားထုတ်ခြင်းတွေဟာ ဘာကြောင့်ဆိုတာတွေကို သိလာရပါတယ်။ ထင်သလိုမဖြစ်တဲ့ လောကအကြောင်း၊ ဖြစ်ခြင်သလိုမဖြစ်ရတာတွေ၊ မမျှော်မှန်းထားတဲ့ ကံကြမ္မာဆိုးတွေ၊ ကံကောင်းလိုက်တာ ကံကောင်းလိုက်တာလို့ ချီးကျူးနေဆဲကြားထဲကနေ သေသွားကြတဲ့သူတွေ။ ဘ၀ဇတ်ဆရာဆိုသမျှအလိုကျ ငိုခဲ့ရကျမဘ၀ပါရှင် ဆိုတဲ့ သီချင်းထဲမှာ သူက ငိုယုံငိုတာပါလား။ ငိုတာတဲ့ဆိုးတဲ့ ကံဇတ်ဆရာစေခိုင်းသမျှ မကခြင်လည်းကရ။ ဒီထက်ဆိုးတာတွေပါလားလို့ သံဝေဂရမိပါတယ်။
၁၉၉၆ ခုနှစ်မှာ ကျမသင်ကြားရတဲ့စာတွေမှာ အိုဇုန်းလွှာပေါက်တာတွေပါလာပါပြီ။ Global warming ဆိုတဲ့ ကမ္ဘာကြီးပူနွေးလာတဲ့အတွက် အကျိုးဆက်တွေပါလာပါပြီ။ Air pollution လေထုညစ်ညမ်းမှုဟာလည်း နယ်စည်းမခြားပါဘူး။ သူတို့နိုင်ငံမှာဖြစ်နေတာ ငါတို့နိုင်ငံမှာနဲ့မဆိုင်ဘူးလို့ပြောမရတော့ဘူး။ သူတို့လေထု ညစ်ညမ်းမှုဟာ open space ဆိုတဲ့အာကာသကို ဖြတ်ကျော်ပြီး ကူးလာမှာကို မိမိလည်းမမြင်နိုင်ပါဘူး။ တချို့နိုင်ငံတွေမှာ မြို့အစွန်ရောက်တာနဲ့ အနံတွေလာ နှာခေါင်းဝကိုလာတိုးဝှေ့ပါတော့တယ်။ ဒါတွေဟာ ဘာတွေလည်းဆိုရင် ပိုးသတ်ဆေးစက်ရုံ၊ စက်ရုံပေါင်းစုံကလာတဲ့အနံတွေပါ။ လူသားတွေရဲ့ အသက်ကို အမှည့်ချွေချွေနေတဲ့ လက်နက်ပုန်းတွေပါ။ ဟင်းသီးဟင်းရွက်တွေ သိပ်လှပပေမဲ့ လှပတဲ့နောက်ကွယ်မှာ ပြည်ဖုံးကား ချထားတဲ့ ဟော်မုန်းတွေဖြန်းတာ အသီးအနှံတွေထဲ ဆေးထိုးတာ။ ပိုးသတ်ဆေးတွေ အလွန်သုံးထားလို့ ပိုးစား လောက်ကိုက်တွေကို မမြင်ရတာ။ ဒါတွေကို ကျမတို့က သေချာမသိတော့ သဘောကျနေတယ်။
ကျမတို့ရဲ့အသက်တမ်းဟာ တဖြေးဖြေးနဲ့အချွေခံနေရတာပါ။ သိပ္ပံညာတိုးတက်ခြင်းကြောင့် ကောင်းကျိုးရှိ သလို နောက်ဆက်တွဲဆိုးကျိုးတွေဟာအများကြီးပါ။ အထူးသဖြင့် လူ့သက်တမ်းကို တဖြေးဖြေးထိခိုက်စေမဲ့ လက်နက်ပုန်းတွေကို ကျမတို့က မမြင်နိုင်ပါဘူး။ ဒီလက်နက်ပုန်းတွေဟာ ကျမတို့ကို တရုပ်ကားတွေထဲကလို့ တမြေ့မြေ့နဲ့ သတ်မဲ့ အဆိပ်တွေဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် ဘာမှပုံမပျက်ပေမဲ့ အတွင်းကလိဇာတွေကို တဖြေးဖြေးစားမဲ့လက်နက်ပုန်းတွေပါ။ ဒါတွေကိုကျမတို့လွတ်အောင်ရှောင်နိုင်တဲ့အခြေအနေ မပေးပါဘူး။
ဗုဒ္ဓာဘာသာတွေမှာ ဘာလူမျိုးဖြစ်နေပါစေ တကယ့် reality ဆိုတဲ့ အစစ်အမှန်ရှိပါတယ်။ မြတ်စွာဘုရားရဲ့ မသေဆေး ခေါ်တဲ့ နိဗ္ဗာန်ပါဘဲ။ သုညတာဆိုတဲ့နိဗ္ဗာန်ကိုသွားဘို့တော့ အချိန်မရှိသေးဘူးလို့ အမြဲတမ်း အကြောင်းပြကြတယ်။ ကျမလည်း ဒီစာရင်းထဲမှာ တဦးအပါအ၀င်ပါ။ ကျမတို့ရဲ့ ဆရာတော်ကြီးများကတော့ အဲဒီစကားပြောမိတိုင်း (နင်တို့အချိန်မရှိဘူးပြောတဲ့ကြားက သေသွားကြတာချည်းမဟုတ်လား) လို့ ပြန်အမေးခံ ခဲ့ရတာပါဘဲရှင်။ တကယ်တော့ မြတ်စွာဘုရားတရားတွေထဲက အမြတ်ဆုံးတရားဟာ ကျမတို့ ဘ၀ထဲအထိ ၀င်ရောက်ဘို့လိုအပ်ပါတယ်။ ကျမတို့မှာ အန္တရာယ်တွေက တနှစ်ထက်တနှစ် ၀ိုင်းဝိုင်းလည်နေပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေဟာ ဟိုက၀ါးမြိုလိုက် ဒီဘက်ကလိုက်ဝါးမြိုလိုက်။ သိပ`္ပံပညာရှင်တွေကလည်း လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားလိုက်။ သူတို့လွတ်မြောက်မှုထက် စိတ်ချရတာက နိဗ`္ဗာန်ချမ်းသာဆိုတာ ဗုဒ`္ဓဘာသာတော်တော်များများသိပါတယ်။ ဒါကြောင့် ………….. မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ သဒ`္ဓါတရားတော့ တကယ်ကောင်းတယ်တဲ့။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ အဖိုးတွေ အဖွားတွေ လူတွေသေခဲ့တာလည်း အများကြီးမြင်ခဲ့ပါရဲ့ သိုးတွေလို လည်စင်းခံနေသတဲ့ လို့ ဥပမာပြပြီး သာဝကများကို ဆုံးမ တော်မူခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှအားထုတ်ထားဘို့လိုတယ်နော်။ အထက်တက်မှာလား အောက်ဆင်းမှာလားဗျ။ တောင်ငူဆိုတော့ အထွဋ်အထိပ်မဟုတ်လား။ ခင်ဗျားတို့ အထွဋ်အထိပ်ရောက်ရဲ့လားဗျာဟုမေးတော်မူတယ်။ သာဝကများက ကြိုးစားမှာပါဘုရားတဲ့။ ကြိုးစားမှာပါဘုရား။ ကြိုးစားမှာပါဘုရားနဲ့ ဘယ်နှစ်နှစ်ရှိပြီတုံး။
ကျမကော ကြိုးစားမှာပါဘုရားနဲ့ ဘယ်နှစ်နှစ်ရှိနေပြီလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။ နှလုံးသားသည် စေတီထိုက်မှသာ ကျမတို့ဘ၀စိတ်ချရမည်ဖြစ်ပါတယ်။ တရားမြင်မှ ဘုရားမြင်မည်ကို သိငြားသော်လည်း မိုက်မဲမိပါသည်ဘုရားဟု….. အောက်တော့မဆင်းလိုပါ။ ဒီဘ၀ရဘို့ ဘယ်လောက်ဘ၀တွေများရင်းလာရသလဲ လို့ ခန့်မှန်းမိလို့ပါဘုရား ဟုသာ…လျောက်ထားလိုပါတော့သည်ဘုရား။
ဆရာတော်ဘုရားကြီးများနှင့်သံဃာကောင်းသံဃာမြတ်တို့အား ရိုသေလေးမြတ်စွာ ဦးညွတ်ကန်တော့လျက်၊
ကျန်းမာချမ်းသာကြပါစေ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး