Tuesday, July 23, 2013

လက်လုပ်တောင် သံဃာတော်များ တရားစခန်းမှ ပုံရိပ်များ

၁၄၄ ပါးသောသံဃာများနှင့် ဗောဓိရိပ်ငြိမ်ဆရာတော် အရှင်က္ကုန္ဒာစ၇ိယ၊ လက်လုပ်တောင်ဆရာတော်၊ ဗောဓိရိပ်ငြိမ်မှ သံဃာတော်များအပါအ၀င်အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ (သက်စွန့်ဆံဖျား ပလပ်စတိတ်ခုံပေါ်က တက်ရိုက်ထားတဲ့ပုံပါ)



ကျမကြိုက်နှစ်သက်တဲ့ပုံလေးတပုံပါ။ ယောဂီအဖြစ်(၄)ကြိမ် လက်လုပ်တောင်ကျောင်းမှာ တရားထိုင်ခဲ့လို့ ပွဲအစမှအဆုံး ဝေယျဝစ္စလုပ်ကိုင်ပေးပြီး ပူဇော်သွားတဲ့ အမေ၀င်းဖြစ်ပါတယ်။ အသက်(၇၀)ရှိပေမဲ့ ကျမတို့ထက် အင်မတန် ဖြတ်လတ်သွက်လက်တဲ့ အမေပါ။ ကျောသားရင်သားမခွဲတတ်တဲ့ ဗောဓိရိပ်ငြိမ်ဆရာ့တော် မေတ္တာကိုလည်း ဒီပုံမှာမြင်တွေ့နိုင်ပါတယ်။ ဒါဟာ မြင့်မြတ်သော သူတော်ကောင်းတို့၏ နှလုံးသားပုံရိပ်ဖြစ်ပါတယ်။
ဗောဓိရိပ်ငြိမ်ဆရာတော်လေးအား ဒကာဒကာမများမှ ဆွမ်းလောင်းလှူနေစဉ်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရဟန်းဒကာတစ်ဦးဖြစ်ခဲ့သော ဒေါက်တာမြသွင်+ဒေါ်ခင်ခင်ဆွေ(သွင်ကြီး၊ ဆွေကြီး)တို့၏ သမီး ဝေသွင်ချိုသည် မိဘများခြေရာအတိုင်း သာသနာတော်အထောက်အပံ့ အမွေဆက်ခံသောအားဖြင့် ဆွမ်းလာလောင်းစဉ်။ (ဘေးမှ ကျမကတော့ မီးဖိုချောင်ထဲက ထွက်လာတဲ့ပုံဖြစ်ပါတယ်)

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts