Saturday, June 29, 2013

အင်တာနက် ဒုက္ခ ကြားမှ အေးငြိမ်းချမ်းသာ ဓမ္မဒေသနာ

ပို့စ်တင်မယ်ကြံလိုက်တိုင်း အင်တာနက် သွားတာ အင်မတန်လေးတဲ့အတွက် စိတ်ပျက်ခြင်းများစွာဖြစ်မိပါတယ်။ သန်းခေါင်ယံလည်း မကောင်း၊ နေ့ခင်းလည်းမကောင်း ဘယ်တော့များမှ ပြန်ပြီး အမြန်နှုန်းတက်လာပါ့မလဲလို့၊ အပိုဒုက္ခရင်ဆိုင်နေရသလို ဖြစ်နေပါတယ်။ အထူးသဖြင့် အင်မတန်မှ နှေးတဲ့အတွက် မိမိရဲ့ ငွေကဒ်ထဲက ငွေတွေကို နှေးသလို စားစားသွားတာကတော့ စိတ်နည်းနည်းမကောင်းစရာပါဘဲ။ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲအတွက် ဖဲ ပြင်ဆင်နေကြလို့လားပေါ့။ ဒီတော့ ပို့စ်မတင်ဘဲ တရားထိုင်လိုက် ပုတီးစိပ်လိုက် စာဖတ်လိုက် တရားနားထောင်လိုက်လုပ်မိပါတယ်။
ဒီနေ့ ပါမောက္ခချုပ် ဦးနန္ဒမာလာဘိဝံသရဲ့ တရားတွေနာကြားတဲ့အခါ

အသံအားဖြင့်ထွက်ပြီး စကားအနေနဲ့ မထုတ်ပြောပေမဲ့ ရင်ထဲမှာ မကျေနပ်လို့ဖြစ်နေတဲ့ အကုသိုလ်ကို သိအောင်လုပ်ဖို့ ဆုံးမထားပါတယ်။

တဘ၀စာ တနပ်စာနဲ့ ကြေနပ်ပြီး တဘ၀စာ တနပ်စာအတွက်တွေလုပ်နေရလို့ အပယ်ကိုဆင်းသွားမယ် ဆိုရင် ရရှိထားတဲ့ဘ၀လေးဟာ မတန်တော့ပါဘူးတဲ့ရှင်။

ဒေါသတွေထွက်လာရင် ငါကိုဘာထင်တုံး ငါကဘယ်လိုနဲ့ ကိုယ်ဒေါသကို အမွန်းတင်ပြီး မွေးမြူထားကြပါတယ်တဲ့။

လူ့ပြည်မှာ ပိုက်ဆံတွေပေါလာရင် မြေကွက်တွေကို လုပြီးဝယ်နေကြတယ် ငရဲပြည်ကမြေတွေကိုတော့ ဘယ်သူ့ကမှ လုမ၀ယ်ကြဘူးတဲ့နော်။

ဆ၇ာတော်က ရဟန်းတော်များကို စာတတ်လာရင် ငါလောက်တတ်တာ တော်တာ ငါ့လောက်သိတာမရှိဘူး။ ငါသာအတတ် ငါသာအသိလို့ မာန်မာနတွေမှောက်လာတတ်ပါတယ်တဲ့။ မာနကြောင့် အကုသိုလ်ဖြစ်ပြီး မာန်တအားတက်လာရင် အပယ်သွားတတ်တာမို့ ဆင်ခြင်ဥာဏ်ရှိတဲ့ သူကသာ ပညာတတ်လဲ - ပညာတတ်သလောက်မာန်မတက်ပါဘူးတဲ့ရှင်။

နောက်ဆုံးမှတ်သားစရာလေး တခုကတော့ တိပိတကဋ် အစွယ်ထောင် အပယ်ဘောင်ဆင်းဘို့လေး လို့ လယ်တီဆရာတော်ဘုရားကြီးက စာချိုးသွားတဲ့အကြောင်းလေးကို ဟောပြောသွားပါတယ်။
အင်တာနက်ဒုက္ခကတော့ ဘယ်တော့လွတ်ပါ့မလဲ မသိ။ အရင်က ဒီလိုလုံးဝမဖြစ်ပါဘူး။ အခုတလလောက် မှာတင် ဖတ်မ၇ ပြုမရ အော်ဒုက္ခ ဖြစ်လာပါတယ်။ ပို့စ်တင်ဘို့ဆိုတာတော့ ဝေးစွပါဘဲရှင်။
ဒါကြောင့် ကျမလည်း ကျမတရားနာထားတဲ့အထဲက မှတ်သားစရာလေးလောက်တင်လိုက်ပါတယ်ရှင်။
မြန်မာစံတော်ချိန် ည(၇း၃၀)ပြီမို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ မေတ္တာကို ခံယူလိုက်ပါဦးမယ်ရှင်။
ပရိယတ္တ ပရိပတ် နှစ်ဖြာသော မြတ်စွာဘုရားသာသနာတော်ကို သယ်ဆောင်လာကြသော ဆ၇ာတော် သံဃာတော်များ၊ ကိုရင်လေးမှ အစ အားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ၍ မကောင်းသော မိစ္ဆာများ၏ တိုက်ခိုက်ခံရခြင်းမှ ကင်းဝေးကြပါစေ။ ကျန်းမာချမ်းသာကြပါစေ။
သာသနာတော်အကျိုးလိုလားကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့သည်လည်းကျန်းမာချမ်းသာကြပါစေရှင်။

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး