Monday, April 29, 2013

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုံတော်များ








ကျမသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုံတော်များကို ဘလော့ပေါ်တင်ရသည့်အခါ တခါတရံစိတ်တိုင်းမကျ ဖြစ်မိပါသည်။ ဥပမာ- အခွေမှ ဓာတ်ပုံတဆင့် ပြန်ရိုက်ရခြင်း၊ တခါတရံ အများတင်ထားသောပုံကို အသုံးပြုရခြင်း။ တချို့ပုံများကို စာအုပ်ထဲမှ ပြန်ဓာတ်ပုံရိုက်ယူရခြင်း စသည်များကို ကြုံတွေ့ခဲ့ပါသည်။ တရက်သော် ကျမ၏ဓမ္ဓမိတ်ဆွေ အမကြီးဒေါ်အမာကြူ မှ သုတ္တန်တရားတော်၊ တိပိဋကများ ရွတ်ဆိုထားတာ ရှိလျင်မျှပါဟုဖုန်းဆက်လာပါသည်။ ထိုအခါ ကျမသည် အမကြီးအား ဦးထွန်းမြင့် ဒေါ်မြင့်မြင့်ကြည်တို့ထံမှ ဆရာတော်ဘုရားကြီး၏ ပုံများ ကျမဘလော့တွင်တင်သည့်အခါ အသုံးပြုလို၍ တောင်းခံပေးစေလိုပါကြောင်း ပြောမိပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အမကြီးသည် သူရန်ကုန်သွားမည်ဖြစ်ပြီး ဥေယျဓမ်စာပေပိုင်ရှင် ဦးထွန်းမြင့်+ဒေါ်မြင့်မြင့်ကြည်တို့နှင့်လည်း တွေ့မည်ဖြစ်ကြောင်းပြောကြားပါသည်။



ကျမလည်းအတော်ဝမ်းသာသွားပါသည်။ ယနေ့သော် အမကြီး၏ တူမများသည် အိမ်သို့ အခွေလာ ပို့ရာ အခွေထဲတွင် ပုံပေါင်းများစွာပါလာပါသည်။ ဦးသွေးချွန်၏ ဆောင်းပါးထဲမှ အချို့ပုံများပါ ပါလာပါ သည်။ အထူးသဖြင့် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိထဲမှ  ပုံများများပါသည်။ ကျမသည် ဆရာတော်ဘုရားကြီးအား ကြည်ညိုသောသာဝကများ ဝေနေယျများအတွက် တင်ပေးမည်ဖြစ်ပါကြောင်း နှင့် ဆရာတော်ဘုရားကြီး၏ ပုံတော်များအား ကျမအား မေတ္တာဖြင့် ဘလော့ပေါ်တင်နိုင်ရန် ဓမ္မဒါနပြုလိုက်ပါသော ဥေယျဓမ်စာပေ (ရန်ကုန်)မှ ဦးထွန်းမြင့်နှင့် ဒေါ်မြင့်မြင့်ကြည်တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း

မှတ်တမ်းတင်-သာဓု သာဓု သာဓုခေါ်အပ်ပါသည်ရှင်။

ဓမ္မသာလာ

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး